အိမ်ခြံမြေ ရောင်းဝယ်မှုမှ ငွေကြေးခဝါချမှု ဖြစ်နိုင်ရာ အထူးအလေးထားကြပ်မတ်ရန် FATF မှအသိပေးထား - Property News in Myanmar from iMyanmarHouse.com
706 Views

အိမ်ခြံမြေ ရောင်းဝယ်မှုမှ ငွေကြေးခဝါချမှု ဖြစ်နိုင်ရာ အထူးအလေးထားကြပ်မတ်ရန် FATF မှအသိပေးထား

[Unicode]

မြန်မာပြည်တွင် အိမ်ခြံမြေ ရောင်းဝယ်မှု ၊ ရွှေ၊ ကျောက်မျက် ရတနာ ရောင်းဝယ်မှု စသည်တို့မှာငွေကြေး ခဝါချမှုဖြစ်နိုင်သော ကြားခံ(Conduit) လုပ်ငန်းများ ဖြစ်ခြင်း ကြောင့် အထူးအလေးထားကြပ်မတ်ပါရန် နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ဖြစ်သည့် FATF (TheFinancial Action Task Force) မှ မြန်မာနိုင်ငံသို့ တရားဝင်အသိပေးထားကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အသိပေးနှိုးဆော်စာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်အားမဖြစ်မနေလိုက်နာရန် နိုင်ငံတကာ ငွေကြေးခဝါချမှုစောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့မှ ဖော်ပြထားသည့် Action Plan များထဲတွင် တစ်ခုအဖြစ် ပါဝင်လျက်ရှိနေကြောင်း သိရသည်။

သို့ဖြစ်ရာ ဝင်ငွေရလမ်းများအား ဘဏ်များအနေဖြင့် စိစစ်ကြရန်လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အသိပေးနှိုးဆော်စာတွင် ဖော်ပြထားသည်။

ဘဏ်များအနေဖြင့် မိမိဘဏ်ထံမှ ချေးငွေရယူပြီး ဝင်ငွေရလမ်းတင်ပြသည့် ကိစ္စရပ်များရှိလျှင်သော်လည်းကောင်း၊ အခါ အားလျော်စွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်ချေးငွေဖြင့် ဝင်ငွေရလမ်းတင်ပြသည့်ကိစ္စရပ်များအပေါ်လိုအပ်သည့် သတင်းအချက်အလက်များတောင်းခံသည့်အခါ အချိန်နှင့်တပြေးညီ ပံ့ပိုးပေးပါရန်နှင့် ယင်းသို့ ဆောင်ရွက်ခြင်းသည် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေများအသုံးပြုခြင်းကို ဟန့်တားနိုင်သဖြင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့၏အထူးဂရုပြုစောင့်ကြည့်ရန် လိုအပ်သော နိုင်ငံများစာရင်းတွင် ၂၀၁၄ မှ၂၀၁၆ ထိ ပါဝင်ခဲ့သည်။

ထို့ပြင် ၂၀၁၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလောကအား တစ်ဖန်ပြန်လည်ဂရုပြုစောင့်ကြည့်လာခဲ့ကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် FATF မှ ထုတ်ဝေသည့် Mutual Evaluation Report တွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများ၏လိုအပ်ချက်များကို ထောက်ပြဝေဖန်ခြင်းများ ပြုလုပ်ထားခဲ့ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမ ေရာင္းဝယ္မႈမွ ေငြေၾကးခဝါခ်မႈ ျဖစ္ႏိုင္ရာ အထူးအေလးထားၾကပ္မတ္ရန္ FATF မွအသိေပးထား

