ဥပဒေနှင့်အညီ ကလေးသူငယ်အား မွေးစားရာတွင် မွေးစားမည့်မိဘအရည်အချင်းနှင့် လိုအပ်သည့်အချက် အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
797 Views

ဥပဒေနှင့်အညီ ကလေးသူငယ်အား မွေးစားရာတွင် မွေးစားမည့်မိဘအရည်အချင်းနှင့် လိုအပ်သည့်အချက် အလက်များ

Knowledge | Posted by Hnin Ei Khin

[Unicode]

ဥပဒေအရ ကလေးသူငယ်အား မွေးစားမည့်မိဘသည် အောက်ပါအချက်အလက်များပြည့်စုံရန် လိုအပ်သည်။

- မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ပြီး အရွယ်ရောက်ခြင်းအက်ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီး သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။

- မိဘအရင်းသဖွယ် ကလေးသူငယ်အား မိဘဝတ္တရားနှင့်အညီ ပြုစုစောင့်ရှောက်၍ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားကို ဖြည့်ဆည်းနိုင်သူဖြစ်ရမည်။

- အိမ်ထောင်ရှိပါက ကလေးသူငယ် မွေးစားခွင့်ပြုရန် လျှောက်လွှာ (ပုံစံ-က) တွင် မွေးစားမည့်သူနှင့် ၎င်း၏ ခင်ပွန်း သို့မဟုတ် ဇနီးတို့က သဘောတူလက်မှတ်ရေးထိုးရမည်။

- ကလေးသူငယ်၏ မိဘအရင်းရှိလျှင် မိဘအရင်း၏ သဘောတူညီချက် ရယူရမည်။ မိဘအရင်း မရှိဘဲ အုပ်ထိန်းသူရှိပါက အုပ်ထိန်းသူ၏ သဘောတူညီချက် ရယူရမည်။

- ကလေးသူငယ်၏ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးတို့ အတွက် ဖြည့်ဆည်းပေးနိုင်သူဖြစ်ရမည်။

- ကလေးသူငယ်အား ပြုစုစောင့်ရှောက်နိုင်သည့် စီးပွားရေး အခြေအနေ၊ အလုပ်အကိုင် ရှိရမည်။

- စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသူ ဖြစ်ရမည်။

မွေးစားမိဘသည် ကလေးသူငယ်ကို မွေးစားခြင်းနှင့်စပ်လျဉ်း၍ ကလေးသူငယ် မွေးစားခွင့်ပြုရန် လျှောက်လွှာဖြင့် သက်ဆိုင်ရာ မွေးစားခြင်း မှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံသို့ လျှောက်ထားရမည်။ ထိုသို့ လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်။

- မွေးစားစာချုပ် (ပုံစံ-ခ)

- မွေးစားမိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ

- ကလေးသူငယ်၏ မွေးစာရင်းမိတ္တူ (ရှိလျှင်)

- မွေးစားမိဘ၏ ကျန်းမာရေး ကောင်းမွန်ကြောင်း မှတ်ပုံတင် ဆရာဝန်၏ ဆေးထောက်ခံချက်

- မွေးစားမိဘများ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာ

- မည်သည့် ကျေးရွာအုပ်စု၊ ရပ်ကွက်အတွင်း မွေးစားမိဘများ နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ

- မွေးစားမိဘများ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေနှင့် စီးပွားရေးအခြေအနေ အလုပ်အကိုင် အထောက်အထား မိတ္တူ စသည်တို့ တင်ပြရမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဥပေဒႏွင့္အညီ ကေလးသူငယ္အား ေမြးစားရာတြင္ ေမြးစားမည့္မိဘအရည္အခ်င္းႏွင့္ လိုအပ္သည့္အခ်က္ အလက္မ်ား

