ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘာကြောင့်အချိန်မှီပြန်လည်စတင်သင့်တာလဲ - Property News in Myanmar from iMyanmarHouse.com
829 Views

ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘာကြောင့်အချိန်မှီပြန်လည်စတင်သင့်တာလဲ

[Unicode]

ပြည်တွင်း၊ပြည်ပမှရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍကိုပြပါဆိုရင်အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍကိုပြိုင်ဘက်မရှိဖော်ပြရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ အိမ်ရာကဏ္ဍတွင်တစ်ဒေါ်လာရင်းတိုင်းတခြားစီးပွားရေးကဏ္ဍတွင်နှစ်ဒေါ်လာရင်းနှီးမှုတိုးပွားစေကြောင်းသိရှိရပါတယ်။

အလုပ်အကိုင်ပေးရာမှာလည်းလူနေအိမ်ဆောက်လုပ်ရာမှာအလုပ်သမားတစ်ဦးခန့်တိုင်းအခြားဆက်စပ်ကဏ္ဍမှာနှစ်ဦးအလုပ်တိုးပွားရရှိစေတယ်လို့ဆိုပြန်ပါတယ်။အိမ်တစ်လုံးဆောက်ရင်ဗိသုကာ၊မြို့ပြ၊လျှပ်စစ်၊ရေပေးရေးအင်ဂျင်နီယာကြီးငယ်တွေအလုပ်ရသလို လက်သမား၊ပန်းရန်၊သံချည်သံကွေး၊ပိုက်ဆက်၊အဝီစိတွင်းတူး၊လမ်းခင်း၊မြေတူးမြေဖို့လုပ်သားတွေတိုက်ရိုက်အလုပ်ရသလိုဆက်စပ်နေတဲ့သယ်ယူပို့ဆောင်ရေးလုပ်သား၊အုတ်ဖုတ်လုပ်သား၊သစ်ခွဲလုပ်သား၊သဲတူး၊ကျောက်သယ်လုပ်သားတွေလည်းအလုပ်အကိုင်ရတာအများကြီးပါပဲ။

လုပ်ငန်းအရပြောရရင် အုတ်သဲကျောက်လုပ်ငန်း၊သံရည်ကျိုလုပ်ငန်း၊သံချောင်းအရောင်းအဝယ်လုပ်ငန်း၊လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုနဲ့အရောင်းလုပ်ငန်း၊အမိုးသွပ်ပြားထုတ်လုပ်မှုနဲ့အရောင်း၊ရေပိုက်ထုတ်လုပ်မှုနဲ့အရောင်း၊သစ်အရောင်း၊အခြားဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်လုပ်ငန်းများ၊ပရိဘောဂလုပ်ငန်း၊အိမ်တွင်းအလှဆင်လုပ်ငန်း၊အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း အစရှိတဲ့လုပ်ငန်းများမှာအလုပ်အကိုင်တွေတသီတတန်းကြီးလမ်းပွင့်သွားစေကြောင်းတွေ့ရှိနိုင်ပါတယ်။ဒါကြောင့် အထက်ပါကမ္ဘာ့ဘဏ်ရဲ့အဆိုကိုအကြွင်းမဲ့ထောက်ခံရမှာဖြစ်ပါတယ်။

နောက်ပြီး အိမ်ရာဆောက်လုပ်မှုစီမံကိန်းလို့ဆိုလိုက်ရင်အမိုးအကာပါတဲ့အဆောက်အအုံများကွက်ကွက်မျှကြည့်၍မရဘဲဆက်စပ်တဲ့အခြေခံအဆောက်အအုံတွေ၊လူမှုရေးဝန်ဆောင်မှုလုပ်ငန်းတွေတည်ဆောက်မှုလုပ်ငန်းများလည်းပါဝင်လာတာဖြစ်ပါတယ်။အဲဒီလုပ်ငန်းပမာဏတွေအလိုက်အလုပ်အကိုင်တွေကတိုး၍တိုး၍လာပြန်ပါတယ်။

