ပုသိမ်ကြီးမြို့ရှိပြည်သူ့အဌားအိမ်ရာ စီမံကိန်း( မန္တလေး ) တစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1350 Views

ပုသိမ်ကြီးမြို့ရှိပြည်သူ့အဌားအိမ်ရာ စီမံကိန်း( မန္တလေး ) တစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်မည်

[Unicode]

ကိုဗစ်ကာလတွင် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်အတွက် ရည် ရွယ်ကာ မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအနီးရှိ စီမံကိန်းဧရိယာတွင် တည်ဆောက်မည့် အခန်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အဌား အိမ်ရာ(မန္တလေး)အား တစ်နှစ်အတွင်း အပြီး သတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေးလုပ်ငန်း ရှင် များ အသင်းမှ သိရသည်။

“စီမံကိန်းက တစ်နှစ်လောက်တော့ အနည်းဆုံးကြာမယ်။ ဒီပြည်သူ့အိမ်ရာစီမံကိန်းဖော်ဆောင်မှုကြောင့် အလုပ်အကိုင်တွေ တော်တော်များများ ဖန်တီးပေးနိုင်တယ်၊ ဆင့်ကဲဆင့်ကဲပေါ့၊ ထောင်နဲ့ချီ ဖန်တီး ပေးနိုင်တယ်၊ပြီးတော့ ဆောက်လုပ်ရေးပစ္စည်း ရောင်းတဲ့ ဝယ်တဲ့သူတွေကလည်း ဆင့်ကဲ ဆင့်ကဲ အ လုပ်အကိုင်တွေပါ ရသွားတာပေါ့။ အလုပ်အကိုင်အခွင့်အလမ်း နှစ်ထောင်လောက်ဖန်တီးပေးနိုင်ပါတယ်၊ ဒေသခံ အလုပ်သမားတွေ၊ အရောင်း ဆိုင်တွေအလုပ်အ ကိုင် အခွင့် အလမ်းတွေရရှိသွားတာပေါ့” ဟု မြန်မာမြို့ပြနှင့် အခြေခံအ ဆောက်အအုံဖွံဖြိုးရေးလုပ်ငန်းရှင်များ အသင်း(Myanmar Developer Association-MDA) မှ ဦးဇော်ရဲဝင်း ကပြောဆိုသည်။

ပြည်သူ့အဌား အိမ်ရာ(မန္တလေး)အား မြေတူးမင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊ မြန်မာမြို့ပြနှင့် အခြေခံအ ဆောက်အအုံဖွံဖြိုးရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြအိမ်ရာဖွံဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန် မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းတည်ဆောက်သည့် ပြည်သူ့အဌား အိမ်ရာ(မန္တလေး)တွင် အခန်းပေါင်း ၃၀၀၀ ၊ လေးခန်းတွဲ၊ ငါးထပ် အဆာက်အ အုံဖြစ်ပြီး မြေညီထပ်ကို အများသုံးဧရိယာအဖြစ် သတ်မှတ်၍ လေးထပ်ကို လူနေအခန်းများအဖြစ် တည် ဆောက်မည်ဖြစ်ကာ အခန်းတစ်ခန်းလျင် စတုရန်းပေ ၆၆၀ ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီး ဖိုခန်းတို့ ပါဝင်ကာ အိမ်ပိုင်မရှိသည့် နိုင်ငံဝန်ထမ်းများနှင့် အခြေခံလူတန်းစား ပြည်သူများအား ဈေး သက်သက်သာသာဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ထို့ပြင် ယင်းစီမံကိန်းသည် အိမ်ရာလိုအပ်ချက်ရှိနေသည့် ပြည်သူများအတွက် ဖော်ဆောင်သည့် အဌားအိမ်ရာစီမံကိန်း ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အဌားအိမ်ရာစီမံကိန်းအဖြစ် အခန်းတစ်သောင်း တည် ဆောက်မည် ဖြစ်ကာ ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀ ၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုသိမ္ႀကီးၿမိဳ႕႐ွိျပည္သူ႕အဌားအိမ္ရာ စီမံကိန္း( မႏၲေလး ) တစ္ႏွစ္အတြင္း အၿပီးသတ္ တည္ေဆာက္မည္

ကိုဗစ္ကာလတြင္ ျပည္သူမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္း ဖန္တီးေပးႏိုင္ရန္အတြက္ ရည္ ႐ြယ္ကာ မႏၲေလးခ႐ိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္ ႐ွင္ေတာ္ကုန္းေက်း႐ြာအနီး႐ွိ စီမံကိန္းဧရိယာတြင္ တည္ေဆာက္မည့္ အခန္း ၃၀၀၀ ပါဝင္သည့္ ျပည္သူ႕အဌား အိမ္ရာ(မႏၲေလး)အား တစ္ႏွစ္အတြင္း အၿပီး သတ္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံဖြံၿဖိဳးေရးလုပ္ငန္း ႐ွင္ မ်ား အသင္းမွ သိရသည္။

