မြေနဲ့အိမ် အရောင်းအဝယ်လုပ်ရင် အရောင်းမြေပုံရမှ ကျန်ငွေပေးချေးပါ - Property Knowledge in Myanmar from iMyanmarHouse.com
3531 Views

မြေနဲ့အိမ် အရောင်းအဝယ်လုပ်ရင် အရောင်းမြေပုံရမှ ကျန်ငွေပေးချေးပါ

Knowledge | Posted by Zarni Kyaw

[Unicode] 

ယခုနှစ်နှောင်းပိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ်တွေ အေးသွားတဲ့အခါ မြို့ကွက်သစ်တွေမှာ ဝယ်မယ့်သူမရှိသလောက်ပါပဲ ။ အဲဒါကြောင့်မို့ ထင်ပါရဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာလည်း ပါမစ်မြေကွက်တွေ ဈေးနှုန်းလျော့ပြီးရောင်းတဲ့ ကြောြ်ငာတွေတွေ့နေရပါတယ် ။ ဈေးနှုန်းသက်သာလို့ စုံစမ်းတဲ့သူတွေရှိပေမယ့် ရောင်းမယ့်မြေကွက်တွေက လူနေရပ်ကွက် မဟုတ်ဘဲ ရွာအပြင်က မြေကွက်တွေ ဖြစ်နေတာကြောင့် ဝယ်မယ့်သူက ကြက်ပျောက်၊ ငှက်ပျောက်သလို ပျောက်သွားကြပါတယ် ။

အခြေချနေလိုသူတွေရပ်ကွက် သန့်သန့်လေ့လာနေ

ဒီလိုဖြစ်ခြင်းတွေရဲ့ အကြောင်းရင်းတွေကို လေ့လာစုံးစမ်းကြည့်တဲ့အခါ မြေကွက်လိုချင်တဲ့ သူတွေက အမှန်တကယ် အခြေချနေထိုင်တဲ့ သူတွေဖြစ်နေတာကို တွေ့ရပါတယ် ။ အခြေချနေထိုင်မယ်ဆိုကတည်းက ရပ်ကွက် သန့်မသန့် ကိုလေ့လာကြည့်တယ် ။နေထိုင်မယ့်လမ်းတွင် နေထိုင်သူများအေးချမ်းရဲ့လား ၊ အပြန်အလှန်ကူညီရိုင်းပင်တဲ့ စိတ်ဓာတ်ကောရှိရဲ့လား ၊ ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေကောပေါများရဲ့လား စသည်ဖြင့် စုံစမ်းကြသူများပါတယ် ။

ရပ်ကွက်အတွင်းက မြေကွက် ၊ အမည်ပေါက်တွေအဝေးရောက်နေတာခက်

အဲဒီလို လိုချင်တဲ့ အဂါၤရပ်တွေ မပြည့်စုံသော်ငြာလည်း အများအားဖြင့် အေးချမ်းသာယာတဲ့လမ်းဆိုရင် ဝယ်ယူနေထိုင်ချင်ကြသူတွေပေါများပါတယ် ။ဒီလို ရွေးချယ်ဝယ်ယူပြီဆိုကတည်းက တွေ့ရတဲ့ မြေကွက်နဲ့အိမ်တွေက ရှင်းရှင်းလင်းလင်းဝယ်ယူလက်ခံရရှိတယ်ဆိုတာ အလွန်နည်းပါတယ် ။အနည်းနဲ့အများတော့ ပြဿနာတွေဖြေရှင်းပြီး ဝယ်ရတာမျိုးရှိတတ်ပါတယ် ။ ယခု ဝယ်ယူနေထိုင်ချင်တဲ့မြို့နယ်က လွန်ခဲ့တဲ့ အနှစ် ၃၀ ဝန်းကျင်ကတည်ထားတဲ့ ရပ်ကွက် မျိုးဖြစ်နေမယ်ဆိုရင်တော့ မူလအမည်ပေါက်နဲ့ နေထိုင်သူတွေ နည်းပါတယ် ။တစ်ဆင့် ပြီးတစ်ဆင့် ရောင်းသွားတတ်ကြပါတယ် ။ တချို့ မြေကွက်အမည်ပေါက်တွေကျတော့လည်း သေသွားတာတွေ ၊ နယ်ပြောင်းသွားတာတွေလည်းရှိတတ်ကြပါတယ် ။ ဒါက လူစည်ကားတဲ့ ရပ်ကွက်တွေမှာဝယ်ရင် မကြာခဏတွေ့ရတတ်တဲ့ အခြေအနေတွေပါ ။

