လုပ်ငန်းပြန်စဖို့တင်ပြထားတဲ့ဆောက်လုပ်ရေးလုပ်ငန်း (၄၀၀) ကျော်အခုလကုန်စတင်ခွင့်ရမယ် - Property News in Myanmar from iMyanmarHouse.com
720 Views

လုပ်ငန်းပြန်စဖို့တင်ပြထားတဲ့ဆောက်လုပ်ရေးလုပ်ငန်း (၄၀၀) ကျော်အခုလကုန်စတင်ခွင့်ရမယ်

[Unicode]

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လုပ်ငန်းပြန်စဖို့တင်ပြထားတဲ့ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းလေးရာကျော်ကို အခုလကုန်မှာပြန်လည်ခွင့်ပြုဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါကာကွယ်၊ထိန်းချုပ်ကုသဗဟိုကော်မတီကို ရန်ကုန်တိုင်းဒေသကြီး၊ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာကြီးကြပ်မှုကော်မတီကပြီးခဲ့တဲ့ရက်ကတင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာကြီးကြပ်မှုကော်မတီ၏တွဲဖက်အတွင်းရေးမှူး(၁)ဦးမျိုးမြင့်ကပြောပါတယ်။

လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၁၀၀ကျော်ကိုခရိုင်အလိုက်ပြန်လည်ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

ကျန်ရှိနေသေးတဲ့လုပ်ငန်းတွေထဲကလေးရာကျော်ကို ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့တင်ပြထားတာပါ။

ရန်ကုန်တိုင်းမှာ လုပ်ငန်းပြန်စလိုတဲ့ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းတွေအနေနဲ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့စက်ရုံ၊အလုပ်ရုံများ၊လုပ်ငန်းခွင်များနှင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့လမ်းညွှန်ချက် (Version4.0) နှင့်ရန်ကုန်တိုင်းဒေသကြီး၊ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာကြီးကြပ်မှုကော်မတီရဲ့စစ်ဆေးချက်ပုံစံတွေကိုခံဝန်ကတိနဲ့လိုက်နာရင်ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတည်ဆောက်ခွင့်ပြုနေတာပဲဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာမှီခိုနေတဲ့လုပ်သားတွေအလုပ်အကိုင်ပြန်လည်ရရှိရေး၊လုပ်ငန်းတွေအချိန်မှီပြန်လည်ပြီးစီးနိုင်ရေးချုပ်ဆိုထားတဲ့စာချုပ်တွေအရ အချိန်မှီအကောင်အထည်ဖော်နိုင်ရေးနဲ့နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေရဲ့ယုံကြည်မှုကိုပြန်လည်ရယူနိုင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေကများစွာအရေးပါနေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

နိုင်ငံတော်အဆင့်အရေးကြီးစီမံကိန်းတွေမဖြစ်မနေလုပ်ဆောင်ရမယ့်စီမံကိန်းတွေကိုအဆင့်အလိုက်ပြန်လည်ခွင့်ပြုပေးနေတာဖြစ်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အောက်တိုဘာလအတွင်းကပြောကြားခဲ့တဲ့မိန့်ခွန်းမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေကိုအချိန်မှီပြန်လည်ခွင့်ပြုဖို့ညွှန်ကြားထားတယ်လို့လည်းထည့်သွင်းပြောကြားထားတာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လုပ္ငန္းျပန္စဖို႔တင္ျပထားတဲ့ေဆာက္လုပ္ေရးလုပ္ငန္း (၄၀၀) ေက်ာ္အခုလကုန္စတင္ခြင့္ရမယ္

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ လုပ္ငန္းျပန္စဖို႔တင္ျပထားတဲ့ေဆာက္လုပ္ေရးလုပ္ငန္းစီမံကိန္းေလးရာေက်ာ္ကို အခုလကုန္မွာျပန္လည္ခြင့္ျပဳဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။

ကိုဗစ္ေရာဂါကာကြယ္၊ထိန္းခ်ဳပ္ကုသဗဟိုေကာ္မတီကို ရန္ကုန္တိုင္းေဒသႀကီး၊ေဆာက္လုပ္ေရးလုပ္ငန္းမ်ားဆိုင္ရာႀကီးၾကပ္မႈေကာ္မတီကၿပီးခဲ့တဲ့ရက္ကတင္ျပထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၊ေဆာက္လုပ္ေရးလုပ္ငန္းမ်ားဆိုင္ရာႀကီးၾကပ္မႈေကာ္မတီ၏တြဲဖက္အတြင္းေရးမႉး(၁)ဦးမ်ိဳးျမင့္ကေျပာပါတယ္။

လက္႐ွိမွာ ေဆာက္လုပ္ေရးလုပ္ငန္းေပါင္း ၁၀၀ေက်ာ္ကိုခ႐ိုင္အလိုက္ျပန္လည္ခြင့္ျပဳေပးထားတယ္လို႔ သိရပါတယ္။

က်န္႐ွိေနေသးတဲ့လုပ္ငန္းေတြထဲကေလးရာေက်ာ္ကို ဆက္လက္လုပ္ကိုင္ခြင့္ျပဳဖို႔တင္ျပထားတာပါ။

ရန္ကုန္တိုင္းမွာ လုပ္ငန္းျပန္စလိုတဲ့ေဆာက္လုပ္ေရးလုပ္ငန္းစီမံကိန္းေတြအေနနဲ႔က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕စက္႐ုံ၊အလုပ္႐ုံမ်ား၊လုပ္ငန္းခြင္မ်ားႏွင့္ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားသို႔လမ္းၫႊန္ခ်က္ (Version4.0) ႏွင့္ရန္ကုန္တိုင္းေဒသႀကီး၊ေဆာက္လုပ္ေရးလုပ္ငန္းမ်ားဆိုင္ရာႀကီးၾကပ္မႈေကာ္မတီရဲ႕စစ္ေဆးခ်က္ပုံစံေတြကိုခံဝန္ကတိနဲ႔လိုက္နာရင္ေဆာက္လုပ္ေရးလုပ္ငန္းေတြကိုတည္ေဆာက္ခြင့္ျပဳေနတာပဲျဖစ္ပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာမွီခိုေနတဲ့လုပ္သားေတြအလုပ္အကိုင္ျပန္လည္ရ႐ွိေရး၊လုပ္ငန္းေတြအခ်ိန္မွီျပန္လည္ၿပီးစီးႏိုင္ေရးခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ေတြအရ အခ်ိန္မွီအေကာင္အထည္ေဖာ္ႏိုင္ေရးနဲ႔ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံသူေတြရဲ႕ယုံၾကည္မႈကိုျပန္လည္ရယူႏိုင္ဖို႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြကမ်ားစြာအေရးပါေနတယ္လို႔ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္တစ္ဦးက ေျပာပါတယ္။

ႏိုင္ငံေတာ္အဆင့္အေရးႀကီးစီမံကိန္းေတြမျဖစ္မေနလုပ္ေဆာင္ရမယ့္စီမံကိန္းေတြကိုအဆင့္အလိုက္ျပန္လည္ခြင့္ျပဳေပးေနတာျဖစ္ၿပီးေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ေအာက္တိုဘာလအတြင္းကေျပာၾကားခဲ့တဲ့မိန္႔ခြန္းမွာလည္း ေဆာက္လုပ္ေရးလုပ္ငန္းေတြကိုအခ်ိန္မွီျပန္လည္ခြင့္ျပဳဖို႔ၫႊန္ၾကားထားတယ္လို႔လည္းထည့္သြင္းေျပာၾကားထားတာပါ။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service