KMIC စီမံကိန်းနောက်ပိုင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် စီမံကိန်းသစ်များရန်ကုန်တိုင်းဒေသကြီးတွင်း ထပ်မံဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1192 Views

KMIC စီမံကိန်းနောက်ပိုင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် စီမံကိန်းသစ်များရန်ကုန်တိုင်းဒေသကြီးတွင်း ထပ်မံဖော်ဆောင်မည်

[Unicode]

ကိုရီးယား-မြန်မာ စက်မှုဇုန် စီမံကိန်းနောက်ပိုင်း နိုင်ငံတကာအဆင့်မီ Amata Smart and Eco City စက်မှုဇုန်စီမံကိန်းသစ်နှင့် မြန်မာ-စင်ကာပူ Myanmar Singapore Industrial Park စက်မှုဇုန်စီမံကိန်းသစ်များ ထပ်မံဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောဆိုသည်။

“ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာစေဖို့အတွက်လုပ်သာကိုင်သာရှိတဲ့စီးပွားရေးဝန်းကျင် ကောင်းများ ဖန်တီးပေးနိုင်ဖို့ အရေးကြီးပါတယ်၊ အဲဒီလို ဖန်တီးပေးရာမှာ စက်မှုဇုန်၊ဆိပ်ကမ်း၊လမ်း၊ တံတား စတာတွေလိုအပ်မှာဖြစ်ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်ဟာ အောင်မြင်မှုရရှိနေပြီး သာဓကကောင်းအနေနဲ့ တွေ့မြင်နိုင်ပါတယ်၊

အလားတူ စီမံကိန်းများကိုလည်ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ပထမဆုံးစီမံကိန်းအဖြစ် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း KMIC ကို ဒီဇင်ဘာ ၂၄ ရက်မှာစတင်တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်၊ အဲဒီနောက် ထိုင်းနိုင်ငံမှ AMATA Smart and Eco City နဲ့ မြန်မာ စင်ကာပူ စက်မှုဇုန်တို့ကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ် “ဟုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏(၂၉)ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ-စင်ကာပူ Myanmar Singapore Industrial Park စက်မှုဇုန်စီမံကိန်းသစ်အားရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် Amata ကော်ပိုရေးရှင်းမှလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် တောင်ပိုင်းမြို့နယ်ရှိ မြေဧရိယာနှစ်ထောင်ပေါ်တွင် AMATA Smart and Eco City စက်မှုဇုန်အား တည်ဆောက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ Eco City စက်မှုဇုန်စီမံကိန်းတစ်ခုလုံးအနေဖြင့် အမေရိကန်ဒေါ်လာတစ်ဘီလီယံတန်ဖိုးရှိလာမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်းသုံးသောင်းကျော်ထိ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်တွင်‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနနှင့် ကိုရီးယားအစိုးရပိုင် Korea Land & Housing ကော်ပိုရေးရှင်းတို့အကျိုးတူပူးပေါင်း တည်ဆောက်မည့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း(Korea- Myanmar Industrial Complex KMIC ) စီမံကိန်းအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင်စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

KMIC စီမံကိန္းေနာက္ပိုင္း ႏိုင္ငံတကာအဆင့္မီ စက္မႈဇုန္ စီမံကိန္းသစ္မ်ားရန္ကုန္တိုင္းေဒသႀကီးတြင္း ထပ္မံေဖာ္ေဆာင္မည္

ကိုရီးယား-ျမန္မာ စက္မႈဇုန္ စီမံကိန္းေနာက္ပိုင္း ႏိုင္ငံတကာအဆင့္မီ Amata Smart and Eco City စက္မႈဇုန္စီမံကိန္းသစ္ႏွင့္ ျမန္မာ-စင္ကာပူ Myanmar Singapore Industrial Park စက္မႈဇုန္စီမံကိန္းသစ္မ်ား ထပ္မံေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာဆိုသည္။

“ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုမိုတိုးတက္လာေစဖို႔အတြက္လုပ္သာကိုင္သာ႐ွိတဲ့စီးပြားေရးဝန္းက်င္ ေကာင္းမ်ား ဖန္တီးေပးႏိုင္ဖို႔ အေရးႀကီးပါတယ္၊ အဲဒီလို ဖန္တီးေပးရာမွာ စက္မႈဇုန္၊ဆိပ္ကမ္း၊လမ္း၊ တံတား စတာေတြလိုအပ္မွာျဖစ္ပါတယ္၊ ရန္ကုန္တိုင္းေဒသႀကီး႐ွိ သီလဝါအထူးစီးပြားေရးဇုန္ဟာ ေအာင္ျမင္မႈရ႐ွိေနၿပီး သာဓကေကာင္းအေနနဲ႔ ေတြ႕ျမင္ႏိုင္ပါတယ္၊

အလားတူ စီမံကိန္းမ်ားကိုလည္ဆက္လက္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္၊ပထမဆုံးစီမံကိန္းအျဖစ္ ကိုရီးယား-ျမန္မာ စက္မႈဇုန္စီမံကိန္း KMIC ကို ဒီဇင္ဘာ ၂၄ ရက္မွာစတင္တည္ေဆာက္ႏိုင္ေတာ့မွာျဖစ္ပါတယ္၊ အဲဒီေနာက္ ထိုင္းႏိုင္ငံမွ AMATA Smart and Eco City နဲ႔ ျမန္မာ စင္ကာပူ စက္မႈဇုန္တို႔ကိုလည္း ဆက္လက္အေကာင္အထည္ေဖာ္သြားမွာျဖစ္ပါတယ္ “ဟုျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ၊ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္း႐ွင္မ်ား အသင္းခ်ဳပ္၏(၂၉)ႀကိမ္ေျမာက္ႏွစ္ပတ္လည္အသင္းသားစုံညီအစည္းအေဝးတြင္ျပည္ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းကေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာ-စင္ကာပူ Myanmar Singapore Industrial Park စက္မႈဇုန္စီမံကိန္းသစ္အားရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္တြင္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္သည္။

ထိုင္းႏိုင္ငံအေျခစိုက္ Amata ေကာ္ပိုေရး႐ွင္းမွလည္း ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဒဂုံၿမိဳ႕သစ္အေ႐ွ႕ပိုင္းၿမိဳ႕နယ္ႏွင့္ ေတာင္ပိုင္းၿမိဳ႕နယ္႐ွိ ေျမဧရိယာႏွစ္ေထာင္ေပၚတြင္ AMATA Smart and Eco City စက္မႈဇုန္အား တည္ေဆာက္အေကာင္အထည္ေဖာ္သြားမည္ျဖစ္သည္။

အဆိုပါ ႏိုင္ငံတကာအဆင့္မီ Eco City စက္မႈဇုန္စီမံကိန္းတစ္ခုလုံးအေနျဖင့္ အေမရိကန္ေဒၚလာတစ္ဘီလီယံတန္ဖိုး႐ွိလာမည္ျဖစ္ၿပီး စီမံကိန္းၿပီးစီးပါက အလုပ္အကိုင္အခြင့္အလမ္းေပါင္းသုံးေသာင္းေက်ာ္ထိ ဖန္တီးေပးႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္ သင္တန္းေက်ာင္း ေျမဧရိယာ ၅၅၈ ဧကေပၚတြင္‌ေဆာက္လုပ္‌ေရးဝန္ႀကီးဌာနႏွင့္ ကိုရီးယားအစိုးရပိုင္ Korea Land & Housing ေကာ္ပိုေရး႐ွင္းတို႔အက်ိဳးတူပူးေပါင္း တည္ေဆာက္မည့္ ကိုရီးယား-ျမန္မာ စက္မႈဇုန္စီမံကိန္း(Korea- Myanmar Industrial Complex KMIC ) စီမံကိန္းအား ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္တြင္စတင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service