ဂရန်ဝယ်ရင် အဆင့်တွေများတယ် ၊ ပါမစ်ဝယ်ရင် အတုနဲ့မတိုးမိဖို့ သတိထားရတယ်

ဘယ်လိုပဲဖြစ်ဖြစ် ရောင်းသူဝယ်သူနှစ်ဘက်စလုံးအဆင်ပြေရင် စရန်ငွေပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာ မှတ်ပုံတင် အရောင်းအဝယ်စာချျုပ်ချုပ်ဖို့ ရက်ချိန်းကြရတယ် ။ဝယ်သူက လည်း ရှေ့နေငှါးပြီး ကန့်ကွက်ရန်ရှိ ၊ မရှိ သတက်းစာမှာ ကြော်ငြာရတယ် ။ ကန့်ကွက်ချက်ကင်းမှ နောက်ကျန်တဲ့ငွေကို ပေးချေရတာလေ ။ဝယ်ယူတဲ့ မြေကွက်က ပါမစ်မြေကွက်ဖြစ်ရင် အခက်အခဲသိပ်မရှိပါဘူး ။ပါမစ် မြေကွက်ရဲ့ သဘောက ပါမစ်မူရင်းနဲ့ အရောင်းအဝယ်စာချုပ်အဆက်အစပ် မူရင်းတွေနဲ့ တင်ပြည့်စုံပါတယ် ။

ဂရန် မြေနဲ့ ဘိုးဘွာပိုင်မြေဝယ်ရင် မြို့တော်စည်ပင်နဲ့ ကင်းလို့မရပေ

တကယ်လို့များ မိမိဝယ်တဲ့ မြေကွက်က အနှစ် (၆၀) ဂရန်မြေဖြစ်နေမယ် ၊ ဘိုးဘွားပိုင်မြေဖြစ်နေမယ်ဆိုရင်တော့ ရောင်းသူနဲ့ ဝယ်သူမှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်နိုင်ဖို့ အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနမှာ “ အရောင်းမြေပုံ ” ကူးရပါတယ် ။

မြေအမည်ပေါက်သူအသက်ထင်ရှားရှိ ၊ အရောင်းမြေပုံကူးရတာအခက်အခဲမရှိ

အရောင်းမြေပုံကူတဲ့အခါမှာလည်း ဂရန်အမည်ပေါက်သူဒါမှမဟုတ် ဘိုးဘွားပိုင်မြေအမည်ပေါက်သူ ကိုယ်တိုင် အသက်ထင်ရှားရှိရင်ပိုကောင်းပါတယ် ။ အမည်ပေါက်ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးရင် ၊ သတင်းစာကြော်ငြာစရာမလိုဘူး ။ဒါဆိုရင် သတင်းစာကြော်ငြားစရိတ်နဲ့ ခုနှစ်ရက်စောင့်ရတဲ့ အချိန်ကုန်သက်သာလာမယ် ။သုံးပတ်လောက်နဲ့ အရောင်းမြေပုံကို ထုတ်ယူနိုင်ပါတယ် ။ဒါဆိုရင် အခွန်ရုံးမှာ ကာလတန်ဖိုးဖြတ်ပေးဖို့ တင်ရတဲ့အချိန်တွေပိုလာမယ် ။မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ရတာ ပိုမြန်သွားနိုင်ပါတယ် ။ဒီလိုမြန်ဖို့ဆိုတာ မြေအမည်ပေါက် မှန်ကန်ဖို့လိုပါသေးတယ် ။

မြို့တော်ခန်းမကို ခဏခဏသွားချင်ရင် အရောင်းမြေပုံကူးကြည့်ပါ

အဲဒီလိုမဟုတ်ဘဲ ရန်ကုန်မြို့တော်စည်ပင် ၊ မြို့မြေစာရင်းမှာ အမည်ပေါက်သူရဲ့ အမည်လွဲမှားတာတို့ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်မဟုတ်ဘဲ ။အမျိုးသားမှတ်ပုံတင် နံပါတ် (၁)ဥပမာ-S/OKA…000002 ရေးမှတ်ထားတာတို့ ဖြစ်ရင်တော့ စည်ပင်မြေစီမံဌာနကို ချောင်းပေါက်မတတ်သွားရပြီသာမှတ် ။ဘာကြောင့်လည်းဆိုတော့ ‘ အစမကောင်းလို့ အနှောင်းမသေချာ ’ ခဲ့လို့ပါပဲ ။

