ဝင်ငွေနည်း ပြည်သူတွေအတွက် လက်လှမ်းမှီမယ့် အိမ်ရာတွေပေါ်ထွက်လာမယ့် ၂၀၂၁ - Property News in Myanmar from iMyanmarHouse.com
1200 Views

ဝင်ငွေနည်း ပြည်သူတွေအတွက် လက်လှမ်းမှီမယ့် အိမ်ရာတွေပေါ်ထွက်လာမယ့် ၂၀၂၁

[Unicode]

လစဉ် ငါးသောင်းနဲ့ ငွေကျပ်တစ်သိန်းဝင်ငွေရှိသူတစ်ဦးအတွက် လစဉ်အရစ်ကျပေးဆပ်ပြီးဝယ်ယူဖို့လက်လှမ်းမှီတဲ့ အိမ်ရာတွေ ၂၀၂၁ထဲမှာ ပေါ်ထွက်လာမယ်လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနကထုတ်ပြန်လိုက်ပါပြီ။ "ခုဆို သိန်း ၃၀ စုဆောင်းငွေရှိမယ်၊ လစဉ် ကျပ် ငါးသောင်း သွင်းနိုင်ပြီဆိုတာနဲ့ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ပိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။ တန်ဖိုးသင့်ဆိုရင်တော့ စုဆောင်းငွေနဲ့ လစဉ်သွင်းရတဲ့ငွေ ပိုများမှာပေါ့။ တိုက်ခန်းတန်ဖိုးတွေက သိန်း ၈၀ ကနေစပြီး၊ သိန်း ၆၀၀ လောက်အတွင်း အစားစားပေါ့။ နေရာ၊ ကွာလတီ၊ အကျယ်အဝန်း၊ အလွှာတွေပေါ် မူတည်ပြီး ဈေးတွေတော့ ကွာခြားသွားတာတွေရှိမှာပေါ့ "လို့ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ဒါရိုက်တာကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉နဲ့ ၂၀၂၀အတွင်း တည်ဆောက်ထားတဲ့အိမ်ရာတွေဟာ ၂၀၂၁မှာအပြီးသတ်နိုင်တာ၊ ရောင်းချနိုင်တာ ဝယ်ယူထားသူတွေထံအပ်နှံနိုင်မယ့် အခန်းအရေအတွက်အများအပြားရှိတယ်လို့ဆိုပါတယ်။ ဘဏ်တိုးရရှိခြင်းနဲ့ အတူ အိမ်ရာတိုက်ခန်းဝယ်ယူဖို့ ဘဏ်မှာငွေလာရောက်စုဆောင်းသူကလည်းလစဉ်အရေအတွက်မြင့်မားနေပေမယ့် ကိုဗစ်ကြောင့်စုဆောင်းငွေ ထပ်စုဖို့ အခက်အခဲတစ်ချို့တော့ရှိတယ်လို့သိရပါတယ်။

ကိုဗစ်ကြောင့် ဝင်ငွေလည်ပတ်မှုနည်းပါးလာတာကြောင့် ကနဦးအိမ်ရာဝယ်ယူထားသူတွေအနေနဲ့ ငွေသွင်းရက်ကို နောက်ကျခွင့်ပြုတာ ၊ဒဏ်ကြေးငွေတွေ မဆောင်ခိုင်းတာတွေအထိ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဖြေလျှော့ပေးခဲ့တယ်လို့သိရပါတယ်။

အိမ်ရာလိုအပ်ချက်ကြီးမားတဲ့ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ အစိုးရနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပူးပေါင်းပြီးအဌားအိမ်ရာများကိုသာ အဓိကဦးစားပေးတည်ဆောက်သွားမယ့်စီမံကိန်းဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်လင်းက မကြာသေးခင်ကပြောကြားထားပါသေးတယ်။

တည်ဆောက်မယ့်မြေနေရာ ၊အခန်းအကျယ်အဝန်းဈေးနှုန်းသတ်မှတ်ချက်တွေကိုအဓိကဆွေးနွေးခဲ့ပြီး အခုနှစ်ကုန်မှာစတင်ဖို့ သဘောတူညီမှုတချို့လည်းရရှိခဲ့တာပါ။

လက်ရှိရန်ကုန်မှာတော့ တောင်ဒဂုံမြို့နယ်နဲ့ရွှေပြည်သာမြို့နယ်တွေမှာကျူးကျော်တွေအတွက် ရည်ရွယ်ပြီး အဌားအိမ်ရာနှစ်ခုတည်ဆောက်ထားပြီဖြစ်ပါတယ်။

ရန်ကုန်မြို့မှာအိမ်ဌားနေထိုင်သူဦးရေက သုံးသန်းကျော်လေးသန်းဝန်းကျင်လောက်ရှိတယ်လို့ ၂၀၂၀နှစ်ဆန်းပိုင်းက ထုတ်ပြန်တဲ့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာဖော်ပြထားတာပါ။

နှစ်စဉ်ရွှေ့ပြောင်းလုပ်သားတွေတိုးပွားနေတဲ့ရန်ကုန်မှာအိမ်ဌားနေထိုင်သူက ဆက်လက်တိုးပွားနေဦးမှာဖြစ်တယ်လို့ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဝင္ေငြနည္း ျပည္သူေတြအတြက္ လက္လွမ္းမွီမယ့္ အိမ္ရာေတြေပၚထြက္လာမယ့္ ၂၀၂၁