“စီမံကိန္းက တစ္ႏွစ္ေလာက္ေတာ့ အနည္းဆုံးၾကာမယ္။ ဒီျပည္သူ႕အိမ္ရာစီမံကိန္းေဖာ္ေဆာင္မႈေၾကာင့္ အလုပ္အကိုင္ေတြ ေတာ္ေတာ္မ်ားမ်ား ဖန္တီးေပးႏိုင္တယ္၊ ဆင့္ကဲဆင့္ကဲေပါ့၊ ေထာင္နဲ႔ခ်ီ ဖန္တီး ေပးႏိုင္တယ္၊ၿပီးေတာ့ ေဆာက္လုပ္ေရးပစၥည္း ေရာင္းတဲ့ ဝယ္တဲ့သူေတြကလည္း ဆင့္ကဲ ဆင့္ကဲ အ လုပ္အကိုင္ေတြပါ ရသြားတာေပါ့။ အလုပ္အကိုင္အခြင့္အလမ္း ႏွစ္ေထာင္ေလာက္ဖန္တီးေပးႏိုင္ပါတယ္၊ ေဒသခံ အလုပ္သမားေတြ၊ အေရာင္း ဆိုင္ေတြအလုပ္အ ကိုင္ အခြင့္ အလမ္းေတြရ႐ွိသြားတာေပါ့” ဟု ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအ ေဆာက္အအုံဖြံၿဖိဳးေရးလုပ္ငန္း႐ွင္မ်ား အသင္း(Myanmar Developer Association-MDA) မွ ဦးေဇာ္ရဲဝင္း ကေျပာဆိုသည္။

ျပည္သူ႕အဌား အိမ္ရာ(မႏၲေလး)အား ေျမတူးမဂၤလာအခမ္းအနားကို ဒီဇင္ဘာ ၃ ရက္က က်င္းပခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဇာနည္ေအာင္၊ ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအ ေဆာက္အအုံဖြံၿဖိဳးေရးလုပ္ငန္း႐ွင္မ်ားအသင္းမွ တာဝန္႐ွိ သူမ်ား တက္ေရာက္ခဲ့သည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပအိမ္ရာဖြံၿဖိဳးေရးဦးစီးဌာန မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ျမန္ မာၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံ ဖြံၿဖိဳးေရး လုပ္ငန္း႐ွင္မ်ားအသင္းတို႔ပူးေပါင္းတည္ေဆာက္သည့္ ျပည္သူ႕အဌား အိမ္ရာ(မႏၲေလး)တြင္ အခန္းေပါင္း ၃၀၀၀ ၊ ေလးခန္းတြဲ၊ ငါးထပ္ အဆာက္အ အုံျဖစ္ၿပီး ေျမညီထပ္ကို အမ်ားသုံးဧရိယာအျဖစ္ သတ္မွတ္၍ ေလးထပ္ကို လူေနအခန္းမ်ားအျဖစ္ တည္ ေဆာက္မည္ျဖစ္ကာ အခန္းတစ္ခန္းလ်င္ စတုရန္းေပ ၆၆၀ က်ယ္ဝန္းၿပီး အိပ္ခန္းႏွစ္ခန္း၊ ဧည့္ခန္း၊ မီး ဖိုခန္းတို႔ ပါဝင္ကာ အိမ္ပိုင္မ႐ွိသည့္ ႏိုင္ငံဝန္ထမ္းမ်ားႏွင့္ အေျခခံလူတန္းစား ျပည္သူမ်ားအား ေဈး သက္သက္သာသာျဖင့္ ေရာင္းခ်ေပးမည္ျဖစ္သည္။

ထို႔ျပင္ ယင္းစီမံကိန္းသည္ အိမ္ရာလိုအပ္ခ်က္႐ွိေနသည့္ ျပည္သူမ်ားအတြက္ ေဖာ္ေဆာင္သည့္ အဌားအိမ္ရာစီမံကိန္း ျဖစ္ၿပီး ႏိုင္ငံတစ္ဝွမ္း အဌားအိမ္ရာစီမံကိန္းအျဖစ္ အခန္းတစ္ေသာင္း တည္ ေဆာက္မည္ ျဖစ္ကာ ရန္ကုန္ၿမိဳ႕တြင္ အခန္းေပါင္း ၆၃၀၀ ၊ ေနျပည္ေတာ္တြင္ အခန္းေပါင္း ၇၀၀ ႏွင့္ မႏၲေလးၿမိဳ႕တြင္ အခန္းေပါင္း ၃၀၀၀ အေကာင္အထည္ေဖာ္တည္ေဆာက္သြားမည္ျဖစ္သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service