ကမ္ဘာပေါ်မှာလူသားတွေအိုးအိမ်ဆောက်လုပ်ပြီးမိသားစုနဲ့နေထိုင်ခဲ့တာ ခရစ်တော်မပေါ်မီနှစ်ပေါင်း ၁၈,၀၀၀ခန့်ကလို့သိရပါတယ်။ယခုဆိုရင်နှစ်ပေါင်းနှစ်သောင်းကျော်ရှိခဲ့ပါပြီ။ဒါပေမဲ့ယနေ့အထိအိုးအိမ်နဲ့အခြေတကျမနေနိုင်သေးတဲ့လူသားပေါင်းများစွာရှိနေသေးတာဝမ်းနည်းစရာပါပဲ။မျက်မှောက်ကာလကမ္ဘာ့လူဦးရေခုနစ်ဘီလီယံကျော်မှာအိုးအိမ်မဲ့ပြည်သူစုစုပေါင်းတစ်ဘီလီယံကျော်ရှိကြောင်း စာရေးဆရာသုတေသီ Robert Neuwirth ရဲ့လေ့လာတွေ့ရှိချက်အရသိရှိရပါတယ်။ဒါဟာလူခုနစ်ဦးမှာတစ်ဦးအိုးအိမ်မဲ့ဖြစ်နေတယ်လို့ပြဆိုနေပါတယ်။၂၀၃၀ ပြည့်နှစ်ကိုရောက်ရင်လူသုံးဦးမှာတစ်ဦးအိုးအိမ်မဲ့ဖြစ်မယ်၊တစ်နည်းအားဖြင့်ကျူးကျော်ဖြစ်မယ်လို့ သိရပြန်ပါတယ်။

ရန်ကုန်မြို့မှာ၂၀၀၀ပြည့်နှစ်ကလူဦးရေ၃ဒသမ၅၅သန်းခန့်ရှိတယ်လို့ကုလသမဂ္ဂခန့်မှန်းခြေစာရင်းအရ သိရှိရပါတယ်။ယခုနှစ်ပေါင်း၂၀နီးပါးကြာတဲ့အခါရန်ကုန်လူဦးရေဟာ ၅ ဒသမ ၃သန်းခန့်ရှိလာပါတယ်။တိုးပွားတဲ့လူဦးရေနှစ်သန်းခန့်အတွက်အိမ်ရာငါးသိန်းခန့်အနည်းဆုံး လိုအပ်မှာဖြစ်ပါတယ်။တည်ဆောက်ပြီးတဲ့မြို့သစ်တွေမှာထပ်မံချထားမှုနဲ့ပုဂ္ဂလိကကဏ္ဍကဆောက်လုပ်တဲ့အိမ်ရာတွေ၊အစိုးရအိမ်ရာတွေအသစ်တိုးပွားမှုဟာနှစ်သိန်းထက်မပိုပါဘူး။

ထပ်မံလိုအပ်တဲ့အိမ်ရာသုံးသိန်းပြည့်မီဖို့နှစ်စဉ်အိမ်ခန်းအနည်းဆုံး၂၀,၀၀၀ ခန့်ဆောက်လုပ်ခဲ့မှာဖြစ်ပါတယ်။ဒီနေရာမှာမူလအိမ်ငှားနေသူတွေ၊ကျူးကျော်အိမ်ရာနေသူတွေအတွက်အိမ်ရာတွေမပါဝင်ပါဘူး။ယနေ့ကျူးကျော်အိမ်ရာနေအိမ်ထောင်စုပေါင်း ၁ဒသမ၅သိန်းရှိကြောင်းသိရတဲ့အတွက်ဝင်ငွေနည်းပြည်သူတွေအတွက်အိမ်ရာလိုအပ်ချက်ပမာဏဟာကြောက်ခမန်းလိလိဘယ်လောက်များပြားနေတယ်ဆိုတာကိုခန့်မှန်းနိုင်ပါပြီ။