လစဥ္ ငါးေသာင္းနဲ႔ ေငြက်ပ္တစ္သိန္းဝင္ေငြ႐ွိသူတစ္ဦးအတြက္ လစဥ္အရစ္က်ေပးဆပ္ၿပီးဝယ္ယူဖို႔လက္လွမ္းမွီတဲ့ အိမ္ရာေတြ ၂၀၂၁ထဲမွာ ေပၚထြက္လာမယ္လို႔ၿမိဳ႕ျပႏွင့္အိမ္ရာဖြံံ႕ၿဖိဳးမႈဦးစီးဌာနကထုတ္ျပန္လိုက္ပါၿပီ။ "ခုဆို သိန္း ၃၀ စုေဆာင္းေငြ႐ွိမယ္၊ လစဥ္ က်ပ္ ငါးေသာင္း သြင္းႏိုင္ၿပီဆိုတာနဲ႔ ကိုယ္ပိုင္ တိုက္ခန္း တစ္ခန္း ပိုင္ဖို႔ အခြင့္အေရး႐ွိေနပါၿပီ။ တန္ဖိုးသင့္ဆိုရင္ေတာ့ စုေဆာင္းေငြနဲ႔ လစဥ္သြင္းရတဲ့ေငြ ပိုမ်ားမွာေပါ့။ တိုက္ခန္းတန္ဖိုးေတြက သိန္း ၈၀ ကေနစၿပီး၊ သိန္း ၆၀၀ ေလာက္အတြင္း အစားစားေပါ့။ ေနရာ၊ ကြာလတီ၊ အက်ယ္အဝန္း၊ အလႊာေတြေပၚ မူတည္ၿပီး ေဈးေတြေတာ့ ကြာျခားသြားတာေတြ႐ွိမွာေပါ့ "လို႔ေဆာက္လုပ္ေရးႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္ရဲ႕ဒါ႐ိုက္တာကဆိုပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉နဲ႔ ၂၀၂၀အတြင္း တည္ေဆာက္ထားတဲ့အိမ္ရာေတြဟာ ၂၀၂၁မွာအၿပီးသတ္ႏိုင္တာ၊ ေရာင္းခ်ႏိုင္တာ ဝယ္ယူထားသူေတြထံအပ္ႏွံႏိုင္မယ့္ အခန္းအေရအတြက္အမ်ားအျပား႐ွိတယ္လို႔ဆိုပါတယ္။ ဘဏ္တိုးရ႐ွိျခင္းနဲ႔ အတူ အိမ္ရာတိုက္ခန္းဝယ္ယူဖို႔ ဘဏ္မွာေငြလာေရာက္စုေဆာင္းသူကလည္းလစဥ္အေရအတြက္ျမင့္မားေနေပမယ့္ ကိုဗစ္ေၾကာင့္စုေဆာင္းေငြ ထပ္စုဖို႔ အခက္အခဲတစ္ခ်ိဳ႕ေတာ့႐ွိတယ္လို႔သိရပါတယ္။

ကိုဗစ္ေၾကာင့္ ဝင္ေငြလည္ပတ္မႈနည္းပါးလာတာေၾကာင့္ ကနဦးအိမ္ရာဝယ္ယူထားသူေတြအေနနဲ႔ ေငြသြင္းရက္ကို ေနာက္က်ခြင့္ျပဳတာ ၊ဒဏ္ေၾကးေငြေတြ မေဆာင္ခိုင္းတာေတြအထိ ေဆာက္လုပ္ေရးႏွင့္အိမ္ရာဖြံံ႕ၿဖိဳးေရးဘဏ္က ေျဖေလွ်ာ့ေပးခဲ့တယ္လို႔သိရပါတယ္။

အိမ္ရာလိုအပ္ခ်က္ႀကီးမားတဲ့ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးေတြမွာ အစိုးရနဲ႔ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္ေတြပူးေပါင္းၿပီးအဌားအိမ္ရာမ်ားကိုသာ အဓိကဦးစားေပးတည္ေဆာက္သြားမယ့္စီမံကိန္းျဖစ္တယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးေက်ာ္လင္းက မၾကာေသးခင္ကေျပာၾကားထားပါေသးတယ္။

တည္ေဆာက္မယ့္ေျမေနရာ ၊အခန္းအက်ယ္အဝန္းေဈးႏႈန္းသတ္မွတ္ခ်က္ေတြကိုအဓိကေဆြးေႏြးခဲ့ၿပီး အခုႏွစ္ကုန္မွာစတင္ဖို႔ သေဘာတူညီမႈတခ်ိဳ႕လည္းရ႐ွိခဲ့တာပါ။

လက္႐ွိရန္ကုန္မွာေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္နဲ႔ေ႐ႊျပည္သာၿမိဳ႕နယ္ေတြမွာက်ဴးေက်ာ္ေတြအတြက္ ရည္႐ြယ္ၿပီး အဌားအိမ္ရာႏွစ္ခုတည္ေဆာက္ထားၿပီျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာအိမ္ဌားေနထိုင္သူဦးေရက သုံးသန္းေက်ာ္ေလးသန္းဝန္းက်င္ေလာက္႐ွိတယ္လို႔ ၂၀၂၀ႏွစ္ဆန္းပိုင္းက ထုတ္ျပန္တဲ့ကမ႓ာ့ဘဏ္ရဲ႕အစီရင္ခံစာမွာေဖာ္ျပထားတာပါ။

ႏွစ္စဥ္ေ႐ႊ႕ေျပာင္းလုပ္သားေတြတိုးပြားေနတဲ့ရန္ကုန္မွာအိမ္ဌားေနထိုင္သူက ဆက္လက္တိုးပြားေနဦးမွာျဖစ္တယ္လို႔ကမ႓ာ့ဘဏ္က ခန္႔မွန္းထားပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service