အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်အသစ်နဲ့ new normal ဈေးကွက်ဖြစ်ပေါ်နေ - Property News in Myanmar from iMyanmarHouse.com
1610 Views

အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်အသစ်နဲ့ new normal ဈေးကွက်ဖြစ်ပေါ်နေ

[Unicode]

ရန်ကုန်အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်ကြောင့် အိမ်ခြံမြေဈေးကွက်ဟာ New normal ပုံစံသစ်နဲ့အရောင်းအဝယ်ကောင်းမွန်လာနိုင်တယ်လို့ အကျိူးဆောင်တွေကသုံးသပ်ပါတယ်။

အခုနှစ်၂၀၂၀-၂၁ဘဏာနှစ်အတွက်ရန်ကုန်အိမ်ခြံမြေစံသတ်မှတ်ချက်ဟာ၂၅ရာခိုင်နှုန်းအထိလျှော့ချထားတာကြောင့်ဒေသအလိုက်ရပ်ကွက်အလိုက်အိမ်ခြံမြေဈေးနှုန်းအပြောင်းအလဲကရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ကပ်ရောဂါအတွက်ကာကွယ်ဆေးသတင်းဂယက်ကလည်းရန်ကုန်အိမ်ခြံမြေဈေးကွက်ကိုအကောင်းဘက်ကိုပြန်လည်ဦးတည်လာတာလည်းဖြစ်ပါတယ်။

ပြည်တွင်းအခွန်ဦးစီးဌာနကထုတ်ပြန်သော၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းမြို့နယ်များ၏ကာလတန်ဖိုးသတ်မှတ်ပေးမည့်စံနှုန်းကိုထုတ်ပြန်လိုက်ပါပြီ ထုတ်ပြန်ချက်တွေအရဒဂုံမြို့နယ်ပြည်လမ်းမပေါ်ရှိမြေတစ်စတုရန်းပေတန်ဖိုးကိုယမန်နှစ်ကကျပ်လေးသိန်းသတ်မှတ်ထားရာအခုနှစ်မှာသုံးသိန်းကျော်လောက်တာရှိတော့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့်ရာခိုင်နှုန်းအားဖြင့်၂၅ ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းလောက်အထိလျှော့ချလိုက်တာပါ။

မြေပြင်ဈေးနှုန်းတွေကိုအိမ်ခြံမြေကာလစိစစ်တန်ဖိုးသတ်မှတ်ရေးအဖွဲ့ကအခုနှစ်ကပ်ရောဂါကာလအတွင်းစာရင်းကောက်ယူခဲ့တာကြောင့်တန်ဖိုးအားဖြင့်အနည်းငယ်လျော့ကျလာခြင်းဖြစ်တယ်လို့ အိမ်ခြံမြေအကျိူးဆောင်တွေကပြောပါတယ်။

အိမ်ခြံမြေဈေးကွက်တွင်တစ်ပေပတ်လည်စံနှုန်းသတ်မှတ်ချက်သည်တရားဝင်ဝင်ငွေရလမ်းမဖော်ပြနိုင်သည့်ငွေကြေးများဖြင့်အိမ်မြေဝယ်ယူရာ၌သတ်မှတ်အခွန်ကောက်နိုင်ရန်အစိုးရကတစ်နှစ်တစ်ကြိမ်ပြဋ္ဌာန်းပေးသည့် အခြခံနှုန်းထားတစ်ခုဖြစ်သည်။သတ်မှတ်မြို့နယ်များရှိအိမ်၊မြေများရောင်းဝယ်ပြီးတရားဝင်ပိုင်ဆိုင်မှုပြောင်းလဲမည်ဆိုလျှင် စံသတ်မှတ်ထားသောနှုန်းထားဖြင့်အခွန်ပေးဆောင်ရမည်ဖြစ်သည်။

"စံနှုန်းအပြောင်းအလဲကအေးစက်နေတဲ့ဈေးကွက်ကိုတနေရာရာကနေအကျိူးပြုကောင်းပြုလာနိုင်ပေမယ့် ဈေးကွက်အကောင်းဆုံးဖြစ်မယ့်အချိန်ကိုတော့တော်တော်လေးစောင့်ရဦးမယ်ရွှေနဲ့ဒေါ်လာဈေးတွေဈေးကွက်ထဲအဝယ်ဖြစ်လာပြိဆိုရင်အိမ်ခြံမြေကလည်း ကျွဲကူးရေပါဖြစ်လာဖို့မျှော်လင့်ရမယ် " ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဦးသိန်းဦး ကခန့်မှန်းပြောဆိုပါတယ်။

လက်ရှိကပ်ရောဂါကြောင့် အေးစက်နေတဲ့ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာရောင်းလိုသူတွေများပြားနေပြိးနယ်မြို့တွေမှာခုရက်ပိုင်းအတွင်းကျန်းမာရေးဆိုင်ရာဖြေလျှော့မှုတွေကြောင့် အရောင်းအဝယ်တချို့ပြန်လိုက်လာတယ်လို့ အကျိူးဆောင်တွေထံကသိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


ရန်ကုန်အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်ကြောင့် အိမ်ခြံမြေဈေးကွက်ဟာ New normal ပုံစံသစ်နဲ့အရောင်းအဝယ်ကောင်းမွန်လာနိုင်တယ်လို့ အကျိုးဆောင်တွေကသုံးသပ်ပါတယ်။





မြေပြင်ဈေးနှုန်းတွေကိုအိမ်ခြံမြေကာလစိစစ်တန်ဖိုးသတ်မှတ်ရေးအဖွဲ့ကအခုနှစ်ကပ်ရောဂါကာလအတွင်းစာရင်းကောက်ယူခဲ့တာကြောင့်တန်ဖိုးအားဖြင့်အနည်းငယ်လျော့ကျလာခြင်းဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေကပြောပါတယ်။


"စံနှုန်းအပြောင်းအလဲကအေးစက်နေတဲ့ဈေးကွက်ကိုတနေရာရာကနေအကျိုးပြုကောင်းပြုလာနိုင်ပေမယ့် ဈေးကွက်အကောင်းဆုံးဖြစ်မယ့်အချိန်ကိုတော့တော်တော်လေးစောင့်ရဦးမယ်ရွှေနဲ့ဒေါ်လာဈေးတွေဈေးကွက်ထဲအဝယ်ဖြစ်လာပြိဆိုရင်အိမ်ခြံမြေကလည်း ကျွဲကူးရေပါဖြစ်လာဖို့မျှော်လင့်ရမယ် " ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဦးသိန်းဦး ကခန့်မှန်းပြောဆိုပါတယ်။

လက်ရှိကပ်ရောဂါကြောင့် အေးစက်နေတဲ့ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာရောင်းလိုသူတွေများပြားနေပြိးနယ်မြို့တွေမှာခုရက်ပိုင်းအတွင်းကျန်းမာရေးဆိုင်ရာဖြေလျှော့မှုတွေကြောင့် အရောင်းအဝယ်တချို့ပြန်လိုက်လာတယ်လို့ အကျိုးဆောင်တွေထံကသိရပါတယ်။



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service