အိမ်လိုအပ်ချက်များပြီးဝင်ငွေနည်းတဲ့ပြည်သူတွေအတွက်အိမ်ရာကို၎င်းတို့ရဲ့ဝင်ငွေနဲ့လက်လှမ်းမီတဲ့အိမ်ရာနည်းဗျူဟာကိုကမ္ဘာ့နိုင်ငံများက Affordable Housing ဆိုတဲ့ခေါင်းစဉ်နဲ့တီထွင်ဆောင်ရွက်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံမှာသုံးသိန်းမှငါးသိန်းအထိဝင်တဲ့ဝင်ငွေအုပ်စုမှလူဦးရေ ၁၃ဒသမ ၉ရာခိုင်နှုန်းအတွက်သာလျှင်အိမ်ရာတွေကိုဘဏ်ချေးငွေစနစ်နဲ့ဖြည့်ဆည်းပေးနိုင်သေးကြောင်းတွေ့ရှိရပါတယ်။ဒါဟာလည်း လက်ရှိအစိုးရလက်ထက်မှာလက်လှမ်းမီအောင်နည်းမျိုးစုံနဲ့တိုးချဲ့ဆောင်ရွက်ပေးမှုရဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။ဒါပေမဲ့ကျူးကျော်အိမ်ရာနေပြည်သူတွေအထဲမှာ လစဉ်ဝင်ငွေတစ်သိန်းမှသုံးသိန်းအထိသာဝင်ငွေရှိတဲ့ပြည်သူတွေအတွက်လက်လှမ်းမီတဲ့အိမ်ရာတွေများစွာဆောက်လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဆာက္လုပ္ေရးလုပ္ငန္းေတြ ဘာေၾကာင့္အခ်ိန္မွီျပန္လည္စတင္သင့္တာလဲ

ျပည္တြင္း၊ျပည္ပမွရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးက႑ကိုျပပါဆိုရင္အိမ္ျခံေျမေဆာက္လုပ္ေရးက႑ကိုၿပိဳင္ဘက္မ႐ွိေဖာ္ျပရမွာျဖစ္ပါတယ္။

ကမ႓ာ့ဘဏ္ရဲ႕အဆိုအရ အိမ္ရာက႑တြင္တစ္ေဒၚလာရင္းတိုင္းတျခားစီးပြားေရးက႑တြင္ႏွစ္ေဒၚလာရင္းႏွီးမႈတိုးပြားေစေၾကာင္းသိ႐ွိရပါတယ္။

အလုပ္အကိုင္ေပးရာမွာလည္းလူေနအိမ္ေဆာက္လုပ္ရာမွာအလုပ္သမားတစ္ဦးခန္႔တိုင္းအျခားဆက္စပ္က႑မွာႏွစ္ဦးအလုပ္တိုးပြားရ႐ွိေစတယ္လို႔ဆိုျပန္ပါတယ္။အိမ္တစ္လုံးေဆာက္ရင္ဗိသုကာ၊ၿမိဳ႕ျပ၊လွ်ပ္စစ္၊ေရေပးေရးအင္ဂ်င္နီယာႀကီးငယ္ေတြအလုပ္ရသလို လက္သမား၊ပန္းရန္၊သံခ်ည္သံေကြး၊ပိုက္ဆက္၊အဝီစိတြင္းတူး၊လမ္းခင္း၊ေျမတူးေျမဖို႔လုပ္သားေတြတိုက္႐ိုက္အလုပ္ရသလိုဆက္စပ္ေနတဲ့သယ္ယူပို႔ေဆာင္ေရးလုပ္သား၊အုတ္ဖုတ္လုပ္သား၊သစ္ခြဲလုပ္သား၊သဲတူး၊ေက်ာက္သယ္လုပ္သားေတြလည္းအလုပ္အကိုင္ရတာအမ်ားႀကီးပါပဲ။