အနှစ် (၆၀) ဂရန်ထုတ်ပေးစဉ်အခါက သေချာအောင် စစ်ခြင်းမရှိခဲ့တဲ့လူနာမည်ရေးသွင်းရာမှာ (ဥပမာ။ ။ ဦးကျင်သိန်းလို့ ရေးရမယ့်အစား ဦးကြင်သိန်း လို့ ယပင့်နဲ့ယရစ်လွဲပြီးရေးမှတ်ခဲ့တာမျိုးတွေရှိခဲ့တယ် ။) အဲဒီလိုပေါ့လျော့တဲ့ အမှားတစ်ခုက အခုလိုအရောင်းအဝယ်စာချုပ်ချုပ်ဖို့ “အရောင်းမြေပုံ” ကူတဲ့အခါမှာ အဟန့်အတားဖြစ်တော့တာပဲ ။ “ ကျင်” လို့ရေးရမယ့်အစား “ ကြင်” လို့ မှားယွင်းရေးမိပါတယ်လို့ “ရှင်းလင်းချက် ”ရေးတင်ကြရတယ် ။ဒါနဲ့တင် မလုံလောက်ဘူးဆိုရင် “ ကျမ်းကျိန် ” တင်ပြပေးရသေးတယ်။သူတို့ဌာနက အမှားက ဂရန်အမည်ပေါက်သူရဲ့ အမှားဖြစ်သွားတယ် ။ဒါက မဖြစ်သင့်တဲ့ ကိစ္စတွေပါ ။

ဒီလို “ကျင်” နဲ့ “ကြင် ”ရေးမှတ်ခဲ့တဲ့ အမှားကို အမှန်ပြင်တဲ့အခါ တစ်လနဲ့ အရောင်းမြေပုံထုတ်ယူရမယ့်အစားနှစ်လကြာသွားကြရတယ် ။သတ်မှတ်တဲ့ ရက်မှာ မြေပုံ ထုတ်ယူရမယ့်အစားနောက်တစ်လကုန်မှ ထုတ်ယူနိုင်တဲ့အခါ မြေကွက်အရောင်းအဝယ်လုပ်သူတွေ စကားများရန်ဖြစ်ရတဲ့အထိ ဖြစ်ကုန်ပါလေရော ။ဒါကြောင့် လူစည်ကားတဲ့ ရပ်ကွက်ထဲမှာ မြေကွက်နှင့်အိမ်ကိုဝယ်မယ့်သူ ၊ ရောင်းမယ့်သူများကို အကြံပေးပါရစေ ။

ရောင်းသူအနေနဲ့ စရန်ငွေထုတ်ယူပြီးနောက် တစ်လမှာ “အရောင်းမြေပုံ ” ထုတ်ပေးမယ်လို့ အာမခံကြပါနဲ့ ။စည်ပင်မြေယာဌာနမှာ မမြင်နိုင်တဲ့ အခက်အခဲတွေရှိတတ်ပါတယ် ။ဒါကြောင့် “ အရောင်းမြေပုံ” ရတဲ့နေ့မှာ ကျန်ငွေကို ပေးချေပါလို့ နှစ်ဦးသဘောတူညီချက်ရယူထားရန်လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ် ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

[Zawgyi]

