ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်(KMIC) စီမံကိန်း ပထမအဆင့် Pharse 1 အား ဒီဇင်ဘာ ၂၄ ရက်တွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
1660 Views

ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်(KMIC) စီမံကိန်း ပထမအဆင့် Pharse 1 အား ဒီဇင်ဘာ ၂၄ ရက်တွင် စတင်မည်

[Unicode]

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့ တော်(Korea-Myanmar Industrial Complex )(KMIC) စီမံကိန်း ပထမအဆင့် Pharse 1 အား ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကပြောဆိုသည်။

KMIC စီမံကိန်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာကောင်းများ ရှိမည်ဖြစ်ပြီး ယင်းစီမံကိန်း၏ အပြင်ဘက်တွင် ကိုရီးယားနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မူ ဖွံဖြိုး‌ရေးရန်ပုံငွေ EDCF၏ ‌ချေးငွေဖြင့် တည်ဆောက်ရန်ရှိသည့် အခြေခံအဆောက်အ အုံ တည် ဆောက်ရေး စီမံကိန်းအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံ မြေယာ၊ အခြေခံအ ဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ရှစ် ကြိမ်မြောက် Global Infrastructure Cooperation ကွန်ဖရင့် (GICC) ၂၀၂၀ အခမ်းအနားထံ နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အွန်လိုင်းဖြင့် တက်ရောက်စဉ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးဟန်ဇော် က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆိုပါ စီမံကိန်းမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း တစ်ရာကျော် ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း Korea-Myanmar Industrial Complex (KMIC) စက်မှုဥယျာဉ် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ကိုရီးယားအစိုးရပိုင် Korea Land & Housing Corporation တို့မှ အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုရီးယား-ျမန္မာ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္(KMIC) စီမံကိန္း ပထမအဆင့္ Pharse 1 အား ဒီဇင္ဘာ ၂၄ ရက္တြင္ စတင္မည္

ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးၿမိဳ႕နယ္တြင္ အေကာင္အထည္ေဖာ္မည့္ ကိုရီးယား-ျမန္မာ စက္မႈဥယ်ာဥ္ၿမိဳ႕ ေတာ္(Korea-Myanmar Industrial Complex )(KMIC) စီမံကိန္း ပထမအဆင့္ Pharse 1 အား ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္တြင္ စတင္တည္ေဆာက္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ ကေျပာဆိုသည္။

KMIC စီမံကိန္းတြင္ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အလားအလာေကာင္းမ်ား ႐ွိမည္ျဖစ္ၿပီး ယင္းစီမံကိန္း၏ အျပင္ဘက္တြင္ ကိုရီးယားႏိုင္ငံ၏ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မူ ဖြံၿဖိဳး‌ေရးရန္ပုံေငြ EDCF၏ ‌ေခ်းေငြျဖင့္ တည္ေဆာက္ရန္႐ွိသည့္ အေျခခံအေဆာက္အ အုံ တည္ ေဆာက္ေရး စီမံကိန္းအေနျဖင့္ ၂၀၂၃ ခုႏွစ္တြင္ ၿပီးစီးမည္ျဖစ္သည္။

ကိုရီးယားသမၼတႏိုင္ငံ ေျမယာ၊ အေျခခံအ ေဆာက္အအုံႏွင့္ ပို႔ေဆာင္ေရးဝန္ႀကီးဌာနမွ ႀကီးမႉးက်င္းပသည့္ ႐ွစ္ ႀကိမ္ေျမာက္ Global Infrastructure Cooperation ကြန္ဖရင့္ (GICC) ၂၀၂၀ အခမ္းအနားထံ ေနျပည္ေတာ္႐ွိ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ အြန္လိုင္းျဖင့္ တက္ေရာက္စဥ္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္ စုဝန္ႀကီး ဦးဟန္ေဇာ္ က အထက္ပါအတိုင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ လွည္းကူးၿမိဳ႕နယ္တြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ အဆိုပါ စီမံကိန္းမွ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း တစ္သိန္းခန္႔ ဖန္တီးေပးႏိုင္မည္ျဖစ္ၿပီး အေမရိကန္ေဒၚလာ သန္း တစ္ရာေက်ာ္ ရင္းႏွီး ျမႇဳပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္း Korea-Myanmar Industrial Complex (KMIC) စက္မႈဥယ်ာဥ္ စီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္သင္တန္းေက်ာင္း ေျမဧရိယာ ၅၅၈ ဧကေပၚတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ႏွင့္ ကိုရီးယားအစိုးရပိုင္ Korea Land & Housing Corporation တို႔မွ အက်ိဳးတူ ပူးေပါင္း အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service