ျမန္မာျပည္တြင္ အိမ္ျခံေျမ ေရာင္းဝယ္မႈ ၊ ေ႐ႊ၊ ေက်ာက္မ်က္ ရတနာ ေရာင္းဝယ္မႈ စသည္တို႔မွာေငြေၾကး ခဝါခ်မႈျဖစ္ႏိုင္ေသာ ၾကားခံ(Conduit) လုပ္ငန္းမ်ား ျဖစ္ျခင္း ေၾကာင့္ အထူးအေလးထားၾကပ္မတ္ပါရန္ ႏိုင္ငံတကာ ေငြေၾကးခဝါခ်မႈ ေစာင့္ၾကည့္ ႀကီးၾကပ္ေရးအဖြဲ႕ျဖစ္သည့္ FATF (TheFinancial Action Task Force) မွ ျမန္မာႏိုင္ငံသို႔ တရားဝင္အသိေပးထားေၾကာင္းျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ထုတ္ျပန္သည့္ အသိေပးႏိႈးေဆာ္စာတြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံအေနျဖင့္ အဆိုပါကိစၥရပ္အားမျဖစ္မေနလိုက္နာရန္ ႏိုင္ငံတကာ ေငြေၾကးခဝါခ်မႈေစာင့္ၾကည့္ ႀကီးၾကပ္ေရးအဖြဲ႕မွ ေဖာ္ျပထားသည့္ Action Plan မ်ားထဲတြင္ တစ္ခုအျဖစ္ ပါဝင္လ်က္႐ွိေနေၾကာင္း သိရသည္။

သို႔ျဖစ္ရာ ဝင္ေငြရလမ္းမ်ားအား ဘဏ္မ်ားအေနျဖင့္ စိစစ္ၾကရန္လိုအပ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ထုတ္ျပန္သည့္ အသိေပးႏိႈးေဆာ္စာတြင္ ေဖာ္ျပထားသည္။

ဘဏ္မ်ားအေနျဖင့္ မိမိဘဏ္ထံမွ ေခ်းေငြရယူၿပီး ဝင္ေငြရလမ္းတင္ျပသည့္ ကိစၥရပ္မ်ား႐ွိလွ်င္ေသာ္လည္းေကာင္း၊ အခါ အားေလ်ာ္စြာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဘဏ္ေခ်းေငြျဖင့္ ဝင္ေငြရလမ္းတင္ျပသည့္ကိစၥရပ္မ်ားအေပၚလိုအပ္သည့္ သတင္းအခ်က္အလက္မ်ားေတာင္းခံသည့္အခါ အခ်ိန္ႏွင့္တေျပးညီ ပံ့ပိုးေပးပါရန္ႏွင့္ ယင္းသို႔ ေဆာင္႐ြက္ျခင္းသည္ တရားမဝင္ေသာနည္းလမ္းျဖင့္ ရ႐ွိသည့္ ေငြမ်ားအသုံးျပဳျခင္းကို ဟန္႔တားႏိုင္သျဖင့္ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားရန္လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာ ေငြေၾကးခဝါခ်မႈ ေစာင့္ၾကည့္ ႀကီးၾကပ္ေရးအဖြဲ႕၏အထူးဂ႐ုျပဳေစာင့္ၾကည့္ရန္ လိုအပ္ေသာ ႏိုင္ငံမ်ားစာရင္းတြင္ ၂၀၁၄ မွ၂၀၁၆ ထိ ပါဝင္ခဲ့သည္။

ထို႔ျပင္ ၂၀၁၈ ခုႏွစ္မွ စတင္ၿပီး ျမန္မာႏိုင္ငံ၏ ဘ႑ာေရးေလာကအား တစ္ဖန္ျပန္လည္ဂ႐ုျပဳေစာင့္ၾကည့္လာခဲ့ကာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတြင္ FATF မွ ထုတ္ေဝသည့္ Mutual Evaluation Report တြင္ ျမန္မာႏိုင္ငံ၏ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဆိုင္ရာ ဥပေဒမ်ား၊ စည္းမ်ဥ္းမ်ား၏လိုအပ္ခ်က္မ်ားကို ေထာက္ျပေဝဖန္ျခင္းမ်ား ျပဳလုပ္ထားခဲ့ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service