၂၀၂၁ နှစ်ဆန်းပိုင်းတွင်း မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သွက်လက် - Property News in Myanmar from iMyanmarHouse.com
825 Views

၂၀၂၁ နှစ်ဆန်းပိုင်းတွင်း မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သွက်လက်

[Unicode]

၂၀၂၁ နှစ်ဆန်းပိုင်းတွင်း မန္တလေး အိမ်ခြံမြေဈေးကွက်တွင်း မြေကွက်များ အရောင်းအဝယ်သွက်လက်လာ‌နေကြောင်း မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေကိုယ်စားလှယ်များ ဖွံဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

"အဓိကတော့ မန္တလေး မြို့သစ်နဲ့ စက်မှုဘက်မှာတော့ အရောင်းအဝယ်ဈေးကွက်က တော်တော်လေး သွက်နေတယ်၊ အဓိက တော့ ငွေဖော်ချင်တဲ့သူတွေကလည်း ရောင်းချင်တယ်၊ မြေကွက်တွေ ကိုင်ထားတာ ကြာတဲ့သူ တွေက ငွေဖော်ချင်တဲ့သူတွေက ရောင်းချင်နေကြသလို ဘဏ်တိုးနှုန်းလျော့တာတို့ကြောင့်လည်း ဘဏ်ထဲက နေ ငွေထုတ်ပြီးတော့ မြေကွက်ကို ဝယ်ပြီး ရင်းနှီးမြှုပ်နှံလိုကြသူတွေလည်းရှိနေတယ်၊ ရောင်းလိုအား ဝယ်လို အားကတော့ မျှနေတယ် "ဟု ဖိုးလမင်း အိမ်ခြံမြေနှင့်အထွေထွေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်လည်းဖြစ်၊ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏစိုးက ပြောဆိုသည်။

လက်ရှိတွင် မြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်ထွန်းနေသကဲ့သို့ မန္တလေးမြို့ထဲပိုင်းတွင်လည်း အဌားဈေး ကွက် ပြန်ဖြစ်ထွန်းနေကြောင်း သိရသည်။

"အဌားဈေးကွက်ကတော့ ဖြစ်နေတယ်၊မြို့ထဲမှာလည်း အဌားတွေ ဖြစ်တယ်၊ မြို့သစ်ဘက်မှာလည်း အဌားဈေးကွက်တွေ ဖြစ်တယ်၊ နောက်ပြီး စက်မှုဘက်က ဂိုဒေါင်တို့၊ အလုပ်ရုံတို့၊ ခြံတွေ ဒါမျိုးတွေ ပေါ့ အဌားဈေးကွက်ပြန်ဖြစ်နေပါတယ် "ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုဖြစ်ပွားနေစဉ် ကာလအတွင်း ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ဘဏ်တိုး နှုန်းများ ကျဆင်းနေချိန် ဒေါ်လာဈေး၊ ရွှေဈေး၊ ကားဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံခြင်းထက် အိမ်ခြံမြေ လုပ်ငန်းတွင် မြေကွက်များ ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ဖြစ်ပွားမှုဂယက်ကြောင့် အရောင်းအဝယ်ကျဆင်းခဲ့သည့် နေပြည်တော်ရှိ အိမ်ခြံမြေ ဈေး ကွက် အရောင်းအဝယ်ပြန်သွက်လက်လာနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

၂၀၂၁ ႏွစ္ဆန္းပိုင္းတြင္း မႏၲေလး အိမ္ျခံေျမေဈးကြက္ အေရာင္းအဝယ္သြက္လက္

၂၀၂၁ ႏွစ္ဆန္းပိုင္းတြင္း မႏၲေလး အိမ္ျခံေျမေဈးကြက္တြင္း ေျမကြက္မ်ား အေရာင္းအဝယ္သြက္လက္လာ‌ေနေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအိမ္ျခံေျမကိုယ္စားလွယ္မ်ား ဖြံၿဖိဳးတိုးတက္ေရးအသင္းမွ သိရသည္။

