နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၅ ဒသမ ၇ အထိ ရရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
846 Views

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၅ ဒသမ ၇ အထိ ရရှိခဲ့

[Unicode]

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံနီးပါး ရရှိခဲ့တယ်လို့ စီမံကိန်းဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ကပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးကကုန်သည်စက်မှုအသင်းချုပ်ရဲ့နှစ်ပတ်လည်အစီရင်ခံစာမှာထည့်သွင်းပြောကြားခဲ့တာပါ။

လာမယ့်နှစ်မှာလည်း စိုက်ပျိုးရေး၊ လျှပ်စစ်၊ စက်မှုဇုန်စတဲ့ ကဏ္ဍများမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်မယ့် အလားအလာ ကောင်းများရှိနေပါကြောင်း အသိပေးပြောကြားလိုပါ တယ်လို့ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်

အဲဒီလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ရေမြင့်ရင်ကြာတင့် ဆိုသကဲ့သို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာမှာ ဖြစ်တယ်လို့ပြောပါတယ်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာစေဖို့အတွက် လုပ်သာ ကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ဖို့ အရေးကြီးပြီး အဲဒီလို ဖန်တီးပေးရာမှာ စက်မှုဇုန်၊ ဆိပ်ကမ်း၊ လမ်း၊ တံတား စတာတွေ လိုအပ်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်ဟာ အောင်မြင်မှု ရရှိနေပြီလို့လည်းဆိုပါတယ်။ အလားတူ စီမံကိန်းများ ကိုလည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်တာပါ။

ပထမဆုံးစီမံကိန်းအဖြစ် Korea-Myanmar Industrial Complex (KMIC) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင် တည်ဆောက်နိုင်တော့မှာဖြစ်ပြီး ထိုင်းနိုင်ငံမှ AMATA Smart and Eco City နဲ့ မြန်မာနဲ့ စင်္ကာပူတို့ ဖက်စပ် ဆောင်ရွက်မယ့် Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ရည်ရွယ်ထားတာပါ။

နိုင်ငံရဲ့ စီးပွားရေးဝန်းကျင်ကောင်းမွန်စေဖို့နဲ့ COVID-19 ကပ်ရောဂါ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေ စေဖို့အတွက်လည်း မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့်အညီ စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service