အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်း အတည်ပြုထွက်ပေါ်လာနိုင်ရေး လာမည့် လွှတ်တော်သက်တမ်းတွင် ဆက်လက်ကြိုးပမ်းမည် - Property News in Myanmar from iMyanmarHouse.com
776 Views

အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်း အတည်ပြုထွက်ပေါ်လာနိုင်ရေး လာမည့် လွှတ်တော်သက်တမ်းတွင် ဆက်လက်ကြိုးပမ်းမည်

[Unicode]

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း အတည်ပြု ထွက်ပေါ်လာနိုင်ရေးအတွက် လာမည့် လွှတ်တော်သက်တမ်းတွင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

“အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းကတော့ ဒီဥပဒေကြမ်း အဆင့်မှာပဲ ရပ်နေတာပေါ့၊ မြေယာပြဿနာတွေ၊ အခြားသော ပြဿနာတွေကို ထိန်းကျောင်းမယ်ဆိုရင် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေနဲ့ ထိန်းကျောင်း လို့ရတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ မြေယာမှုခင်းတွေ၊ မြေယာပြဿနာတွေကိုပေါ့၊ ဒီဥပဒေနဲ့ ထိန်းကျောင်းလို့ရတဲ့အတွက် ဒီဥပ ဒေကြမ်းကို အတည်ပြုနိုင်အောင် အသင်းကနေပြီးတော့ တစ်စိုက်မတ်မတ်နဲ့ အခုလာမယ့် လွှတ်တော် သက် တမ်းမှာလည်း ဆက်လက်တင်ပြသွားမှာပါ” ဟု မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံဖြိုးတိုး တက် ရေး အသင်း ဒုတိယဥက္ကဌ (၃) ဦးဝဏ္ဏစိုး က ပြောဆိုသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း အတည်ပြုထွက်ပေါ်လာပါက အိမ်ခြံမြေအကျိုးဆောင်များ(ဝါ)ပွဲစား များအနေဖြင့် အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း တစ်နှစ်အတွင်း ယာယီလိုင်စင်လျောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

လက်ရှိတွင် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အတည်ပြုပြဌာန်းနိုင်ခြင်းမရှိသေးမှုကြောင့် အိမ်ခြံမြေ အကျိုးဆောင် လောကတွင်း လူတန်းစားအလွှာအသီးသီးမှ ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်လုပ်ကိုင် နေမှု ကြောင့် လိမ်လည်ရောင်းချမှု ဖြစ်စဉ် များ အိမ်ခြံမြေ ဝယ်၊ ရောင်း၊ဌား ပြဿနာများ ဖြစ်ပွား နေသကဲ့သို့ နိုင်ငံခြားသားများမှလည်း ပြည်တွင်းတွင် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းများရှိနေကြောင်း သိရသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေအား အတည်ပြုနိုင်ရေး ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ကြိုးပမ်းခဲ့ပြီး ဥပဒေကြမ်းအဆင့်တွင်သာ ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့်တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန် အစည်းအဝေးများကိုမှု ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဌတို့မှ ခေါ်ယူရန် ကြေညာထားကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]










Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service