"အဓိကေတာ့ မႏၲေလး ၿမိဳ႕သစ္နဲ႔ စက္မႈဘက္မွာေတာ့ အေရာင္းအဝယ္ေဈးကြက္က ေတာ္ေတာ္ေလး သြက္ေနတယ္၊ အဓိက ေတာ့ ေငြေဖာ္ခ်င္တဲ့သူေတြကလည္း ေရာင္းခ်င္တယ္၊ ေျမကြက္ေတြ ကိုင္ထားတာ ၾကာတဲ့သူ ေတြက ေငြေဖာ္ခ်င္တဲ့သူေတြက ေရာင္းခ်င္ေနၾကသလို ဘဏ္တိုးႏႈန္းေလ်ာ့တာတို႔ေၾကာင့္လည္း ဘဏ္ထဲက ေန ေငြထုတ္ၿပီးေတာ့ ေျမကြက္ကို ဝယ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံလိုၾကသူေတြလည္း႐ွိေနတယ္၊ ေရာင္းလိုအား ဝယ္လို အားကေတာ့ မွ်ေနတယ္ "ဟု ဖိုးလမင္း အိမ္ျခံေျမႏွင့္အေထြေထြအက်ိဳးေဆာင္လုပ္ငန္းပိုင္႐ွင္လည္းျဖစ္၊ မႏၲေလးတိုင္းေဒသႀကီး အိမ္ျခံေျမကိုယ္စားလွယ္မ်ား ဖြံၿဖိဳးတိုးတက္ေရးအသင္း အေထြေထြအတြင္းေရးမႉး ဦး၀ဏၰစိုးက ေျပာဆိုသည္။

လက္႐ွိတြင္ ေျမကြက္မ်ား အေရာင္းအဝယ္ျပန္ျဖစ္ထြန္းေနသကဲ့သို႔ မႏၲေလးၿမိဳ႕ထဲပိုင္းတြင္လည္း အဌားေဈး ကြက္ ျပန္ျဖစ္ထြန္းေနေၾကာင္း သိရသည္။

"အဌားေဈးကြက္ကေတာ့ ျဖစ္ေနတယ္၊ၿမိဳ႕ထဲမွာလည္း အဌားေတြ ျဖစ္တယ္၊ ၿမိဳ႕သစ္ဘက္မွာလည္း အဌားေဈးကြက္ေတြ ျဖစ္တယ္၊ ေနာက္ၿပီး စက္မႈဘက္က ဂိုေဒါင္တို႔၊ အလုပ္႐ုံတို႔၊ ျခံေတြ ဒါမ်ိဳးေတြ ေပါ့ အဌားေဈးကြက္ျပန္ျဖစ္ေနပါတယ္ "ဟု ၎က ထပ္ေလာင္းေျပာဆိုသည္။

ကိုဗစ္-၁၉ ကူးစက္ေရာဂါျပန္႔ပြားမႈျဖစ္ပြားေနစဥ္ ကာလအတြင္း ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအေနျဖင့္ ဘဏ္တိုး ႏႈန္းမ်ား က်ဆင္းေနခ်ိန္ ေဒၚလာေဈး၊ ေ႐ႊေဈး၊ ကားေဈးကြက္မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္းထက္ အိမ္ျခံေျမ လုပ္ငန္းတြင္ ေျမကြက္မ်ား ဝယ္ယူကာ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမင့္တက္လ်က္႐ွိေၾကာင္း သိရသည္။

ထို႔ျပင္ ကိုဗစ္-၁၉ ျဖစ္ပြားမႈဂယက္ေၾကာင့္ အေရာင္းအဝယ္က်ဆင္းခဲ့သည့္ ေနျပည္ေတာ္႐ွိ အိမ္ျခံေျမ ေဈး ကြက္ အေရာင္းအဝယ္ျပန္သြက္လက္လာေနေၾကာင္း အိမ္ျခံေျမအက်ိဳးေဆာင္မ်ားထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

Upcoming Property Events

pan-swal-taw
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service