ပုသိမ်ကြီးမြို့ရှိ ပြည်သူ့အဌားအိမ်ရာ စီမံကိန်း (မန္တလေး ) တည်ဆောက်ရေး စတင် - Property News in Myanmar from iMyanmarHouse.com
664 Views

ပုသိမ်ကြီးမြို့ရှိ ပြည်သူ့အဌားအိမ်ရာ စီမံကိန်း (မန္တလေး ) တည်ဆောက်ရေး စတင်

[Unicode]

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအနီးရှိ စီမံကိန်းဧရိယာတွင် တည် ဆောက်မည့် အခန်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အဌား အိမ်ရာ(မန္တလေး) စီမံကိန်း စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း မြန်မာ မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေးလုပ်ငန်းရှင်များအသင်း(MDA)မှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြအိမ်ရာဖွံဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းတည်ဆောက်သည့် ပြည်သူ့အဌား အိမ်ရာ(မန္တလေး)တွင် အခန်းပေါင်း ၃၀၀၀ ၊ လေးခန်းတွဲ၊ ငါးထပ် အဆာက်အ အုံဖြစ်ပြီး မြေညီထပ်ကို အများသုံးဧရိယာအဖြစ် သတ်မှတ်၍ လေးထပ်ကို လူနေအခန်းများအဖြစ် တည်ဆောက်မည်ဖြစ်ကာ အခန်းတစ်ခန်းလျင် စတုရန်းပေ ၆၆၀ ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီး ဖိုခန်းတို့ ပါဝင်ကာ အိမ်ပိုင်မရှိသည့် နိုင်ငံဝန်ထမ်းများနှင့် အခြေခံလူတန်းစား ပြည်သူများအား ဈေးသက်သက်သာသာဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး ရည်ရွယ်ကာ တည်ဆောက်လျက်ရှိ သည့် ယင်းအဌားအိမ်ရာစီမံကိန်းအား အပြီးသတ်ဆောက်လုပ်ရန် တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး စီမံကိန်းအတွက် ကျပ် ၇၅ ဘီလီယံ သုံးစွဲရန် လျာထားကြောင်းသိရသည်။

ထို့ပြင် ယင်းစီမံကိန်းသည် အိမ်ရာလိုအပ်ချက်ရှိနေသည့် ပြည်သူများအတွက် ဖော်ဆောင်သည့် အဌားအိမ်ရာစီမံကိန်း ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အဌားအိမ်ရာစီမံကိန်းအဖြစ် အခန်းတစ်သောင်း တည်ဆောက်မည် ဖြစ်ကာ ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀ ၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုသိမ္ႀကီးၿမိဳ႕႐ွိ ျပည္သူ႕အဌားအိမ္ရာ စီမံကိန္း (မႏၲေလး ) တည္ေဆာက္ေရး စတင္

မႏၲေလးခ႐ိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္ ႐ွင္ေတာ္ကုန္းေက်း႐ြာအနီး႐ွိ စီမံကိန္းဧရိယာတြင္ တည္ ေဆာက္မည့္ အခန္း ၃၀၀၀ ပါဝင္သည့္ ျပည္သူ႕အဌား အိမ္ရာ(မႏၲေလး) စီမံကိန္း စတင္ေဆာက္လုပ္ေနၿပီျဖစ္ေၾကာင္း ျမန္မာ ၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံဖြံၿဖိဳးေရးလုပ္ငန္း႐ွင္မ်ားအသင္း(MDA)မွ သိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပအိမ္ရာဖြံၿဖိဳးေရးဦးစီးဌာန မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံ ဖြံၿဖိဳးေရး လုပ္ငန္း႐ွင္မ်ားအသင္းတို႔ပူးေပါင္းတည္ေဆာက္သည့္ ျပည္သူ႕အဌား အိမ္ရာ(မႏၲေလး)တြင္ အခန္းေပါင္း ၃၀၀၀ ၊ ေလးခန္းတြဲ၊ ငါးထပ္ အဆာက္အ အုံျဖစ္ၿပီး ေျမညီထပ္ကို အမ်ားသုံးဧရိယာအျဖစ္ သတ္မွတ္၍ ေလးထပ္ကို လူေနအခန္းမ်ားအျဖစ္ တည္ေဆာက္မည္ျဖစ္ကာ အခန္းတစ္ခန္းလ်င္ စတုရန္းေပ ၆၆၀ က်ယ္ဝန္းၿပီး အိပ္ခန္းႏွစ္ခန္း၊ ဧည့္ခန္း၊ မီး ဖိုခန္းတို႔ ပါဝင္ကာ အိမ္ပိုင္မ႐ွိသည့္ ႏိုင္ငံဝန္ထမ္းမ်ားႏွင့္ အေျခခံလူတန္းစား ျပည္သူမ်ားအား ေဈးသက္သက္သာသာျဖင့္ ေရာင္းခ်ေပးမည္ျဖစ္သည္။ ကိုဗစ္ကာလအတြင္း အလုပ္အကိုင္အခြင့္အလမ္းမ်ားဖန္တီးေပးႏိုင္ေရး ရည္႐ြယ္ကာ တည္ေဆာက္လ်က္႐ွိ သည့္ ယင္းအဌားအိမ္ရာစီမံကိန္းအား အၿပီးသတ္ေဆာက္လုပ္ရန္ တစ္ႏွစ္ခန္႔ၾကာျမင့္မည္ျဖစ္ၿပီး စီမံကိန္းအတြက္ က်ပ္ ၇၅ ဘီလီယံ သုံးစြဲရန္ လ်ာထားေၾကာင္းသိရသည္။

ထို႔ျပင္ ယင္းစီမံကိန္းသည္ အိမ္ရာလိုအပ္ခ်က္႐ွိေနသည့္ ျပည္သူမ်ားအတြက္ ေဖာ္ေဆာင္သည့္ အဌားအိမ္ရာစီမံကိန္း ျဖစ္ၿပီး ႏိုင္ငံတစ္ဝွမ္း အဌားအိမ္ရာစီမံကိန္းအျဖစ္ အခန္းတစ္ေသာင္း တည္ေဆာက္မည္ ျဖစ္ကာ ရန္ကုန္ၿမိဳ႕တြင္ အခန္းေပါင္း ၆၃၀၀ ၊ ေနျပည္ေတာ္တြင္ အခန္းေပါင္း ၇၀၀ ႏွင့္ မႏၲေလးၿမိဳ႕တြင္ အခန္းေပါင္း ၃၀၀၀ အေကာင္အထည္ေဖာ္တည္ေဆာက္သြားမည္ျဖစ္သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service