အီတာလျံ−ထိုင်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ကနဦးစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်အားလုံးအား ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
580 Views

အီတာလျံ−ထိုင်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ကနဦးစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်အားလုံးအား ရပ်ဆိုင်း

[Unicode]

အီတာလျံ−ထိုင်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ကနဦးစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်အားလုံးအား ရပ်ဆိုင်းခဲ့ ကြောင်း ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကပြုလုပ်သော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကနဦးရင်းနှီးတည်ဆောက်ခွင့် ရရှိသူ အီတာလျံ−ထိုင်းကုမ္ပဏီသည် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် အကြိမ်ကြိမ် နှောင့်နှေး ကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထားများတင်ပြရန် ပျက်ကွက်ခြင်း စသည့် အားနည်းချက်များကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် ကနဦးအဆင့် စီမံကိန်း(၉)ခုအတွက် စာချုပ်များကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အဆိုပါသတင်းအရသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် ကနဦးအဆင့် စီမံကိန်း(၉)ခုအတွက် ၂၀၁၅ ခုနှစ်တွင် အီတာလျံ− ထိုင်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ကနဦးစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်အားလုံးအား ရပ်ဆိုင်းကြောင်းကို ၂၀၂၀ ပြည်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အီတာလျံ−ထိုင်းကုမ္ပဏီသို့ပေးပို့၍ စာချုပ်များ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါသည်။

မြန်မာဘက်မှ အဆိုပါစာချုပ်များ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အီတာလျံ−ထိုင်းကုမ္ပဏီက လျော်ကြေးငွေရလိုမှုရှိခဲ့သော် မြန်မာစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအရ မြန်မာအစိုးရကပေးဆောင်ရမည့် တာဝန်ဝတ္တရားအနေနှင့် သတ်မှတ်ထား ခြင်းမရှိဘဲ အစားထိုးကုမ္ပဏီနှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း မြန်မာပလက်ဖောင်းမှသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အီတာလ်ံ−ထိုင္းကုမၸဏီႏွင့္ ခ်ဳပ္ဆိုခဲ့ေသာ ကနဦးစီမံကိန္း လုပ္ငန္းလုပ္ကိုင္ခြင့္သေဘာတူစာခ်ဳပ္အားလုံးအား ရပ္ဆိုင္း

အီတာလ်ံ−ထိုင္းကုမၸဏီႏွင့္ ခ်ဳပ္ဆိုခဲ့ေသာ ကနဦးစီမံကိန္း လုပ္ငန္းလုပ္ကိုင္ခြင့္သေဘာတူစာခ်ဳပ္အားလုံးအား ရပ္ဆိုင္းခဲ့ ေၾကာင္း ဇန္နဝါရီ ၁၈ ရက္က ေနျပည္ေတာ္၌ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကျပဳလုပ္ေသာ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ေၾကညာျခင္းႏွင့္ သတင္းစာ ရွင္းလင္းပြဲမွ သိရသည္။

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းတြင္ ကနဦးရင္းႏွီးတည္ေဆာက္ခြင့္ ရရွိသူ အီတာလ်ံ−ထိုင္းကုမၸဏီသည္ စီမံကိန္း လုပ္ငန္းမ်ားေဆာင္ရြက္ရန္ အႀကိမ္ႀကိမ္ ေႏွာင့္ေႏွး ၾကန႔္ၾကာျခင္း၊ စာခ်ဳပ္ပါ ဘ႑ာေရးဆိုင္ရာ တာဝန္ဝတၱရားမ်ား ျဖည့္ဆည္းရန္ ပ်က္ကြက္ျခင္း၊ စီမံကိန္းေဆာင္ရြက္ရန္ ဘ႑ာေငြအေထာက္အထားမ်ားတင္ျပရန္ ပ်က္ကြက္ျခင္း စသည့္ အားနည္းခ်က္မ်ားေၾကာင့္ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီသည္ ကနဦးအဆင့္ စီမံကိန္း(၉)ခုအတြက္ စာခ်ဳပ္မ်ားကို ရပ္ဆိုင္းလိုက္ျခင္းျဖစ္ေၾကာင္း အဆိုပါသတင္းအရသိရသည္။

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီသည္ ကနဦးအဆင့္ စီမံကိန္း(၉)ခုအတြက္ ၂၀၁၅ ခုႏွစ္တြင္ အီတာလ်ံ− ထိုင္းကုမၸဏီႏွင့္ ခ်ဳပ္ဆိုခဲ့ေသာ ကနဦးစီမံကိန္း လုပ္ငန္းလုပ္ကိုင္ခြင့္သေဘာတူစာခ်ဳပ္အားလုံးအား ရပ္ဆိုင္းေၾကာင္းကို ၂၀၂၀ ျပည္ႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔တြင္ အီတာလ်ံ−ထိုင္းကုမၸဏီသို႔ေပးပို႔၍ စာခ်ဳပ္မ်ား ရပ္ဆိုင္းခဲ့ျခင္းျဖစ္ပါသည္။

ျမန္မာဘက္မွ အဆိုပါစာခ်ဳပ္မ်ား ရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ အီတာလ်ံ−ထိုင္းကုမၸဏီက ေလ်ာ္ေၾကးေငြရလိုမႈရွိခဲ့ေသာ္္ ျမန္မာစာခ်ဳပ္ပါ စည္းမ်ဥ္းစည္းကမ္းမ်ားအရ ျမန္မာအစိုးရကေပးေဆာင္ရမည့္ တာဝန္ဝတၱရားအေနႏွင့္ သတ္မွတ္ထား ျခင္းမရွိဘဲ အစားထိုးကုမၸဏီႏွင့္ ညႇိႏွိုင္းရမည္ျဖစ္ေၾကာင္း ျမန္မာပလက္ေဖာင္းမွသိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service