ေျမနဲ႕အိမ္ အေရာင္းအဝယ္လုပ္ရင္ အေရာင္းေျမပံုရမွ က်န္ေငြေပးေခ်းပါ

ယခုနွစ္ေနွာင္းပိုင္းတြင္ အိမ္ျခံေျမအေရာင္းအဝယ္ေတြ ေအးသြားတဲ့အခါ ျမိဳ႕ကြက္သစ္ေတြမွာ ဝယ္မယ့္သူမရွိသေလာက္ပါပဲ ။ အဲဒါေၾကာင့္မို႕ ထင္ပါရဲ႕ ေန႕စဥ္ထုတ္သတင္းစာေတြမွာလည္း ပါမစ္ေျမကြက္ေတြ ေဈးနႈန္းေလ်ာ့ျပီးေရာင္းတဲ့ ေၾကာျ္ငာေတြေတြ႕ေနရပါတယ္ ။ ေဈးႏႈန္းသက္သာလို႕ စံုစမ္းတဲ့သူေတြရွိေပမယ့္ ေရာင္းမယ့္ေျမကြက္ေတြက လူေနရပ္ကြက္ မဟုတ္ဘဲ ရြာအျပင္က ေျမကြက္ေတြ ျဖစ္ေနတာေၾကာင့္ ဝယ္မယ့္သူက ၾကက္ေပ်ာက္၊ ငွက္ေပ်ာက္သလို ေပ်ာက္သြားၾကပါတယ္ ။

အေျခခ်ေနလိုသူေတြရပ္ကြက္ သန္႕သန္႕ေလ့လာေန

ဒီလိုျဖစ္ျခင္းေတြရဲ႕ အေၾကာင္းရင္းေတြကို ေလ့လာစံုးစမ္းၾကည့္တဲ့အခါ ေျမကြက္လိုခ်င္တဲ့ သူေတြက အမွန္တကယ္ အေျခခ်ေနထိုင္တဲ့ သူေတြျဖစ္ေနတာကို ေတြ႕ရပါတယ္ ။ အေျခခ်ေနထိုင္မယ္ဆိုကတည္းက ရပ္ကြက္ သန္႕မသန္႕ ကိုေလ့လာၾကည့္တယ္ ။ေနထိုင္မယ့္လမ္းတြင္ ေနထို္င္သူမ်ားေအးခ်မ္းရဲ႕လား ၊ အျပန္အလွန္ကူညီရုိင္းပင္တဲ့ စိတ္ဓာတ္ေကာရွိရဲ႕လား ၊ ဘာသာတရားကိုင္းရႈိင္းတဲ့သူေတြေကာေပါမ်ားရဲ႕လား စသည္ျဖင့္ စံုစမ္းၾကသူမ်ားပါတယ္ ။

ရပ္ကြက္အတြင္းက ေျမကြက္ ၊ အမည္ေပါက္ေတြအေဝးေရာက္ေနတာခက္

အဲဒီလို လိုခ်င္တဲ့ အဂါၤရပ္ေတြ မျပည့္စံုေသာ္ျငာလည္း အမ်ားအားျဖင့္ ေအးခ်မ္းသာယာတဲ့လမ္းဆိုရင္ ဝယ္ယူေနထိုင္ခ်င္ၾကသူေတြေပါမ်ားပါတယ္ ။ဒီလို ေရြးခ်ယ္ဝယ္ယူျပီဆိုကတည္းက ေတြ႕ရတဲ့ ေျမကြက္နဲ႕အိမ္ေတြက ရွင္းရွင္းလင္းလင္းဝယ္ယူလက္ခံရရွိတယ္ဆိုတာ အလြန္နည္းပါတယ္ ။အနည္းနဲ႕အမ်ားေတာ့ ျပႆနာေတြေျဖရွင္းျပီး ဝယ္ရတာမ်ိဳးရွိတတ္ပါတယ္ ။ ယခု ဝယ္ယူေနထိုင္ခ်င္တဲ့ျမိဳ႕နယ္က လြန္ခဲ့တဲ့ အနွစ္ ၃၀ ဝန္းက်င္ကတည္ထားတဲ့ ရပ္ကြက္ မ်ိဳးျဖစ္ေနမယ္ဆိုရင္ေတာ့ မူလအမည္ေပါက္နဲ႕ ေနထိုင္သူေတြ နည္းပါတယ္ ။တစ္ဆင့္ ျပီးတစ္ဆင့္ ေရာင္းသြားတတ္ၾကပါတယ္ ။ တခ်ိဳ႕ ေျမကြက္အမည္ေပါက္ေတြက်ေတာ့လည္း ေသသြားတာေတြ ၊ နယ္ေျပာင္းသြားတာေတြလည္းရွိတတ္ၾကပါတယ္ ။ ဒါက လူစည္ကားတဲ့ ရပ္ကြက္ေတြမွာဝယ္ရင္ မၾကာခဏေတြ႕ရတတ္တဲ့ အေျခအေနေတြပါ ။

