လယ်ယာမြေအခြားနည်း အသုံးပြုရန်အတွက် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ - Property Knowledge in Myanmar from iMyanmarHouse.com
1608 Views

လယ်ယာမြေအခြားနည်း အသုံးပြုရန်အတွက် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

Knowledge | Posted by Aye Myat Thu

[Unicode]

လယ်ယာမြေဆိုတာ စိုက်ပျိုးနိုင်သည့်မြေပေါ်မှာ လယ်ယာစိုက်ပျိုးထွန်ယက် လုပ်ပိုင်ခွင့်ချပေးထားတာဖြစ်ပြီး ၎င်းမြေပေါ်မှာ စိုက်ပျိုးခြင်းမှအပ အခြားနည်းဖြင့် အသုံးပြုလိုပါက တရားဝင်အခြားနည်းအသုံးပြုခွင့်ကျအောင် သက်ဆိုင်ရာ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လျှောက်ထားမှုပြုပြီး ကျေးရွာမှ တဆင့် မြို့နယ်လယ်စီ၊ တိုင်းဒေသကြီးလယ်စီဌာနများသို့ အောက်ဖော်ပြပါအချက် အလက်များနှင့် အဆင့်ဆင့် လျှောက် ထားမှုပြုပြီး ခွင့်ပြုချက်ကျပြီးမှသာ မိမိပိုင်လယ်ယာမြေကို အိမ်ဆောက်လုပ်ခွင့်၊ စက်ရုံအလုပ်ရုံ၊ ဂိုဒေါင်များတည်ဆောက်၍ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

လျှောက်ထားခြင်း

(က) ကာယကံရှင်များမှ အောက်ပါပုံစံများအား ဖြည့်စွက်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ လျှောက်ထားရပါမည်။

(၁) လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လျှောက်လွှာပုံစံ(၁၄)

(၂) သက်သေခံမြေပုံ မြေစာရင်းပုံစံ(၁၀၅) (မူရင်း+မိတ္တူ)

စိစစ်ခြင်း

(က) မြို့နယ်လယ်စီက လယ်ယာမြေနည်းဥပဒေ အပိုဒ်(၈၃၊ ၈၄၊ ၈၅)နှင့်အညီ အောက်ပါအချက် အလက်များ ပါဝင်မှုရှိ/မရှိ စိစစ်ပြီး လုပ်ငန်းစာတွဲဖွင့်လှစ်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြရမည်။

(၁) ပတ်ဝန်းကျင်ပြမြေပုံ(၁)ပုံ

(၂) Site Plan

(၃) မှတ်ပုံစာရင်း (၁-ခ)

(၄) လျှောက်ထားသည့်လယ်ယာမြေ၏ အကြောင်းအရာဖော်ပြသော စာရင်း(၁)သို့မဟုတ် စာရင်း(၂)

(၅) ဦးပိုင်တစ်ခု၏ ရာဇဝင်မြေစာရင်းပုံစံ (၁၀၆)

(၆) လျှောက်ထားမြေပိုင်ဆိုင်မှုအထောက်အထား

(၇) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မိတ္တူ(သို့မဟုတ်) ပုံစံ(၇)မရရှိသေးကြောင်း ထောက်ခံချက်

(၈) လျှောက်ထားသည့်လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းစီမံချက်

(၉) ကောင်းကင်ဓာတ်ပုံ(Google Map)

(၁၀) လျှောက်ထားသည့်မြေနေရာ၏ အနားလေးရပ်ဓာတ်ပုံ

(၁၁) လျှောက်ထားသူ၏မှတ်ပုံတင်

(၁၂) လျှောက်ထားသူ၏အိမ်ထောင်စုဇယား မိတ္တူ

(၁၃) ကန့်ကွက်နိုင်ကြောင်းကြော်ငြာစာ

(၁၄) လျှောက်ထားသူနှင့် နယ်လေးရပ်တောင်သူများ၏ ထွက်ဆိုချက်များအစရှိသည့် လျှောက်ထားချက် အထောက်အထားများနှင့် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

ထပ်မံဆောင်ရွက်ရမည့်အချက်များကို ထပ်မံဖော်ပြပေးသွားပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမအျခားနည္း အသုံးျပဳရန္အတြက္ ေလွ်ာက္ထားမႈႏွင့္စပ္လ်ဥ္း၍ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား

