စာချုပ်ရပ်စဲလိုက်သည့် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း(DSEZ) တွင် ဂျပန်နိုင်ငံမှရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
713 Views

စာချုပ်ရပ်စဲလိုက်သည့် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း(DSEZ) တွင် ဂျပန်နိုင်ငံမှရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

 

[Unicode]

အီတာလျံ-ထိုင်း ကုမ္ပဏီ(ITD) နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်ရပ်စဲလိုက်ပြီးနောက် ထားဝယ်အထူး စီးပွားရေးဇုန် ကနဦး စီမံကိန်း (Dawei Special Economic Zone)တွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ကျွန်တော်တို့အနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့အလားအလာကောင်းများကို မြန်မာနိုင်ငံရဲ့ ရေရှည်တည် တံခိုင်မြဲသော ဖွံဖြိုးရေးမူဝါဒများနှင့်အညီ ပြန်လည်ဖွင့်လှစ်ဖော်ထုတ်နိုင်ရန် ဦးတည်ချက်ထား ဆောင်ရွက်သွား မှာဖြစ်ပါတယ်၊ ယင်းသို့ ဆောင်ရွက်ရာမှာ မိတ်ဆွေတိုင်းပြည်များဖြစ်တဲ့ ဂျပန် နိုင်ငံ အစိုးရ၊ ထိုင်းနိုင်ငံတို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒေါက်တာထွန်းနိုင် က ပြောဆိုသည်။

ဂျပန်နိုင်ငံအစိုးရမှလည်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖွံဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်လို နေပြီး ထားဝယ်အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ရန် လျာထားသည့် ရေနက်ဆိပ်ကမ်းအတွက် ကြိုတင် လေ့လာဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းအား အကူအညီပေးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့် စာချုပ်များ ရပ်ဆိုင်းပြီးနောက်တွင် အဆိုပါ ကနဦး စီမံကိန်းနေရာနှင့်ပတ်သက်ပြီး အခြားကုမဏီများနှင့် ဆွေးနွေးမှုမရှိသေးကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှသိရသည်။

ကျွန်တော်တို့ စာချုပ်ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်မှာ ကနဦး စီမံကိန်းနေရာနဲ့ပတ်သက်ပြီး New Developer နဲ့ ဆွေးနွေးနေခြင်း လတ်တလောက် လုံးဝမရှိသေးပါဘူး၊ကနဦးစီမံကိန်းနဲ့ပတ်သက်ပြီး အဲဒီနေရာကို စိတ်ဝင်စား တယ်လို့ ကမ်းလှမ်းမှုတွေကတော့ ယခင်ကတည်းကရှိခဲ့တာဖြစ်ပါတယ်၊ ကျွန်တော်တို့ဒီစီမံကိန်းနဲ့ ပတ်သက် ပြီး စာချုပ်ရပ်ဆိုင်းတဲ့ အစီအစဉ် အခုမှစတင် ဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စလေးတွေ ရှိပါတယ်၊ ဒီအတွက်ကြောင့် ဒီနေရာနဲ့ပတ်သက်ပြီး တင်ဒါအသစ်ခေါ်ယူဖို့ လတ်တလော စီစဉ်မှုမပြုထားသေးပါဘူးဟု ဒေါက်တာထွန်းနိုင်က ဆက်လက်ဆိုသည်။

သို့ဖြစ်ရာ ကာလရှည်ရပ်တန့်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် အခြားသော

နိုင်ငံခြား ကုမ္ပဏီများအား ဆွဲဆောင်သွားဖွယ်ရှိနေကြောင်း သိရသည်။

ယင်းသို့ ကနဦးစီမံကိန်းအတွက် ချုပ်ဆိုထားသည့် ကန်ထရိုက်စာချုပ်များ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယင်းစီမံ ကိန်း အား ပြန်လည်သုံးသပ်ဆောင်ရွက်ရန် မိတ်ဖက်အဖွဲ့အစည်းများအား ရှာဖွေရန် အခွင့်အလမ်းရှိ လာမှုက မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် မဟာဗျူဟာမြောက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်လာဖွယ်ရှိ နေကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စာခ်ဳပ္ရပ္စဲလိုက္သည့္ ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစီမံကိန္း(DSEZ) တြင္ ဂ်ပန္ႏိုင္ငံမွရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္စား

အီတာလ်ံ-ထိုင္း ကုမၸဏီ(ITD) ႏွင့္ စီမံကိန္းလုပ္ငန္းေဆာင္႐ြက္ခြင့္စာခ်ဳပ္ရပ္စဲလိုက္ၿပီးေနာက္ ထားဝယ္အထူး စီးပြားေရးဇုန္ ကနဦး စီမံကိန္း (Dawei Special Economic Zone)တြင္ ဂ်ပန္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္ စားေနေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီမွ သိရသည္။