ဂရန္ဝယ္ရင္ အဆင့္ေတြမ်ားတယ္ ၊ ပါမစ္ဝယ္ရင္ အတုနဲ႕မတိုးမိဖို႕ သတိထားရတယ္

ဘယ္လိုပဲျဖစ္ျဖစ္ ေရာင္းသူဝယ္သူနွစ္ဘက္စလံုးအဆင္ေျပရင္ စရန္ေငြေပးလိုက္ျပီးတဲ့ေနာက္ပိုင္းမွာ မွတ္ပံုတင္ အေရာင္းအဝယ္စာခ််ဳပ္ခ်ဳပ္ဖို႕ ရက္ခ်ိန္းၾကရတယ္ ။ဝယ္သူက လည္း ေရွ႕ေနငွါးျပီး ကန္႕ကြက္ရန္ရွိ ၊ မရွိ သတက္းစာမွာ ေၾကာ္ျငာရတယ္ ။ ကန္႕ကြက္ခ်က္ကင္းမွ ေနာက္က်န္တဲ့ေငြကို ေပးေခ်ရတာေလ ။ဝယ္ယူတဲ့ ေျမကြက္က ပါမစ္ေျမကြက္ျဖစ္ရင္ အခက္အခဲသိပ္မရွိ္ပါဘူး ။ပါမစ္ ေျမကြက္ရဲ႕ သေဘာက ပါမစ္မူရင္းနဲ႕ အေရာင္းအဝယ္စာခ်ဳပ္အဆက္အစပ္ မူရင္းေတြနဲ႕ တင္ျပည့္စံုပါတယ္ ။

ဂရန္ ေျမနဲ႕ ဘိုးဘြာပိုင္ေျမဝယ္ရင္ ျမိဳ႕ေတာ္စည္ပင္နဲ႕ ကင္းလို႕မရေပ

တကယ္လို႕မ်ား မိမိဝယ္တဲ့ ေျမကြက္က အနွစ္ (၆၀) ဂရန္ေျမျဖစ္ေနမယ္ ၊ ဘိုးဘြားပိုင္ေျမျဖစ္ေနမယ္ဆိုရင္ေတာ့ ေရာင္းသူနဲ႕ ဝယ္သူမွတ္ပံုတင္အေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္ႏိုင္ဖို႕ အတြက္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီျမိဳ႕ျပစီမံကိန္းနဲ႕ ေျမစီမံခန္႕ခြဲမႈဌာနမွာ “ အေရာင္းေျမပံု ” ကူးရပါတယ္ ။

ေျမအမည္ေပါက္သူအသက္ထင္ရွားရွိ ၊ အေရာင္းေျမပံုကူးရတာအခက္အခဲမရွိ

အေရာင္းေျမပံုကူတဲ့အခါမွာလည္း ဂရန္အမည္ေပါက္သူဒါမွမဟုတ္ ဘိုးဘြားပိုင္ေျမအမည္ေပါက္သူ ကိုယ္တိုင္ အသက္ထင္ရွားရွိရင္ပိုေကာင္းပါတယ္ ။ အမည္ေပါက္ကိုယ္တိုင္လိုက္ပါေဆာင္ရြက္ေပးရင္ ၊ သတင္းစာေၾကာ္ျငာစရာမလိုဘူး ။ဒါဆိုရင္ သတင္းစာေၾကာ္ျငားစရိတ္နဲ႕ ခုနွစ္ရက္ေစာင့္ရတဲ့ အခ်ိန္ကုန္သက္သာလာမယ္ ။သံုးပတ္ေလာက္နဲ႕ အေရာင္းေျမပံုကို ထုတ္ယူႏိုင္ပါတယ္ ။ဒါဆိုရင္ အခြန္ရုံးမွာ ကာလတန္ဖိုးျဖတ္ေပးဖို႕ တင္ရတဲ့အခ်ိန္ေတြပိုလာမယ္ ။မွတ္ပံုတင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ရတာ ပိုျမန္သြားႏိုင္ပါတယ္ ။ဒီလိုျမန္ဖို႕ဆိုတာ ေျမအမည္ေပါက္ မွန္ကန္ဖို႕လိုပါေသးတယ္ ။

