လယ်ယာမြေပေါ်မှာ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းအတွက် မြေပိုင်ရှင်၏ ရပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
2218 Views

လယ်ယာမြေပေါ်မှာ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းအတွက် မြေပိုင်ရှင်၏ ရပိုင်ခွင့်

Knowledge | Posted by Shwe Zin Win

[Unicode]

လယ်ယာမြေ၊ လူနေအိမ်ယာမြေ၊ ပြည်သူတစ်ဦးဦး အသုံးပြုနေသောမြေပေါ်မှာ လျှပ်စစ်ဓာတ်အား လိုင်းများ သွယ်တန်းခြင်း၊ ဓာတ်တိုင်များ တည်ဆောက်ခြင်း၊ လျှပ်စစ်တာဝါတိုင်များ စိုက်ထူခြင်း၊ ထရန်စဖော် များတည်ဆောက်ခြင်းအတွက် အစိုးရကသော်လည်းကောင်း၊ ပုဂ္ဂလိကသော်လည်းကောင်း ဆောင်ရွက်ရာ တွင် မြေကို တည်ဆဲဥပဒေအရသာ ရယူရမှာဖြစ်ပါသည်။

လျှပ်စစ်ဥပဒေပုဒ်မ-၁၀ အရ မြေကို ရယူအသုံးပြုခွင့်ရှိတာ မှန်ပေမယ့် တည်ဆဲဥပဒေများနှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့်အညီသာဖြစ်ရပါမယ်။ အများပြည်သူအကျိုးအတွက် နိုင်ငံတော်စီမံကိန်း ဖြစ်ရင်လည်း ပြည်သူတစ်ဦးတစ်ယောက် အသုံးပြုနေတဲ့ မြေဖြစ်တဲ့အတွက် ပြည်သူကမြေကို ကြည်ဖြူစွာ စွန့်လွှတ်ပေးကမ်းခြင်း၊ ညှိနှိုင်းပြေလည်ခြင်းမျိုး တစ်ခုခုတော့ ရှိရပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ တည်ဆဲ ဥပဒေအရ မြေကိုရယူဆောင်ရွက်ရပါမယ်။

တည်ဆဲဥပဒေဟုဆိုရာတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအရ ဆောင်ရွက်ရမှာဖြစ်ပြီး မြေကို သိမ်းယူလွှဲပြောင်းပြီးမှ အသုံးပြုရမှာဖြစ်ပါသည်။ မြေသိမ်းဥပဒေရဲ့ ရည်ရွယ်ချက်ကို ကြည့်ရင် "အများပြည်သူ အတွက်ဖြစ်စေ၊ ကုမ္ပဏီအတွက်ဖြစ်စေ ရယူမည့်မြေများနှင့်စပ်လျဉ်း၍ ယင်းသို့ ရယူမှု အတွက် ပေးအပ်ရမည့် လျော်ကြေးကို သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်သည့်အတွက် ဥပဒေကိုပြဋ္ဌာန်းခြင်းဖြစ်သည်" လို့ဆိုထားပါသည်။

၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေမှာ မြေနှင့်ပတ်သက်၍ အကျိုးစီးပွားသက်ဆိုင်သူဆိုတာကို ပုဒ်မ ၃(ခ)မှာ အကျိုးစီးပွားသက်ဆိုင်သူဆိုသည်မှာ ဤအက်ဥပဒေအရ မြေကို သိမ်းယူမှုအတွက် လျော်ကြေးငွေ တောင်းဆို ထိုက်သူစာရင်းတွင်ပါဝင်သူ အားလုံးကိုဆိုလိုသည်။ အကယ်၍မြေနှင့်စပ်လျဉ်း၍ လူတစ်ဦး၏ အကျိုးစီးပွား ထိခိုက်စေလျှင် ထိုသူသည် ဤအက်ဥပဒေအရ မြေတွင်အကျိုးစီးပွားသက်ဆိုင်သူဖြစ်သည်လို့ ပြဌာန်းထား ပါသည်။ မြေသိမ်းဥပဒေအရ မြေကိုရယူခြင်းကြောင့် ပြည်သူတစ်ဦးတစ်ယောက်ရဲ့အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရေးအတွက် အသုံးပြုတဲ့မြေအတွက် သတ်မှတ်လျော်ကြေးငွေ ပေးအပ်ပြီးမှ ရယူသုံးစွဲရမှာဖြစ်ပါသည်။

