အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ ဒုတိယထပ်နှင့်တတိယထပ်ရှိ အခန်းများအား အများပြည်သူများထံ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
18902 Views

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ ဒုတိယထပ်နှင့်တတိယထပ်ရှိ အခန်းများအား အများပြည်သူများထံ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ရောင်းချပေးမည်

[Unicode]

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ ဒုတိယထပ်နှင့်တတိယထပ်ရှိ အခန်းများအား အများပြည်သူများထံ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကြေညာထားသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ မြို့မဈေးအနီးတွင် မြေဧရိယာ (၃၂၀) ဧကပေါ်တွင် တည်ဆောက်နေသည့် ၄ ခန်းတွဲ ၄ ထပ် အိမ်ရာအဆောက်အအုံများမှ ဖြစ်ကြောင်းသိရသည်။

ရောင်းချမည့်တိုက်ခန်းများမှာ ဒုတိယထပ်နှင့်တတိယထပ်ရှိအခန်းများဖြစ်ပြီး အခန်းတစ်ခန်းလျှင် ၆၅၀ စတုရန်းပေရှိပြီး အိပ်ခန်းနှစ်ခန်းပါဝင်ကြောင်းသိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ မြေညီထပ်နှင့် ပထမထပ်ရှိ အခန်းများကို အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းများအား ရောင်းချခဲ့ပြီးဖြစ်သည့်အတွက် ကျန်ရှိသည့် ဒုတိယထပ်နှင့် တတိယထပ်ရှိအခန်းများကို အများပြည်သူအားရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ဝယ်ယူလျှောက်ထားလိုသူများအနေဖြင့် ကော်မတီက ဖော်ပြထားသော လျှောက်လွှာပုံစံများတွင် အချက်အလက်များဖြည့်သွင်း၍ (၁၅.၁.၂၀၂၁) ရက်နေ့ နောက်ဆုံးထားကာ အငြိမ်းစားဝန်ထမ်းအိမ်ရာများ စိစစ်နေရာချထားရေး ဆပ်ကော်မတီ၊မြို့တော်ခန်းမ၊နေပြည်တော်သို့ လိပ်မူ၍ လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခန်းများကို ဘဏ်ချေးငွေဖြင့် ဝယ်ယူလိုပါက နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်နှင့်ချိတ်ဆက်၍ တိုက်ခန်းချေးငွေရယူဆောင်ရွက်နိုင်ပြီး နေထိုင်ခွင့်ရရှိသူများကိုလည်း ကြေညာသွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 












 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service