နိုင်ငံတကာလေကြောင်းတွေပြန်ဖွင့်ဖို့ လျာထားဆဲပဲရှိသေး - Property News in Myanmar from iMyanmarHouse.com
1176 Views

နိုင်ငံတကာလေကြောင်းတွေပြန်ဖွင့်ဖို့ လျာထားဆဲပဲရှိသေး

[Unicode]

နိုင်ငံတကာလေကြောင်းလိုင်းတွေဇန်နဝါရီ ၁ ရက်မှာစတင်ပျံသန်းပြေးဆွဲနိုင်ဖို့လျာထားဆဲအဆင့်သာရှိသေးပြီးလိုအပ်တဲ့သတ်မှတ်ချက်တွေညှိုနှိုင်းရဦးမယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံကသတင်းရရှိပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုအဆင့်ကော်မတီကတော့ဇန်နဝါရီလ ၁ ရက်မှာပြည်ပလေကြောင်းလိုင်းတွေဖွင့်လှစ်ဖို့ညွှန်ကြားထားပြီဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ရက်အမှီဖွင့်လှစ်နိုင်ရေးအတွက် အခြားနိုင်ငံတကာလေကြောင်းလိုင်းများနဲ့ညှိုနှိုင်းတာ၊ဗီဇာကိစ္စဆောင်ရွက်တာတွေအပါအဝင်ပျံသန်းမယ့်နိုင်ငံနဲ့ကျန်းမာရေးဆိုင်ရာသဘောတူညီမှု SOP ညှိုနှိုင်းမှုတွေလုပ်ဆောင်သွားရမှာဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းကကိုပြောပါတယ်။

တစ်ဖက်နိုင်ငံမှလာရောက်မယ့်သူတွေကို Quartine ထားရှိတာအပါအဝင်တစ်နိုင်ငံနဲ့တစ်နိုင်ငံသတ်မှတ်ထားတဲ့ကျန်းမာရေးစံ SOP တွေမတူညီတာကြောင့်ဌာနဆိုင်ရာအလိုက်ပူးပေါင်းပါဝင်ပြီးညှိုနှိုင်းမှုတွေပါဝင်ရမယ်လို့သိရပါတယ်။

ဒါ့ပြင် လေကြောင်းလိုင်းတွေလေယာဉ်အမှုထမ်းတွေခရီးသည်တွေလိုက်နာဆောင်ရွက်လုပ်ဆောင်ရမယ့်အချက်အလက်တွေကိုလည်း ရေးဆွဲရဦးမှာဖြစ်တယ်လို့သိရပါတယ်။

ပြည်ပလေကြောင်းလိုင်းတွေပြန်ဖွင့်ပေမယ့်လည်း ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်တွေရှိနေဆဲဖြစ်တာကြောင့် ပြည်ပမှာကျောင်းသွားတက်သူတွေ၊အလုပ်သွားရောက်လုပ်ကိုင်သူတွေသာရှိနိုင်ပြီး၊ပြည်ပကအဝင်အနေနဲ့ကတော့လုပ်ငန်းဆိုင်ရာအလိုက်လိုအပ်တဲ့ပညာရှင်တွေ၊အရေးကြီးသံတမန်တွေသာရှိဦးမှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဦးသက်လွင်တိုးကသုံးသပ်ပါတယ်။

ကိုဗစ်ကြောင့်ပြည်ပလေကြောင်းလိုင်းတွေရပ်နားထားတာဟာ၂၀၂၀ ဧပြီလကစတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃၁ရက်မှာကိုးလပြည့်မြောက်ပါပြီ။

ရပ်နားထားတဲ့ကိုးလတာကာလအတွင်းကုန်တင်လေယာဉ်နဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြန်လည်ခေါ်ယူတဲ့ကယ်ဆယ်ရေးလေယဉ်ပျံသန်းတာတွေတော့ပြေးဆွဲလျှက်ရှိပါတယ်။

မြန်မာနိုင်ငံမှာပြည်တွင်းပုဂ္ဂလိကနဲ့အစိုးရလေကြောင်းလိုင်း ၁၁ခုကပြည်တွင်းနဲ့နိုင်ငံတကာခရီးစဉ်များကိုပြေးဆွဲပေးနေတာပါ။

ပြည်တွင်းလေကြောင်းလိုင်းတွေကတော့ ဒီကနေ့ဒီဇင်ဘာ၁၆ရက်နေ့မှာစတင်ပျံသန်းပြေးဆွဲနေပြီပဲဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ႏိုင္ငံတကာေလေၾကာင္းေတြျပန္ဖြင့္ဖို႔ လ်ာထားဆဲပဲ႐ွိေသး

ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြဇန္နဝါရီ ၁ ရက္မွာစတင္ပ်ံသန္းေျပးဆြဲႏိုင္ဖို႔လ်ာထားဆဲအဆင့္သာ႐ွိေသးၿပီးလိုအပ္တဲ့သတ္မွတ္ခ်က္ေတြညိႇဳႏိႈင္းရဦးမယ္လို႔ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနထံကသတင္းရ႐ွိပါတယ္။

ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ကုသေရးဗဟိုအဆင့္ေကာ္မတီကေတာ့ဇန္နဝါရီလ ၁ ရက္မွာျပည္ပေလေၾကာင္းလိုင္းေတြဖြင့္လွစ္ဖို႔ၫႊန္ၾကားထားၿပီျဖစ္ပါတယ္။

သတ္မွတ္ထားတဲ့ရက္အမွီဖြင့္လွစ္ႏိုင္ေရးအတြက္ အျခားႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ားနဲ႔ညိႇဳႏိႈင္းတာ၊ဗီဇာကိစၥေဆာင္႐ြက္တာေတြအပါအဝင္ပ်ံသန္းမယ့္ႏိုင္ငံနဲ႔က်န္းမာေရးဆိုင္ရာသေဘာတူညီမႈ SOP ညိႇဳႏိႈင္းမႈေတြလုပ္ေဆာင္သြားရမွာျဖစ္တယ္လို႔ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနရဲ႕ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေနဝင္းကကိုေျပာပါတယ္။

တစ္ဖက္ႏိုင္ငံမွလာေရာက္မယ့္သူေတြကို Quartine ထား႐ွိတာအပါအဝင္တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံသတ္မွတ္ထားတဲ့က်န္းမာေရးစံ SOP ေတြမတူညီတာေၾကာင့္ဌာနဆိုင္ရာအလိုက္ပူးေပါင္းပါဝင္ၿပီးညိႇဳႏိႈင္းမႈေတြပါဝင္ရမယ္လို႔သိရပါတယ္။

ဒါ့ျပင္ ေလေၾကာင္းလိုင္းေတြေလယာဥ္အမႈထမ္းေတြခရီးသည္ေတြလိုက္နာေဆာင္႐ြက္လုပ္ေဆာင္ရမယ့္အခ်က္အလက္ေတြကိုလည္း ေရးဆြဲရဦးမွာျဖစ္တယ္လို႔သိရပါတယ္။

ျပည္ပေလေၾကာင္းလိုင္းေတြျပန္ဖြင့္ေပမယ့္လည္း က်န္းမာေရးဆိုင္ရာကန္႔သတ္ခ်က္ေတြ႐ွိေနဆဲျဖစ္တာေၾကာင့္ ျပည္ပမွာေက်ာင္းသြားတက္သူေတြ၊အလုပ္သြားေရာက္လုပ္ကိုင္သူေတြသာ႐ွိႏိုင္ၿပီး၊ျပည္ပကအဝင္အေနနဲ႔ကေတာ့လုပ္ငန္းဆိုင္ရာအလိုက္လိုအပ္တဲ့ပညာ႐ွင္ေတြ၊အေရးႀကီးသံတမန္ေတြသာ႐ွိဦးမွာျဖစ္တယ္လို႔ ခရီးသြားလုပ္ငန္း႐ွင္တစ္ဦးျဖစ္တဲ့ဦးသက္လြင္တိုးကသုံးသပ္ပါတယ္။

ကိုဗစ္ေၾကာင့္ျပည္ပေလေၾကာင္းလိုင္းေတြရပ္နားထားတာဟာ၂၀၂၀ ဧၿပီလကစတင္ခဲ့တာျဖစ္ၿပီး ဒီဇင္ဘာ ၃၁ရက္မွာကိုးလျပည့္ေျမာက္ပါၿပီ။

ရပ္နားထားတဲ့ကိုးလတာကာလအတြင္းကုန္တင္ေလယာဥ္နဲ႔ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြကိုျပန္လည္ေခၚယူတဲ့ကယ္ဆယ္ေရးေလယဥ္ပ်ံသန္းတာေတြေတာ့ေျပးဆြဲလွ်က္႐ွိပါတယ္။ ျမန္မာႏိုင္ငံမွာျပည္တြင္းပုဂၢလိကနဲ႔အစိုးရေလေၾကာင္းလိုင္း ၁၁ခုကျပည္တြင္းနဲ႔ႏိုင္ငံတကာခရီးစဥ္မ်ားကိုေျပးဆြဲေပးေနတာပါ။

ျပည္တြင္းေလေၾကာင္းလိုင္းေတြကေတာ့ ဒီကေန႔ဒီဇင္ဘာ၁၆ရက္ေန႔မွာစတင္ပ်ံသန္းေျပးဆြဲေနၿပီပဲျဖစ္ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service