ရန်ကုန်မှာဘက်စ်ကားစီးရေကို တိုးချဲ့ပြေးဆွဲပေးနေ - Property News in Myanmar from iMyanmarHouse.com
1282 Views

ရန်ကုန်မှာဘက်စ်ကားစီးရေကို တိုးချဲ့ပြေးဆွဲပေးနေ

[Unicode]

ရန်ကုန်မှာ အခုလပထမပတ်ကစတင်ပြီး နေ့စဉ်ဘက်စ်ကားစီးရေ ၃၀၀၀ကျော်အထိ ပြန်လည်ပြေးဆွဲပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံက သိရပါတယ်။

ရန်ကုန်မှာ ပိုးတွေ့လူနာများပြားတဲ့ကာလတုန်းကအစီးရေ ၂၀၀၀ကျော် လောက်နဲ့ပြေးဆွဲချိန်တွေကို လျှော့ချခဲ့တာပါ။

အခုလပထမပတ်ကစတင်ပြီးအစီးရေ ၁၀၀၀ကျော်ထပ်တိုးပြီး ပြေးဆွဲပေးနေတာလည်းဖြစ်ပါတယ်။

ဘက်စ်ကားစီရေတိုးချဲ့ထားပြီး ကားအစီးရေရဲ့ လေးပုံသုံးပုံလောက်ပြန်လည်ပြေးဆွဲပေးနေတဲ့အခြေအနေမှာခရီးသည်ဦးရေကတော့ ထင်သလောက်တိုးတက်လာခြင်းမရှိဘဲ တစ်နေ့ကိုလေးသိန်းခွဲကနေ၅သိန်းလောက်ထိ စီးနင်းမှုသာရှိသေးတယ်လို့ YRTAဥက္ကဌ ဒေါက်တာမောင်အောင်ကဆိုပါတယ်။

ကပ်ရောဂါကာလမတိုင်ခင်ကတစ်ရက်ကို ခရီးသိန်း ၁၈သိန်းလောက်စီးနင်းတယ်လို့သိရှိရတာပါ။

ရန်ကုန်တိုင်းဒေသကြီးမှာ YBSယာဉ်လိုင်းပေါင်း (၁၀၀) နီးပါး ရှိပြီယာဉ်စီးရေ (၄၀၀၀) ကျော်လောက်ရှိတာပါ။

အခုလကုန်လောက်မှာတော့ ရှိသမျှ ကားအစီးရေအားလုံး ရာနှုန်းပြည့်ပြန်လည်ပြေးဆွဲနိုင်ဖို့ YRTAကရည်ရွယ်ထားတာပါ။

ဒါ့အပြင်ယာဉ်လမ်းကြောင်းသစ်တွေနဲ့ ယာဉ်လိုင်းသစ်တွေတိုးချဲ့ဖို့ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့သိရပါတယ်။ နှာခေါင်းစည်း (Mask)မတပ်ထားသူများ YBS ဘတ်စ် ကားစီးနင်းခွင့်မပြုဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)က သတိပေးချက် ထုတ်ပြန်သည်။

COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးကာလအတွင်း YBS စီးသူများသည် မဖြစ်မနေ နှာခေါင်းစည်းတပ်ပြီးမှသာ စီးနင်း ရန်နှင့် တပ်ဆင်ထားခြင်းမရှိပါက စီးနင်းခွင့်ပြုမည်မဟုတ်ဟု စက်တင်ဘာ ၁၁ ရက်ကစ၍ အသိပေးထားသည်။

 

နေးရှင်းမြန်မာ  ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္မွာဘက္စ္ကားစီးေရကို တိုးခ်ဲ႕ေျပးဆြဲေပးေန

ရန္ကုန္မွာ အခုလပထမပတ္ကစတင္ၿပီး ေန႔စဥ္ဘက္စ္ကားစီးေရ ၃၀၀၀ေက်ာ္အထိ ျပန္လည္ေျပးဆြဲေပးေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ေမာ္ေတာ္ယာဥ္ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) ထံက သိရပါတယ္။

ရန္ကုန္မွာ ပိုးေတြ႕လူနာမ်ားျပားတဲ့ကာလတုန္းကအစီးေရ ၂၀၀၀ေက်ာ္ ေလာက္နဲ႔ေျပးဆြဲခ်ိန္ေတြကို ေလွ်ာ့ခ်ခဲ့တာပါ။

အခုလပထမပတ္ကစတင္ၿပီးအစီးေရ ၁၀၀၀ေက်ာ္ထပ္တိုးၿပီး ေျပးဆြဲေပးေနတာလည္းျဖစ္ပါတယ္။

ဘက္စ္ကားစီေရတိုးခ်ဲ႕ထားၿပီး ကားအစီးေရရဲ႕ ေလးပုံသုံးပုံေလာက္ျပန္လည္ေျပးဆြဲေပးေနတဲ့အေျခအေနမွာခရီးသည္ဦးေရကေတာ့ ထင္သေလာက္တိုးတက္လာျခင္းမ႐ွိဘဲ တစ္ေန႔ကိုေလးသိန္းခြဲကေန၅သိန္းေလာက္ထိ စီးနင္းမႈသာ႐ွိေသးတယ္လို႔ YRTAဥကၠဌ ေဒါက္တာေမာင္ေအာင္ကဆိုပါတယ္။

ကပ္ေရာဂါကာလမတိုင္ခင္ကတစ္ရက္ကို ခရီးသိန္း ၁၈သိန္းေလာက္စီးနင္းတယ္လို႔သိ႐ွိရတာပါ။

ရန္ကုန္တိုင္းေဒသႀကီးမွာ YBSယာဥ္လိုင္းေပါင္း (၁၀၀) နီးပါး ႐ွိၿပီယာဥ္စီးေရ (၄၀၀၀) ေက်ာ္ေလာက္႐ွိတာပါ။

အခုလကုန္ေလာက္မွာေတာ့ ႐ွိသမွ် ကားအစီးေရအားလုံး ရာႏႈန္းျပည့္ျပန္လည္ေျပးဆြဲႏိုင္ဖို႔ YRTAကရည္႐ြယ္ထားတာပါ။

ဒါ့အျပင္ယာဥ္လမ္းေၾကာင္းသစ္ေတြနဲ႔ ယာဥ္လိုင္းသစ္ေတြတိုးခ်ဲ႕ဖို႔ျပင္ဆင္ေနတာေတြလည္း ႐ွိတယ္လို႔သိရပါတယ္။ ႏွာေခါင္းစည္း (Mask)မတပ္ထားသူမ်ား YBS ဘတ္စ္ ကားစီးနင္းခြင့္မျပဳဟု ရန္ကုန္ တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA)က သတိေပးခ်က္ ထုတ္ျပန္သည္။

COVID-19 ေရာဂါကာ ကြယ္ထိန္းခ်ဳပ္ေရးကာလအတြင္း YBS စီးသူမ်ားသည္ မျဖစ္မေန ႏွာေခါင္းစည္းတပ္ၿပီးမွသာ စီးနင္း ရန္ႏွင့္ တပ္ဆင္ထားျခင္းမ႐ွိပါက စီးနင္းခြင့္ျပဳမည္မဟုတ္ဟု စက္တင္ဘာ ၁၁ ရက္ကစ၍ အသိေပးထားသည္။

 

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service