ကြၽန္ေတာ္တို႔အေနနဲ႔ ထားဝယ္အထူးစီးပြားေရးဇုန္ရဲ႕အလားအလာေကာင္းမ်ားကို ျမန္မာႏိုင္ငံရဲ႕ ေရရွည္တည္ တံခိုင္ၿမဲေသာ ဖြံၿဖိဳးေရးမူဝါဒမ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ေဖာ္ထုတ္ႏိုင္ရန္ ဦးတည္ခ်က္ထား ေဆာင္႐ြက္သြား မွာျဖစ္ပါတယ္၊ ယင္းသို႔ ေဆာင္႐ြက္ရာမွာ မိတ္ေဆြတိုင္းျပည္မ်ားျဖစ္တဲ့ ဂ်ပန္ ႏိုင္ငံ အစိုးရ၊ ထိုင္းႏိုင္ငံတို႔နဲ႔ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္ဟု ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီ ဥကၠဌ ေဒါက္တာထြန္းႏိုင္ က ေျပာဆိုသည္။

ဂ်ပန္ႏိုင္ငံအစိုးရမွလည္း ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းဖြံၿဖိဳးတိုးတက္ေရးအတြက္ ပါဝင္ေဆာင္႐ြက္လို ေနၿပီး ထားဝယ္အထူးစီးပြားေရးဇုန္တြင္ တည္ေဆာက္ရန္ လ်ာထားသည့္ ေရနက္ဆိပ္ကမ္းအတြက္ ႀကိဳတင္ ေလ့လာေဆာင္႐ြက္မႈမ်ား ေဆာင္႐ြက္ျခင္းအား အကူအညီေပးရန္ ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ အီတာလ်ံ-ထိုင္း ကုမၸဏီႏွင့္ စီမံကိန္းလုပ္ငန္း ေဆာင္႐ြက္ခြင့္ စာခ်ဳပ္မ်ား ရပ္ဆိုင္းၿပီးေနာက္တြင္ အဆိုပါ ကနဦး စီမံကိန္းေနရာႏွင့္ပတ္သက္ၿပီး အျခားကုမဏီမ်ားႏွင့္ ေဆြးေႏြးမႈမရွိေသးေၾကာင္း ထားဝယ္ အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီမွသိရသည္။

ကြၽန္ေတာ္တို႔ စာခ်ဳပ္ရပ္ဆိုင္းလိုက္ၿပီးတဲ့ေနာက္မွာ ကနဦး စီမံကိန္းေနရာနဲ႔ပတ္သက္ၿပီး New Developer နဲ႔ ေဆြးေႏြးေနျခင္း လတ္တေလာက္ လုံးဝမရွိေသးပါဘူး၊ကနဦးစီမံကိန္းနဲ႔ပတ္သက္ၿပီး အဲဒီေနရာကို စိတ္ဝင္စား တယ္လို႔ ကမ္းလွမ္းမႈေတြကေတာ့ ယခင္ကတည္းကရွိခဲ့တာျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔ဒီစီမံကိန္းနဲ႔ ပတ္သက္ ၿပီး စာခ်ဳပ္ရပ္ဆိုင္းတဲ့ အစီအစဥ္ အခုမွစတင္ ျဖစ္တဲ့အတြက္ေၾကာင့္ ဆက္လက္ေဆာင္႐ြက္ရန္ ကိစၥေလးေတြ ရွိပါတယ္၊ ဒီအတြက္ေၾကာင့္ ဒီေနရာနဲ႔ပတ္သက္ၿပီး တင္ဒါအသစ္ေခၚယူဖို႔ လတ္တေလာ စီစဥ္မႈမျပဳထားေသးပါဘူးဟု ေဒါက္တာထြန္းႏိုင္က ဆက္လက္ဆိုသည္။

သို႔ျဖစ္ရာ ကာလရွည္ရပ္တန႔္ေနသည့္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းအတြက္ အျခားေသာ ႏိုင္ငံျခား ကုမၸဏီမ်ားအား ဆြဲေဆာင္သြားဖြယ္ရွိေနေၾကာင္း သိရသည္။

ယင္းသို႔ ကနဦးစီမံကိန္းအတြက္ ခ်ဳပ္ဆိုထားသည့္ ကန္ထ႐ိုက္စာခ်ဳပ္မ်ား ရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ ယင္းစီမံ ကိန္း အား ျပန္လည္သုံးသပ္ေဆာင္႐ြက္ရန္ မိတ္ဖက္အဖြဲ႕အစည္းမ်ားအား ရွာေဖြရန္ အခြင့္အလမ္းရွိ လာမႈက ျမန္မာႏိုင္ငံ၏ အက်ိဳးစီးပြားအတြက္ မဟာဗ်ဴဟာေျမာက္ အခြင့္အလမ္းေကာင္းတစ္ရပ္ ျဖစ္လာဖြယ္ရွိ ေနေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service