ဥပေဒအရ ကေလးသူငယ္အား ေမြးစားမည့္မိဘသည္ ေအာက္ပါအခ်က္အလက္မ်ားျပည့္စံုရန္ လိုအပ္သည္။

- ျမန္မာႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ၿပီး အ႐ြယ္ေရာက္ျခင္းအက္ဥပေဒအရ အသက္ ၁၈ ႏွစ္ျပည့္ၿပီး သည့္ ျမန္မာႏိုင္ငံသားျဖစ္ရမည္။

- မိဘအရင္းသဖြယ္ ကေလးသူငယ္အား မိဘဝတၱရားႏွင့္အညီ ျပဳစုေစာင့္ေ႐ွာက္၍ ကေလးသူငယ္၏ အေကာင္းဆုံး အက်ိဳးစီးပြားကို ျဖည့္ဆည္းႏိုင္သူျဖစ္ရမည္။

- အိမ္ေထာင္႐ွိပါက ကေလးသူငယ္ ေမြးစားခြင့္ျပဳရန္ ေလွ်ာက္လႊာ (ပုံစံ-က) တြင္ ေမြးစားမည့္သူႏွင့္ ၎၏ ခင္ပြန္း သို႔မဟုတ္ ဇနီးတို႔က သေဘာတူလက္မွတ္ေရးထိုးရမည္။

- ကေလးသူငယ္၏ မိဘအရင္း႐ွိလွ်င္ မိဘအရင္း၏ သေဘာတူညီခ်က္ ရယူရမည္။ မိဘအရင္း မ႐ွိဘဲ အုပ္ထိန္းသူ႐ွိပါက အုပ္ထိန္းသူ၏ သေဘာတူညီခ်က္ ရယူရမည္။

- ကေလးသူငယ္၏ ကာယ၊ ဉာဏ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ လူမႈေရးတို႔ အတြက္ ျဖည့္ဆည္းေပးႏိုင္သူျဖစ္ရမည္။

- ကေလးသူငယ္အား ျပဳစုေစာင့္ေ႐ွာက္ႏိုင္သည့္ စီးပြားေရး အေျခအေန၊ အလုပ္အကိုင္ ႐ွိရမည္။

- စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာသူ ျဖစ္ရမည္။

ေမြးစားမိဘသည္ ကေလးသူငယ္ကို ေမြးစားျခင္းႏွင့္စပ္လ်ဥ္း၍ ကေလးသူငယ္ ေမြးစားခြင့္ျပဳရန္ ေလွ်ာက္လႊာျဖင့္ သက္ဆိုင္ရာ ေမြးစားျခင္း မွတ္ပုံတင္ လူမႈဝန္ထမ္းအရာ႐ွိထံသို႔ ေလွ်ာက္ထားရမည္။ ထိုသို႔ ေလွ်ာက္ထားရာတြင္ ေလွ်ာက္လႊာႏွင့္အတူ ေအာက္ပါတို႔ကို ပူးတြဲတင္ျပရမည္။

- ေမြးစားစာခ်ဳပ္ (ပုံစံ-ခ)

- ေမြးစားမိဘမ်ား၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ၊ အိမ္ေထာင္စုစာရင္းမိတၱဴ

- ကေလးသူငယ္၏ ေမြးစာရင္းမိတၱဴ (႐ွိလွ်င္)

- ေမြးစားမိဘ၏ က်န္းမာေရး ေကာင္းမြန္ေၾကာင္း မွတ္ပုံတင္ ဆရာဝန္၏ ေဆးေထာက္ခံခ်က္

- ေမြးစားမိဘမ်ား ျပစ္မႈကင္း႐ွင္းေၾကာင္း ရဲစခန္း ေထာက္ခံစာ

- မည္သည့္ ေက်း႐ြာအုပ္စု၊ ရပ္ကြက္အတြင္း ေမြးစားမိဘမ်ား ေနထိုင္ေၾကာင္းႏွင့္ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံစာ

- ေမြးစားမိဘမ်ား၏ ပိုင္ဆိုင္မႈ၊ ဝင္ေငြႏွင့္ စီးပြားေရးအေျခအေန အလုပ္အကိုင္ အေထာက္အထား မိတၱဴ စသည္တို႔ တင္ျပရမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
area-one-business-complex
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service