လျှပ်စစ်သံလိုက်လှိုင်းများရဲ့ သတ်မှတ်ဧရိယာအတွင်း လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခြင်း မရှိအောင်၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင်၊ အန္တရာယ်ကင်းရှင်းအောင် ပေအကွာအဝေးနဲ့ နယ်မြေ သတ်မှတ်ပြီး လူနေထိုင်ခြင်း၊ စိုက်ပျိုးခြင်းနှင့် အခြားသုံးစွဲခြင်းများကို တားမြစ်ထားပါတယ်။ ဓာတ်အားတိုင်မှ ပေအကွာအဝေး သတ်မှတ်ထားတဲ့အတွက် မြေအသုံးပြုနေသူက သူ့မြေဆုံးရှုံးမှုရှိသလို သတ်မှတ်ဧရိယာမှာ ဝင်ရောက် အသုံးပြုခဲ့ရင်လည်း အန္တရာယ်ဖြစ်ခြင်း၊ အရေးယူခံရခြင်းရှိနိုင်ပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ရရှိထားသည့်မြေပေါ်မှာ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်း အတွက် မြေပိုင်ရှင် ခွင့်ပြုမှရမှာသာ သုံးစွဲခွင့်ရမှာဖြစ်ပါသည်။ ပုံစံ(၇)လုပ်ပိုင်ခွင့်ရှိတဲ့သူက ခွင့်မပြုဘဲဆက် လုပ်နေလျှင် လယ်ယာမြေဥပဒေအရ ကျူးကျော်လုပ်ဆောင်သူကို တရားစွဲဆိုလို့ရပါသည်။

မြေကိုရယူရာမှာလည်း တည်ဆဲဥပဒေအရ ရယူအသုံးပြုရမှာဖြစ်တဲ့အတွက် မြေပိုင်ရှင် မဟုတ်လျှင် တောင် မြေနဲ့ပတ်သက်လို့ အကျိုးခံစားခွင့်ရှိသူဖြစ်လျှင် မြေသိမ်းဥပဒေအရ နစ်နာမှုအတွက် လျော်ကြေး ခံစားခွင့်ပေးရမှာဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမေပၚမွာ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား သြယ္တန္းျခင္းအတြက္ ေျမပိုင္႐ွင္၏ ရပိုင္ခြင့္

လယ္ယာေျမ၊ လူေနအိမ္ယာေျမ၊ ျပည္သူတစ္ဦးဦး အသုံးျပဳေနေသာေျမေပၚမွာ လွ်ပ္စစ္ဓာတ္အား လိုင္းမ်ား သြယ္တန္းျခင္း၊ ဓာတ္တိုင္မ်ား တည္ေဆာက္ျခင္း၊ လွ်ပ္စစ္တာဝါတိုင္မ်ား စိုက္ထူျခင္း၊ ထရန္စေဖာ္ မ်ားတည္ေဆာက္ျခင္းအတြက္ အစိုးရကေသာ္လည္းေကာင္း၊ ပုဂၢလိကေသာ္လည္းေကာင္း ေဆာင္႐ြက္ရာ တြင္ ေျမကို တည္ဆဲဥပေဒအရသာ ရယူရမွာျဖစ္ပါသည္။

လွ်ပ္စစ္ဥပေဒပုဒ္မ-၁၀ အရ ေျမကို ရယူအသုံးျပဳခြင့္႐ွိတာ မွန္ေပမယ့္ တည္ဆဲဥပေဒမ်ားႏွင့္အညီ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဥပေဒႏွင့္အညီသာျဖစ္ရပါမယ္။ အမ်ားျပည္သူအက်ိဳးအတြက္ ႏိုင္ငံေတာ္စီမံကိန္း ျဖစ္ရင္လည္း ျပည္သူတစ္ဦးတစ္ေယာက္ အသုံးျပဳေနတဲ့ ေျမျဖစ္တဲ့အတြက္ ျပည္သူကေျမကို ၾကည္ျဖဴစြာ စြန္႔လႊတ္ေပးကမ္းျခင္း၊ ညႇိႏိႈင္းေျပလည္ျခင္းမ်ိဳး တစ္ခုခုေတာ့ ႐ွိရပါမယ္။ ဒီလိုမွမဟုတ္ဘူးဆိုရင္ေတာ့ တည္ဆဲ ဥပေဒအရ ေျမကိုရယူေဆာင္႐ြက္ရပါမယ္။

တည္ဆဲဥပေဒဟုဆိုရာတြင္ ၁၈၉၄ ခုႏွစ္၊ ေျမသိမ္းအက္ဥပေဒအရ ေဆာင္႐ြက္ရမွာျဖစ္ၿပီး ေျမကို သိမ္းယူလႊဲေျပာင္းၿပီးမွ အသုံးျပဳရမွာျဖစ္ပါသည္္။ ေျမသိမ္းဥပေဒရဲ႕ ရည္႐ြယ္ခ်က္ကို ၾကည့္ရင္ "အမ်ားျပည္သူ အတြက္ျဖစ္ေစ၊ ကုမၸဏီအတြက္ျဖစ္ေစ ရယူမည့္ေျမမ်ားႏွင့္စပ္လ်ဥ္း၍ ယင္းသို႔ ရယူမႈ အတြက္ ေပးအပ္ရမည့္ ေလ်ာ္ေၾကးကို သတ္မွတ္ျပ႒ာန္းရန္ လိုအပ္သည့္အတြက္ ဥပေဒကိုျပ႒ာန္းျခင္းျဖစ္သည္" လို႔ဆိုထားပါသည္။

