ပုသိမ်စက်မှုမြို့တော်စီမံကိန်း(PIC) နိုင်ငံတကာအဆင့်မီ စက်မှုဆိပ်ကမ်းတွင် ကွန်တိန်နာ ကုန်သေတ္တာအဆောက် အဦးဆောက်ရန် တင်ဒါခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
1371 Views

ပုသိမ်စက်မှုမြို့တော်စီမံကိန်း(PIC) နိုင်ငံတကာအဆင့်မီ စက်မှုဆိပ်ကမ်းတွင် ကွန်တိန်နာ ကုန်သေတ္တာအဆောက် အဦးဆောက်ရန် တင်ဒါခေါ်ယူမည်

[Unicode]

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငပုတောကားလမ်းဘေးရှိ မြေဧက ၆၇၀၀ ပေါ်တွင်တည် ဆောက်နေသည့်ပုသိမ်စက်မှုမြို့တော်စီမံ ကိန်း(PIC)  နိုင်ငံတကာအဆင့်မီ စက်မှုဆိပ်ကမ်းတွင် ကွန်တိန်နာ ကုန်သေတ္တာ အဆောက်အဦးအား တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆောက်အဦးအား Steel Structure ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက် မည့် သူများအား အဆိုပြုလွှာများခေါ်ယူထားကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်သွား မည်ဖြစ်ရာ စိတ်ပါဝင် စားသူ လုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်းAyeyarwady International Industrial Port ကုမ္ပဏီလီမိတက်မှ သိရသည်။

စီမံကိန်းတွင် နိုင်ငံတကာအဆင့်မီ စက်မှုဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့်အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဧက ၈၀ ကျယ်ဝန်းကာ တစ်နှစ်လျှင် TEU ကွန်တိန် နာပေါင်း သုံးသိန်းခန့်အထိ ကူးသန်းသွားလာနိုင်မည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုသိမ်စက်မှုဇုန်ဧရိယာအတွင်း အထည်ချုပ်လုပ်ငန်း စက်ရုံများ၊ ပေါင်းဆန်စက်ရုံ၊ ရေထွက် ပစ္စည်း အအေးခန်းစက်ရုံ၊ မှန်စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ပရိဘောဂစက်ရုံ စသော စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်း ဧရိယာပတ်လည် ရေလွှမ်းမိုးမှု အန္တရာယ်မရှိစေရေး ရေတားတမံများဖြင့် ကာရံထားပြီး လျှပ်စစ် ဓာတ်အားခွဲရုံများ၊ ရေသန့်စင်စက်ရုံနှင့် ရေဆိုးသန့်စင်စက်ရုံများ၊ စက်ရုံဝန်ထမ်းများအတွက် လိုအပ် မည်ဖြစ်သော အသက်မွေးဝမ်းကျောင်း ပညာပေးသင်တန်းကျောင်းများလည်းဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service