ရေခဲတောင်သို့ သွားရောက်နိုင်မည့် ခရီးစဉ်သစ်တစ်ခုဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1118 Views

ရေခဲတောင်သို့ သွားရောက်နိုင်မည့် ခရီးစဉ်သစ်တစ်ခုဖော်ဆောင်မည်

[Unicode]

ရေခဲတောင်သို့ သွားရောက်နိုင်မည့် ခရီးစဉ်သစ်တစ်ခုကို ကိုဗစ် ၁၉ အလွန်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ဒီဇင်ဘာ ၁၀ ရက်က သိရသည်။

အဆိုပါ ရေခဲတောင်သို့ သွားရောက်နိုင်မည့် ခရီးစဉ်သစ်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးဖီမော်နှင့် ဆော့လော် ကျေးရွာကြားရှိ နေရာတစ်ခုဖြစ်ပြီး မြစ်ကြီးနား-ချီဖွေ- ဖီမော် လမ်းအတိုင်း တရုတ်နိုင်ငံနယ်စပ်အထိသွားရောက်ရမည်ဖြစ်ကာ မြစ်ကြီးနားမှချီဖွေအထိ ၈၈ မိုင်ရှည်သောလမ်းပိုင်းသည် နိုင်လွန်လမ်းနှင့် ကွန်ကရစ်လမ်းရှိသော်လည်းချီဖွေမှ ဖီမော် လမ်းပိုင်းသည် ၆၉ မိုင်ရှည်လျားသောမြေသားလမ်းဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်သစ်ရှိရေခဲတောင်ဒေသသည် ဒီဇင်ဘာလကုန်မှမတ်လကုန်အထိသာ ရေခဲဖုံးလွှမ်းကြောင်း၊ ကချင်မြိုးနွယ်စု အချို့၏ ရိုးရာဓလေ့ အပါအဝင် လှေကားထစ်စိုက်ပျိုးခင်းများ၊ တိုင်းရင်းသားအစားအစာများကိုလည်း ပြည်တွင်းခရီးသွား များအနေဖြင့် လေ့လာစားသုံးနိုင်မည်ဖြစ်သော်လည်း ကန့်သတ်နယ်မြေဖြစ်သည့်အတွက် နိုင်ငံခြားခရီးသွားဧည့်သည်များကိုမူ သွားလာခွင့်ပြုမည်မဟုတ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]







 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service