၁၈၉၄ ခုႏွစ္၊ ေျမသိမ္းဥပေဒမွာ ေျမႏွင့္ပတ္သက္၍ အက်ိဳးစီးပြားသက္ဆိုင္သူဆိုတာကို ပုဒ္မ ၃(ခ)မွာ အက်ိဳးစီးပြားသက္ဆိုင္သူဆိုသည္မွာ ဤအက္ဥပေဒအရ ေျမကို သိမ္းယူမႈအတြက္ ေလ်ာ္ေၾကးေငြ ေတာင္းဆို ထိုက္သူစာရင္းတြင္ပါဝင္သူ အားလုံးကိုဆိုလိုသည္။ အကယ္၍ေျမႏွင့္စပ္လ်ဥ္း၍ လူတစ္ဦး၏ အက်ိဳးစီးပြား ထိခိုက္ေစလွ်င္ ထိုသူသည္ ဤအက္ဥပေဒအရ ေျမတြင္အက်ိဳးစီးပြားသက္ဆိုင္သူျဖစ္သည္လို႔ ျပဌာန္းထား ပါသည္။ ေျမသိမ္းဥပေဒအရ ေျမကိုရယူျခင္းေၾကာင့္ ျပည္သူတစ္ဦးတစ္ေယာက္ရဲ႕အက်ိဳးစီးပြား ထိခိုက္နစ္နာမႈ မ႐ွိေစေရးအတြက္ အသုံးျပဳတဲ့ေျမအတြက္ သတ္မွတ္ေလ်ာ္ေၾကးေငြ ေပးအပ္ၿပီးမွ ရယူသုံးစြဲရမွာျဖစ္ပါသည္။

လွ်ပ္စစ္သံလိုက္လိႈင္းမ်ားရဲ႕ သတ္မွတ္ဧရိယာအတြင္း လူ၊ တိရစၧာန္ႏွင့္ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ျခင္း မ႐ွိေအာင္၊ ထိခိုက္မႈ အနည္းဆုံးျဖစ္ေအာင္၊ အႏၲရာယ္ကင္း႐ွင္းေအာင္ ေပအကြာအေဝးနဲ႔ နယ္ေျမ သတ္မွတ္ၿပီး လူေနထိုင္ျခင္း၊ စိုက္ပ်ိဳးျခင္းႏွင့္ အျခားသုံးစြဲျခင္းမ်ားကို တားျမစ္ထားပါတယ္။ ဓာတ္အားတိုင္မွ ေပအကြာအေဝး သတ္မွတ္ထားတဲ့အတြက္ ေျမအသုံးျပဳေနသူက သူ႕ေျမဆုံး႐ႈံးမႈ႐ွိသလို သတ္မွတ္ဧရိယာမွာ ဝင္ေရာက္ အသုံးျပဳခဲ့ရင္လည္း အႏၲရာယ္ျဖစ္ျခင္း၊ အေရးယူခံရျခင္း႐ွိႏိုင္ပါတယ္။

လယ္ယာေျမလုပ္ပိုင္ခြင့္ ပံုစံ(၇) ရရွိထားသည့္ေျမေပၚမွာ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား သြယ္တန္းျခင္း အတြက္ ေျမပိုင္ရွင္ ခြင့္ျပဳမွရမွာသာ သံုးစြဲခြင့္ရမွာျဖစ္ပါသည္။ ပံုစံ(၇)လုပ္ပိုင္ခြင့္ရွိတဲ့သူက ခြင့္မျပဳဘဲဆက္ လုပ္ေနလွ်င္ လယ္ယာေျမဥပေဒအရ က်ဴးေက်ာ္လုပ္ေဆာင္သူကုိ တရားစြဲဆိုလို႔ရပါသည္။

ေျမကိုရယူရာမွာလည္း တည္ဆဲဥပေဒအရ ရယူအသုံးျပဳရမွာျဖစ္တဲ့အတြက္ ေျမပိုင္႐ွင္ မဟုတ္လွ်င္ ေတာင္ ေျမနဲ႔ပတ္သက္လို႔ အက်ိဳးခံစားခြင့္႐ွိသူျဖစ္လွ်င္ ေျမသိမ္းဥပေဒအရ နစ္နာမႈအတြက္ ေလ်ာ္ေၾကး ခံစားခြင့္ေပးရမွာျဖစ္ပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service