လုပ္ငန္းအရေျပာရရင္ အုတ္သဲေက်ာက္လုပ္ငန္း၊သံရည္က်ိဳလုပ္ငန္း၊သံေခ်ာင္းအေရာင္းအဝယ္လုပ္ငန္း၊လွ်ပ္စစ္ပစၥည္းထုတ္လုပ္မႈနဲ႔အေရာင္းလုပ္ငန္း၊အမိုးသြပ္ျပားထုတ္လုပ္မႈနဲ႔အေရာင္း၊ေရပိုက္ထုတ္လုပ္မႈနဲ႔အေရာင္း၊သစ္အေရာင္း၊အျခားေဆာက္လုပ္ေရးပစၥည္းအေရာင္းဆိုင္လုပ္ငန္းမ်ား၊ပရိေဘာဂလုပ္ငန္း၊အိမ္တြင္းအလွဆင္လုပ္ငန္း၊အိမ္ျခံေျမဝန္ေဆာင္မႈလုပ္ငန္း အစ႐ွိတဲ့လုပ္ငန္းမ်ားမွာအလုပ္အကိုင္ေတြတသီတတန္းႀကီးလမ္းပြင့္သြားေစေၾကာင္းေတြ႕႐ွိႏိုင္ပါတယ္။ဒါေၾကာင့္ အထက္ပါကမ႓ာ့ဘဏ္ရဲ႕အဆိုကိုအႂကြင္းမဲ့ေထာက္ခံရမွာျဖစ္ပါတယ္။

ေနာက္ၿပီး အိမ္ရာေဆာက္လုပ္မႈစီမံကိန္းလို႔ဆိုလိုက္ရင္အမိုးအကာပါတဲ့အေဆာက္အအုံမ်ားကြက္ကြက္မွ်ၾကည့္၍မရဘဲဆက္စပ္တဲ့အေျခခံအေဆာက္အအုံေတြ၊လူမႈေရးဝန္ေဆာင္မႈလုပ္ငန္းေတြတည္ေဆာက္မႈလုပ္ငန္းမ်ားလည္းပါဝင္လာတာျဖစ္ပါတယ္။အဲဒီလုပ္ငန္းပမာဏေတြအလိုက္အလုပ္အကိုင္ေတြကတိုး၍တိုး၍လာျပန္ပါတယ္။

ကမ႓ာေပၚမွာလူသားေတြအိုးအိမ္ေဆာက္လုပ္ၿပီးမိသားစုနဲ႔ေနထိုင္ခဲ့တာ ခရစ္ေတာ္မေပၚမီႏွစ္ေပါင္း ၁၈,၀၀၀ခန္႔ကလို႔သိရပါတယ္။ယခုဆိုရင္ႏွစ္ေပါင္းႏွစ္ေသာင္းေက်ာ္႐ွိခဲ့ပါၿပီ။ဒါေပမဲ့ယေန႔အထိအိုးအိမ္နဲ႔အေျခတက်မေနႏိုင္ေသးတဲ့လူသားေပါင္းမ်ားစြာ႐ွိေနေသးတာဝမ္းနည္းစရာပါပဲ။မ်က္ေမွာက္ကာလကမ႓ာ့လူဦးေရခုနစ္ဘီလီယံေက်ာ္မွာအိုးအိမ္မဲ့ျပည္သူစုစုေပါင္းတစ္ဘီလီယံေက်ာ္႐ွိေၾကာင္း စာေရးဆရာသုေတသီ Robert Neuwirth ရဲ႕ေလ့လာေတြ႕႐ွိခ်က္အရသိ႐ွိရပါတယ္။ဒါဟာလူခုနစ္ဦးမွာတစ္ဦးအိုးအိမ္မဲ့ျဖစ္ေနတယ္လို႔ျပဆိုေနပါတယ္။၂၀၃၀ ျပည့္ႏွစ္ကိုေရာက္ရင္လူသုံးဦးမွာတစ္ဦးအိုးအိမ္မဲ့ျဖစ္မယ္၊တစ္နည္းအားျဖင့္က်ဴးေက်ာ္ျဖစ္မယ္လို႔ သိရျပန္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ၂၀၀၀ျပည့္ႏွစ္ကလူဦးေရ၃ဒသမ၅၅သန္းခန္႔႐ွိတယ္လို႔ကုလသမဂၢခန္႔မွန္းေျခစာရင္းအရ သိ႐ွိရပါတယ္။ယခုႏွစ္ေပါင္း၂၀နီးပါးၾကာတဲ့အခါရန္ကုန္လူဦးေရဟာ ၅ ဒသမ ၃သန္းခန္႔႐ွိလာပါတယ္။တိုးပြားတဲ့လူဦးေရႏွစ္သန္းခန္႔အတြက္အိမ္ရာငါးသိန္းခန္႔အနည္းဆုံး လိုအပ္မွာျဖစ္ပါတယ္။တည္ေဆာက္ၿပီးတဲ့ၿမိဳ႕သစ္ေတြမွာထပ္မံခ်ထားမႈနဲ႔ပုဂၢလိကက႑ကေဆာက္လုပ္တဲ့အိမ္ရာေတြ၊အစိုးရအိမ္ရာေတြအသစ္တိုးပြားမႈဟာႏွစ္သိန္းထက္မပိုပါဘူး။

