စတားစီးတီးအိမ်ရာကို ရန်ကုန်Water Bus ပြေးဆွဲမယ် - Property News in Myanmar from iMyanmarHouse.com
960 Views

စတားစီးတီးအိမ်ရာကို ရန်ကုန်Water Bus ပြေးဆွဲမယ်

[Unicode]

သာကေတမြို့နယ်က Emerald Bay နဲ့ သန်လျင်က စတားစီးတီး အိမ်ရာတို့ကို Water Bus ပြေးဆွဲပေးသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အိမ်ရာတွေမှာနေထိုင်သူတွေအတွက် သွားလာရေး အဆင်ပြေနိုင်ဖို့ မကြာမီ မှာခရီးစဉ်လမ်းကြောင်းသစ်ကို ပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ပြေးဆွဲပေးသွားမှာဖြစ်ပြီးလေဝင်လေထွက်ကောင်းမွန်တဲ့ အဆင့်မြင့်ရေယာဉ်တွေကိုအသုံးပြုသွားမယ်လို့ Yangon Water Bus တည်ထောင်သူ ဒေါ်တင့်တင့်လွင်ကပြောပါတယ်။

Water Bus က လက်ရှိမှာ ရန်ကုန်(ဆာပါချောင်) -လမ်းသစ် ၊တွံတေး၊သန်လျင် အစရှိတဲ့ ရေလမ်းကြောင်းတွေမှာ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။

ထပ်မံပြီးတိုးချဲ့ပြေးဆွဲမယ့်ခရီးစဉ်တွေကတော့ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ ဆိပ်ကြီး ခနောင်တို နဲ့ ငမိုးရိပ်ချောင်းဘက်ပြေးဆွဲမယ်လို့ သိရပါတယ်။

Yangon Water Bus ရေ ယာဉ်လိုင်းသည်၂၀၁၉ ခုနှစ် စက် တင်ဘာလ ၂၇ ရက်က စတင်ရပ် နားခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၁ ရက် တွင် ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ် သည်။ လမ်းသစ်ဆိပ်ကမ်းနှင့် ဆာပါချောင်ဆိပ်ကမ်းကို စတင် ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး အခြား သော ခရီးစဉ်များကိုလည်း ဆက် တိုက်တိုးချဲ့ပြေးဆွဲမည်ဟု ၎င်းက ပြောသည်။

ရေယာဉ်နှစ်စီးဖြင့် စတင် မည်ဖြစ်ပြီး ၈၅ ယောက်စီး ဖြစ် သော်လည်း လူဦးရေ ၅၀ မှ ၆၀ အထိသာ စီးနင်းခွင့်ပြုမည်ဖြစ် ကြောင်း၊ တစ်ရက်လျှင် ခုနစ် ခေါက်မှ ၁၀ ခေါက်အထိ ပြေး ဆွဲမည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်ကပြောသည်။

ရေကြောင်းလိုင်းကို အမြတ် ရရှိရေးအတွက် ဦးတည်ပြေးဆွဲ ရာတွင် လက်မှတ်ခဈေးနှုန်းများ ကို မြှင့်ထားခြင်းမရှိသော်လည်း ရေယာဉ်ဆိပ်ခံနေရာနှင့် ရေယာဉ်ပေါ်တွင် ကြော်ငြာများ လက်ခံမည်ဟု ၎င်းကပြောသည်။

‘‘တီဗီကြော်ငြာ၊ ပိုစတာ ကြော်ငြာတွေကိုလည်း လက်ခံသွားပါမယ်’’ဟု ဒေါ်တင့်တင့်လွင် ကပြောသည်။

ခရီးစဉ် ပြန်လည်စတင်ပြေး ဆွဲရာတွင် COVID ကာလနှင့် တိုက်ဆိုင်နေသည့်အတွက် အပူ ချိန်တိုင်းတာခြင်း ပြုလုပ်မည်ဖြစ်ပြီး နှာခေါင်းစည်းတပ်ထားခြင်းမရှိသူများကို လိုက်ပါစီးနင်းခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါ ရေကြောင်းလိုင်းက ကြေညာသည်။

Yangon Water Bus ရေ ကြောင်းလိုင်းအတွက် ရေယာဉ် များကို စင်ကာပူကုမ္ပဏီတစ်ခုက တည်ဆောက်ပေးခဲ့ခြင်းဖြစ် သည်။

‘‘စင်ကာပူကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြေးဆွဲတာပါ။ ငွေပေး ချေမှုအတွက်လည်း စက်တွေတပ် မယ်။ လူနည်းနည်းနဲ့ ဝန်ဆောင်မှုကောင်းကောင်းပဲ လုပ်သွားမယ်’’ဟု ဒေါ်တင့်တင့်လွင်က ပြော သည်။

Yangon Water Bus သည် ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် အင်းစိန်နှင့် ဗိုလ်တထောင်ကို စတင်ပြေးဆွဲခဲ့သည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















 



 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service