လယ္ယာေျမဆိုတာ စိုက္ပ်ိဳးႏိုင္သည့္ေျမေပၚမွာ လယ္ယာစိုက္ပ်ိဳးထြန္ယက္ လုပ္ပိုင္ခြင့္ခ်ေပးထားတာျဖစ္ၿပီး ၎ေျမေပၚမွာ စိုက္ပ်ိဳးျခင္းမွအပ အျခားနည္းျဖင့္ အသုံးျပဳလိုပါက တရား၀င္အျခားနည္းအသုံးျပဳခြင့္က်ေအာင္ သက္ဆိုင္ရာ ေက်းရြာလယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ေလွ်ာက္ထားမႈျပဳၿပီး ေက်းရြာမွ တဆင့္ ၿမိဳ႕နယ္လယ္စီ၊ တိုင္းေဒသႀကီးလယ္စီဌာနမ်ားသို႔ ေအာက္ေဖာ္ျပပါအခ်က္ အလက္မ်ားႏွင့္ အဆင့္ဆင့္ ေလွ်ာက္ ထားမႈျပဳၿပီး ခြင့္ျပဳခ်က္က်ၿပီးမွသာ မိမိပိုင္လယ္ယာေျမကို အိမ္ေဆာက္လုပ္ခြင့္၊ စက္႐ုံအလုပ္႐ုံ၊ ဂိုေဒါင္မ်ားတည္ေဆာက္၍ အသုံးျပဳခြင့္ရရွိမည္ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ပါသည္။

ေလွ်ာက္ထားျခင္း

(က) ကာယကံရွင္မ်ားမွ ေအာက္ပါပုံစံမ်ားအား ျဖည့္စြက္၍ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနသို႔ ေလွ်ာက္ထားရပါမည္။

(၁) လယ္ယာေျမအား အျခားနည္းအသုံးျပဳခြင့္ ေလွ်ာက္လႊာပုံစံ(၁၄)

(၂) သက္ေသခံေျမပုံ ေျမစာရင္းပုံစံ(၁၀၅) (မူရင္း+မိတၱဴ)

စိစစ္ျခင္း

(က) ၿမိဳ႕နယ္လယ္စီက လယ္ယာေျမနည္းဥပေဒ အပိုဒ္(၈၃၊ ၈၄၊ ၈၅)ႏွင့္အညီ ေအာက္ပါအခ်က္ အလက္မ်ား ပါ၀င္မႈရွိ/မရွိ စိစစ္ၿပီး လုပ္ငန္းစာတြဲဖြင့္လွစ္၍ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔ထံ တင္ျပရမည္။

(၁) ပတ္၀န္းက်င္ျပေျမပုံ(၁)ပုံ

(၂) Site Plan

(၃) မွတ္ပုံစာရင္း (၁-ခ)

(၄) ေလွ်ာက္ထားသည့္လယ္ယာေျမ၏ အေၾကာင္းအရာေဖာ္ျပေသာ စာရင္း(၁)သို႔မဟုတ္ စာရင္း(၂)

(၅) ဦးပိုင္တစ္ခု၏ ရာဇ၀င္ေျမစာရင္းပုံစံ (၁၀၆)

(၆) ေလွ်ာက္ထားေျမပိုင္ဆိုင္မႈအေထာက္အထား

(၇) လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇) မိတၱဴ(သို႔မဟုတ္) ပုံစံ(၇)မရရွိေသးေၾကာင္း ေထာက္ခံခ်က္

(၈) ေလွ်ာက္ထားသည့္လုပ္ငန္းအမ်ိဳးအစားအလိုက္ လုပ္ငန္းစီမံခ်က္

(၉) ေကာင္းကင္ဓာတ္ပုံ(Google Map)

(၁၀) ေလွ်ာက္ထားသည့္ေျမေနရာ၏ အနားေလးရပ္ဓာတ္ပုံ

(၁၁) ေလွ်ာက္ထားသူ၏မွတ္ပုံတင္

(၁၂) ေလွ်ာက္ထားသူ၏အိမ္ေထာင္စုဇယား မိတၱဴ

(၁၃) ကန္႔ကြက္ႏိုင္ေၾကာင္းေၾကာ္ျငာစာ

(၁၄) ေလွ်ာက္ထားသူႏွင့္ နယ္ေလးရပ္ေတာင္သူမ်ား၏ ထြက္ဆိုခ်က္မ်ားအစရွိသည့္ ေလွ်ာက္ထားခ်က္ အေထာက္အထားမ်ားႏွင့္ ေလွ်ာက္ထားႏိုင္မည္ျဖစ္ပါသည္။

ထပ္မံေဆာင္ရြက္ရမည့္အခ်က္မ်ားကို ထပ္မံေဖာ္ျပေပးသြားပါမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service