ထပ္မံလိုအပ္တဲ့အိမ္ရာသုံးသိန္းျပည့္မီဖို႔ႏွစ္စဥ္အိမ္ခန္းအနည္းဆုံး၂၀,၀၀၀ ခန္႔ေဆာက္လုပ္ခဲ့မွာျဖစ္ပါတယ္။ဒီေနရာမွာမူလအိမ္ငွားေနသူေတြ၊က်ဴးေက်ာ္အိမ္ရာေနသူေတြအတြက္အိမ္ရာေတြမပါဝင္ပါဘူး။ယေန႔က်ဴးေက်ာ္အိမ္ရာေနအိမ္ေထာင္စုေပါင္း ၁ဒသမ၅သိန္း႐ွိေၾကာင္းသိရတဲ့အတြက္ဝင္ေငြနည္းျပည္သူေတြအတြက္အိမ္ရာလိုအပ္ခ်က္ပမာဏဟာေၾကာက္ခမန္းလိလိဘယ္ေလာက္မ်ားျပားေနတယ္ဆိုတာကိုခန္႔မွန္းႏိုင္ပါၿပီ။

အိမ္လိုအပ္ခ်က္မ်ားၿပီးဝင္ေငြနည္းတဲ့ျပည္သူေတြအတြက္အိမ္ရာကို၎တို႔ရဲ႕ဝင္ေငြနဲ႔လက္လွမ္းမီတဲ့အိမ္ရာနည္းဗ်ဴဟာကိုကမ႓ာ့ႏိုင္ငံမ်ားက Affordable Housing ဆိုတဲ့ေခါင္းစဥ္နဲ႔တီထြင္ေဆာင္႐ြက္ေပးခဲ့ပါတယ္။ျမန္မာႏိုင္ငံမွာသုံးသိန္းမွငါးသိန္းအထိဝင္တဲ့ဝင္ေငြအုပ္စုမွလူဦးေရ ၁၃ဒသမ ၉ရာခိုင္ႏႈန္းအတြက္သာလွ်င္အိမ္ရာေတြကိုဘဏ္ေခ်းေငြစနစ္နဲ႔ျဖည့္ဆည္းေပးႏိုင္ေသးေၾကာင္းေတြ႕႐ွိရပါတယ္။ဒါဟာလည္း လက္႐ွိအစိုးရလက္ထက္မွာလက္လွမ္းမီေအာင္နည္းမ်ိဳးစုံနဲ႔တိုးခ်ဲ႕ေဆာင္႐ြက္ေပးမႈရဲ႕အက်ိဳးေက်းဇူးျဖစ္ပါတယ္။ဒါေပမဲ့က်ဴးေက်ာ္အိမ္ရာေနျပည္သူေတြအထဲမွာ လစဥ္ဝင္ေငြတစ္သိန္းမွသုံးသိန္းအထိသာဝင္ေငြ႐ွိတဲ့ျပည္သူေတြအတြက္လက္လွမ္းမီတဲ့အိမ္ရာေတြမ်ားစြာေဆာက္လုပ္ေပးဖို႔ လိုအပ္ပါေသးတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service