အမြန်လမ်းသိမ်းဆည်းခံလယ်ယာမြေတွေရဲ့လျော်ကြေးအခြေအနေ - Property News in Myanmar from iMyanmarHouse.com
814 Views

အမြန်လမ်းသိမ်းဆည်းခံလယ်ယာမြေတွေရဲ့လျော်ကြေးအခြေအနေ

[Unicode]

ရန်ကုန်- မန္တလေးအမြန်လမ်းဖောက်လုပ်စဉ်ကသိမ်းဆည်းခံခဲ့ရတဲ့လယ်ယာမြေတွေအတွက် မနေ့ကနေပြည်တော်ကဥတ္တရသီရိမြို့နယ်မှာလျော်ကြေးပေးခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကအမြန်လမ်းဖောက်လုပ်ဖို့အတွက်သိမ်းဆည်းခံခဲ့ရတဲ့တောင်သူလယ်သမား၂၁ ဦးရဲ့လယ်မြေတစ်ဧကကိုဆယ်သိန်း၊ယာမြေတစ်ဧကကိုနှစ်သိန်းခွဲနှုန်းနဲ့ ၉၈ဧကကျော်အတွက်ကျပ်၃၁၉သိန်းကျော်ပေးအပ်ခဲ့တာပါ။

အဲဒီလိုလျော်ကြေးပေးအပ်တာဟာ တတိယအကြိမ်ဖြစ်ပြီးအရင်နှစ်ကြိမ်မှာတောင်သူ ၃၀ခန့်ကိုလျော်ကြေးပေးအပ်ထားပြီးဖြစ်တယ်လို့လည်း ဥတ္တရသီရိမြို့နယ်၊ဒီချုပ်ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်ကပြောပါတယ်။

အမြန်လမ်းဖောက်လုပ်စဉ်ကအဲဒီလိုလယ်ယာမြေတွေသိမ်းဆည်းခဲ့တဲ့အတွက် တောင်သူလယ်သမားတွေဟာစားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

လယ်ယာ ၁၈ဧက အသိမ်းခံရပြီးဒီကနေ့လျော်ကြေး ၄၅သိန်းကျော်ရခဲ့တဲ့တောင်သူ ဦးစိုးဝင်းကဒီကနေ့လျော်ကြေးပေးအပ်တာကိုကျေနပ်တယ်လို့ပြောပါတယ်။

ဦးစိုးဝင်းဟာ ဒီကနေ့လျော်ကြေးပေးအပ်ရာမှာအများဆုံးအနေနဲ့ ၄၅သိန်းကျော်ရရှိတာဖြစ်ပြီး အနည်းဆုံးကတော့ခြောက်သိန်းဝန်းကျင်ရရှိကြတာပါ။

ဒါ့အပြင် အမြန်လမ်းဖောက်လုပ်စဉ်ကသိမ်းဆည်းခံလယ်ယာမြေတွေလျော်ကြေးထပ်မံရရှိအောင်ကြိုးစားပေးမယ်လို့ ဥတ္တရသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းလှိုင်ကပြောပါတယ်။

ထပ်မံပြီးသိမ်းဆည်းခံလယ်မြေတွေရဲ့လျော်ကြေးပေးနိုင်ဖို့စီစဉ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုင်ပေါင်း ၄၀၀ကျော်ရှည်လျားတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းဖောက်လုပ်ဖို့အတွက် လယ်မြေဧကသောင်းနဲ့ချီသိမ်းယူခဲ့ရပြီး အဲ့ဒီ့ထဲကရာခိုင်နှုန်းတစ်ဝက်လောက်ကိုသာလျော်ကြေးအဖြစ်ပေးအပ်နိုင်ခဲ့တာဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အျမန္လမ္းသိမ္းဆည္းခံလယ္ယာေျမေတြရဲ႕ေလ်ာ္ေၾကးအေျခအေန