ျမိ္ဳ႕ေတာ္ခန္းမကို ခဏခဏသြားခ်င္ရင္ အေရာင္းေျမပံုကူးၾကည့္ပါ

အဲဒီလိုမဟုတ္ဘဲ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္ ၊ ျမိဳ႕ေျမစာရင္းမွာ အမည္ေပါက္သူရဲ႕ အမည္လြဲမွားတာတို႕ ၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားနံပါတ္မဟုတ္ဘဲ ။အမ်ိဳးသားမွတ္ပံုတင္ နံပါတ္ (၁)ဥပမာ-S/OKA…000002 ေရးမွတ္ထားတာတို႕ ျဖစ္ရင္ေတာ့ စည္ပင္ေျမစီမံဌာနကို ေခ်ာင္းေပါက္မတတ္သြားရျပီသာမွတ္ ။ဘာေၾကာင့္လည္းဆိုေတာ့ ‘ အစမေကာင္းလို႕ အေနွာင္းမေသခ်ာ ’ ခဲ့လို႕ပါပဲ ။

အနွစ္ (၆၀) ဂရန္ထုတ္ေပးစဥ္အခါက ေသခ်ာေအာင္ စစ္ျခင္းမရွိခဲ့တဲ့လူနာမည္ေရးသြင္းရာမွာ (ဥပမာ။ ။ ဦးက်င္သိန္းလို႕ ေရးရမယ့္အစား ဦးၾကင္သိန္း လို႕ ယပင့္နဲ႕ယရစ္လြဲျပီးေရးမွတ္ခဲ့တာမ်ိဳးေတြရွိခဲ့တယ္ ။) အဲဒီလိုေပါ့ေလ်ာ့တဲ့ အမွားတစ္ခုက အခုလိုအေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဖို႕ “အေရာင္းေျမပံု” ကူတဲ့အခါမွာ အဟန္႕အတားျဖစ္ေတာ့တာပဲ ။ “ က်င္” လို႕ေရးရမယ့္အစား “ ၾကင္” လို႕ မွားယြင္းေရးမိပါတယ္လို႕ “ရွင္းလင္းခ်က္ ”ေရးတင္ၾကရတယ္ ။ဒါနဲ႕တင္ မလံုေလာက္ဘူးဆိုရင္ “ က်မ္းက်ိန္ ” တင္ျပေပးရေသးတယ္။သူတို႕ဌာနက အမွားက ဂရန္အမည္ေပါက္သူရဲ႕ အမွားျဖစ္သြားတယ္ ။ဒါက မျဖစ္သင့္တဲ့ ကိစၥေတြပါ ။

ဒီလို “က်င္” နဲ႕ “ၾကင္ ”ေရးမွတ္ခဲ့တဲ့ အမွားကို အမွန္ျပင္တဲ့အခါ တစ္လနဲ႕ အေရာင္းေျမပံုထုတ္ယူရမယ့္အစားနွစ္လၾကာသြားၾကရတယ္ ။သတ္မွတ္တဲ့ ရက္မွာ ေျမပံု ထုတ္ယူရမယ့္အစားေနာက္တစ္လကုန္မွ ထုတ္ယူႏိုင္တဲ့အခါ ေျမကြက္အေရာင္းအဝယ္လုပ္သူေတြ စကားမ်ားရန္ျဖစ္ရတဲ့အထိ ျဖစ္ကုန္ပါေလေရာ ။ဒါေၾကာင့္ လူစည္ကားတဲ့ ရပ္ကြက္ထဲမွာ ေျမကြက္နွင့္အိမ္ကိုဝယ္မယ့္သူ ၊ ေရာင္းမယ့္သူမ်ားကို အၾကံေပးပါရေစ ။

ေရာင္းသူအေနနဲ႕ စရန္ေငြထုတ္ယူျပီးေနာက္ တစ္လမွာ “အေရာင္းေျမပံု ” ထုတ္ေပးမယ္လို႕ အာမခံၾကပါနဲ႕ ။စည္ပင္ေျမယာဌာနမွာ မျမင္ႏိုင္တဲ့ အခက္အခဲေတြရွိတတ္ပါတယ္ ။ဒါေၾကာင့္ “ အေရာင္းေျမပံု” ရတဲ့ေန႕မွာ က်န္ေငြကို ေပးေခ်ပါလို႕ နွစ္ဦးသေဘာတူညီခ်က္ရယူထားရန္လိုအပ္ပါေၾကာင္း တိုက္တြန္းေရးသားလိုက္ရပါတယ္ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔မွအထူးေရးသားေဖာ္ျပသည္။

Credit:  လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

Upcoming Property Events

bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service