ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံအစိုးရက စီမံကိန်း၌ပါဝင်ဆောင်ရွက်ရန်ကမ်းလှမ်းမှုအား မြန်မာနိုင်ငံအစိုးရက လက်ခံခဲ့ - Property News in Myanmar from iMyanmarHouse.com
1295 Views

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံအစိုးရက စီမံကိန်း၌ပါဝင်ဆောင်ရွက်ရန်ကမ်းလှမ်းမှုအား မြန်မာနိုင်ငံအစိုးရက လက်ခံခဲ့

[Unicode]

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံအစိုးရက စီမံကိန်း၌ ပါဝင်ဆောင်ရွက်ရန်ကမ်းလှမ်းမှုအား မြန်မာနိုင်ငံ အစိုးရက လက်ခံခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အဆိုပါ စီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ဒီဇင်ဘာ ၂၂ ရက်တွင် Online Video Conferencing စနစ်ဖြင့် ရှင်းလင်း တင်ပြရာမှ သိရသည်။

ရှင်လင်းဆွေးနွေးရာတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၀၈ ခုနှစ်မှ စ၍ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်ဖြစ်ပေါ်မှုနှင့် ၂၀၁၃ ခုနှစ်တွင် စီမံကိန်းပုံစံ ပြောင်းလဲ၍ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းအဖြစ် နယ်နိမိတ်ပိုင်းခြား ဆောင် ရွက်ခဲ့မှု၊ မြန်မာနှင့် ထိုင်းနိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုးခဲ့မှုများ၊ ယခုလတ်တလောကာလ၌ ဂျပန် နိုင်ငံအစိုးရက စီမံကိန်း၌ ပါဝင်ဆောင်ရွက်ရန် ကမ်းလှမ်းလာမှုအား မြန်မာနိုင်ငံအစိုးရက လက်ခံခဲ့မှု၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများကိုလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အတွက် ထိုင်းနိုင်ငံနယ်စပ်အထိ နိုင်ငံပိုင်လမ်းအဖြစ်တည်ဆောက်အဆင့်မြှင့်မည့် ၂-လမ်းသွား ကတ္တရာလမ်းကိစ္စကို လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဖြစ်မြောက်ရန် အရေးပါလှသော နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအောင် မြန်မာအစိုးရက ကြိုးစားစီမံနေမှုကိုလည်းကောင်း ထည့်သွင်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာကော်မတီဝင်များကလည်း တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းတြင္ ဂ်ပန္နိုင္ငံအစိုးရက စီမံကိန္း၌ပါဝင္ေဆာင္ရြက္ရန္ကမ္းလွမ္းမႈအား ျမန္မာနိုင္ငံအစိုးရက လက္ခံခဲ့

ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းတြင္ ဂ်ပန္နိုင္ငံအစိုးရက စီမံကိန္း၌ ပါဝင္ေဆာင္ရြက္ရန္ကမ္းလွမ္းမႈအား ျမန္မာနိုင္ငံ အစိုးရက လက္ခံခဲ့ေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီမွသိရသည္။

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီက တနသၤာရီတိုင္း ေဒသႀကီး အစိုးရအဖြဲ႕ဝင္မ်ား၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အဆိုပါ စီမံကိန္း၏ ဖြံ့ၿဖိဳးတိုးတက္မႈအေျခအေနမ်ားအား ဒီဇင္ဘာ ၂၂ ရက္တြင္ Online Video Conferencing စနစ္ျဖင့္ ရွင္းလင္း တင္ျပရာမွ သိရသည္။

ရွင္လင္းေဆြးေႏြးရာတြင္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈ ေကာ္မတီ ဥကၠ႒၊ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ေဒါက္တာထြန္းနိုင္က ၂၀၀၈ ခုႏွစ္မွ စ၍ ထားဝယ္ေရနက္ဆိပ္ကမ္းစီမံကိန္း စတင္ျဖစ္ေပၚမႈႏွင့္ ၂၀၁၃ ခုႏွစ္တြင္ စီမံကိန္းပုံစံ ေျပာင္းလဲ၍ ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစီမံကိန္းႏွင့္ ပင္မစီမံကိန္းအျဖစ္ နယ္နိမိတ္ပိုင္းျခား ေဆာင္ ရြက္ခဲ့မႈ၊ ျမန္မာႏွင့္ ထိုင္းနိုင္ငံအစိုးရခ်င္း ပူးေပါင္းေဆာင္ရြက္ရန္ MOU ေရးထိုးခဲ့မႈမ်ား၊ ယခုလတ္တေလာကာလ၌ ဂ်ပန္ နိုင္ငံအစိုးရက စီမံကိန္း၌ ပါဝင္ေဆာင္ရြက္ရန္ ကမ္းလွမ္းလာမႈအား ျမန္မာနိုင္ငံအစိုးရက လက္ခံခဲ့မႈ၊ ေရွ႕ဆက္လက္၍ ေဆာင္ရြက္မည့္အစီအစဥ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ားကိုလည္းေကာင္း၊ ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း အတြက္ ထိုင္းနိုင္ငံနယ္စပ္အထိ နိုင္ငံပိုင္လမ္းအျဖစ္တည္ေဆာက္အဆင့္ျမႇင့္မည့္ ၂-လမ္းသြား ကတၱရာလမ္းကိစၥကို လည္းေကာင္း၊ ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း ျဖစ္ေျမာက္ရန္ အေရးပါလွေသာ နိုင္ငံေတာ္ဓာတ္အားစနစ္မွ လၽွပ္စစ္ဓာတ္အားရရွိေအာင္ ျမန္မာအစိုးရက ႀကိဳးစားစီမံေနမႈကိုလည္းေကာင္း ထည့္သြင္း ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

သက္ဆိုင္ရာေကာ္မတီဝင္မ်ားကလည္း တက္ေရာက္လာသည့္ ကိုယ္စားလွယ္မ်ား၏ ေမးျမန္းမႈမ်ားအား ျပန္လည္ေျဖၾကား ရွင္းလင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service