ရန္ကုန္- မႏၲေလးအျမန္လမ္းေဖာက္လုပ္စဥ္ကသိမ္းဆည္းခံခဲ့ရတဲ့လယ္ယာေျမေတြအတြက္ မေန႔ကေနျပည္ေတာ္ကဥတၱရသီရိၿမိဳ႕နယ္မွာေလ်ာ္ေၾကးေပးခဲ့တယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ကအျမန္လမ္းေဖာက္လုပ္ဖို႔အတြက္သိမ္းဆည္းခံခဲ့ရတဲ့ေတာင္သူလယ္သမား၂၁ ဦးရဲ႕လယ္ေျမတစ္ဧကကိုဆယ္သိန္း၊ယာေျမတစ္ဧကကိုႏွစ္သိန္းခြဲႏႈန္းနဲ႔ ၉၈ဧကေက်ာ္အတြက္က်ပ္၃၁၉သိန္းေက်ာ္ေပးအပ္ခဲ့တာပါ။

အဲဒီလိုေလ်ာ္ေၾကးေပးအပ္တာဟာ တတိယအႀကိမ္ျဖစ္ၿပီးအရင္ႏွစ္ႀကိမ္မွာေတာင္သူ ၃၀ခန္႔ကိုေလ်ာ္ေၾကးေပးအပ္ထားၿပီးျဖစ္တယ္လို႔လည္း ဥတၱရသီရိၿမိဳ႕နယ္၊ဒီခ်ဳပ္ပါတီျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းလိႈင္ကေျပာပါတယ္။

အျမန္လမ္းေဖာက္လုပ္စဥ္ကအဲဒီလိုလယ္ယာေျမေတြသိမ္းဆည္းခဲ့တဲ့အတြက္ ေတာင္သူလယ္သမားေတြဟာစားဝတ္ေနေရးအတြက္႐ုန္းကန္ခဲ့ရတယ္လို႔ ဆိုၾကပါတယ္။

လယ္ယာ ၁၈ဧက အသိမ္းခံရၿပီးဒီကေန႔ေလ်ာ္ေၾကး ၄၅သိန္းေက်ာ္ရခဲ့တဲ့ေတာင္သူ ဦးစိုးဝင္းကဒီကေန႔ေလ်ာ္ေၾကးေပးအပ္တာကိုေက်နပ္တယ္လို႔ေျပာပါတယ္။

ဦးစိုးဝင္းဟာ ဒီကေန႔ေလ်ာ္ေၾကးေပးအပ္ရာမွာအမ်ားဆုံးအေနနဲ႔ ၄၅သိန္းေက်ာ္ရ႐ွိတာျဖစ္ၿပီး အနည္းဆုံးကေတာ့ေျခာက္သိန္းဝန္းက်င္ရ႐ွိၾကတာပါ။

ဒါ့အျပင္ အျမန္လမ္းေဖာက္လုပ္စဥ္ကသိမ္းဆည္းခံလယ္ယာေျမေတြေလ်ာ္ေၾကးထပ္မံရ႐ွိေအာင္ႀကိဳးစားေပးမယ္လို႔ ဥတၱရသီရိၿမိဳ႕နယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္မင္းလိႈင္ကေျပာပါတယ္။

ထပ္မံၿပီးသိမ္းဆည္းခံလယ္ေျမေတြရဲ႕ေလ်ာ္ေၾကးေပးႏိုင္ဖို႔စီစဥ္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

မိုင္ေပါင္း ၄၀၀ေက်ာ္႐ွည္လ်ားတဲ့ ရန္ကုန္-မႏၲေလးအျမန္လမ္းေဖာက္လုပ္ဖို႔အတြက္ လယ္ေျမဧကေသာင္းနဲ႔ခ်ီသိမ္းယူခဲ့ရၿပီး အဲ့ဒီ့ထဲကရာခိုင္ႏႈန္းတစ္ဝက္ေလာက္ကိုသာေလ်ာ္ေၾကးအျဖစ္ေပးအပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service