တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေ (Apartment Law) အတည်ပြုပြဌာန်းနိုင်ရေး လာမည့် အစိုးရသက်တမ်းတွင် ဆက်လက်ကြိုးပမ်းမည် - Property News in Myanmar from iMyanmarHouse.com
967 Views

တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေ (Apartment Law) အတည်ပြုပြဌာန်းနိုင်ရေး လာမည့် အစိုးရသက်တမ်းတွင် ဆက်လက်ကြိုးပမ်းမည်

[Unicode]

အိမ်ရှင်၊ အိမ်ဌား ၊ မြေယာပိုင်ရှင်မှု ပြဿနာများနှင့် ဆောက်လုပ်ရေးဈေးကွက်နှေးကွေးမှုများအား ဖြေ ရှင်းပေးနိုင်မည့် တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေ(Apartment Law) အား အတည်ပြု ပြဌာန်းနိုင် ရေးအတွက် လာမည့်အစိုးရ သက်တမ်းတွင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဥပဒေက ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ဆွေးနွေးနိုင်ခြင်းမရှိဘဲ လွှတ်တော်သက်တမ်း ကုန်ဆုံး သွားတယ်၊ အခုလာမယ့် နောက်အစိုးရသက်တမ်းမှာတော့ Apartment Law အတည်ပြုနိုင်ရေးအတွက် ဆက်လက်ပြီး ကြိုးစားပြီးတော့ အကောင် အထည်ဖော်သွားမှာပါ “ဟု မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့် ကပြောဆိုသည်။

အိမ်ရာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် တိုက်ခန်းဆိုင်ရာအဆောက်အအုံဥပဒေ (Apartment Law ) ထွက်ရှိခြင်းဖြင့် အခန်းပိုင်ဆိုင်သူများမှ တရားဝင်စာချုပ်စာတမ်းဖြင့် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး အခန်း ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ အခန်းအား တရားဝင်လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံခွင့်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်လှေကားပါရုံဖြင့် ကွန်ဒိုဟု သတ်မှတ်နိုင်မည်မဟုတ်ဘဲ တိုက်ခန်း၊ ကွန်ဒို သီးခြားစီ စံနှုန်းသတ်မှတ်ချက်ဖြင့် ထွက်ပေါ်လာဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက် ရေးအသင်းမှ သိရသည်။

ယင်း ဥပဒေထွက် ပေါ်လာပါ က ရပ်တန့်နေသည့် ဆောက်လုပ်ရေးဈေးကွက် ပြန်လည်ကောင်းမွန်လာဖွယ်ရှိနေပြီး အခန်းပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဥပဒေ ကြောင်း အရ ခိုင်မာစေရေး၊ စနစ်တကျဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရသစ်အား ဖေဖော်ဝါရီလတွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး တတိယအကြိမ် ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးကိုမှု ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌတို့မှ ခေါ်ယူထားကြောင်း သိရ သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]










Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service