တစ်နိုင်ငံလုံးကအိမ်ထောင်စုပေါင်း ၆ သန်းကျော်ငွေကျပ် ၁၆၃ ဘီလီယံထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
776 Views

တစ်နိုင်ငံလုံးကအိမ်ထောင်စုပေါင်း ၆ သန်းကျော်ငွေကျပ် ၁၆၃ ဘီလီယံထောက်ပံ့မည်

[Unicode]

ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစားများကိုထောက်ပံ့ကြေးပေးတဲ့ကိစ္စရှုပ်ထွေးနေဆဲဖြစ်ပြီးနေ့စဉ်ရပ်ကွက်အတွင်းမှာဖြေရှင်းပေးနေရဆဲဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံကသိရပါတယ်။

ရပ်ကွက်ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေကအိမ်မှာနေထိုင်သူဦးရေ၊အလုပ်အကိုင်အခြေအနေတွေကိုမေးမြန်းစာရင်းကောက်ယူပြီးထောက်ပံ့ကြေးအမှန်တကယ်ပေးတဲ့အခါမှာမရသူတွေကအဆင်မပြေလို့ပြသနာတွေဖြစ်တာလို့ အခြေခံလူတန်းစားအများစုနေထိုင်ရာ လှိုင်သာယာမြို့နယ်ကပြည်သူတစ်ဦးကဆိုပါတယ်။

အချို့ရပ်ကွက်တွေမှာစာရင်းမပါလာတဲ့အိမ်ထောင်စုတွေကိုစာရင်းပါလာတဲ့သူတွေနဲ့အညီငွေကျပ်လေးသောင်းအပြည့်အဝမပေးတော့ဘဲတစ်အိမ်ထောင်ကိုတစ်သောင်းခွဲနှစ်သောင်းအစရှိသလိုအညီအမျှခွဲဝေပေးရတာတွေလည်းရှိတယ်လို့ လှိုင်သာယာမြို့နယ်ကျန်စစ်သား၈လမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးကမြေပြင်အခြေအနေကိုပြောပြပါတယ်။

အခုလိုအိမ်ထောင်စုတွေကိုထောက်ပံ့ကြေးပေးအပ်တဲ့အပေါ်စီမံခန့်ခွဲနိုင်မှုဟာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေရဲ့ကိုယ်ကျင့်တရားစာမေးပွဲကိုစစ်လိုက်တာလည်းဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးကပြောပါတယ်။

ထောက်ပံ့ကြေးမရလို့နေ့စဉ်ရပ်ကွက်ထဲမှာလူစုလူဝေးဖြစ်နေတာကလည်းကပ်ရောဂါကာလထဲမှာ စိုးရိမ်စရာတစ်ခုဖြစ်တယ်လို့ ဦးမောင်မောင်ဦးကပြောပါတယ်။

အရင်က ကိုဗစ်ကာလရိက္ခာဝေတုန်းကစာရင်းမှာပါဝင်သူတွေကအခုပေးတဲ့လေးသောင်းကိုအပြည့်အဝရရှိကြပေမယ့် စာရင်းအသစ်ပေးထားသူတွေမရရှိတာကြောင့် ရပ်မိရပ်ဖတွေနဲ့ညှိုနှိုင်းပြီးအိမ်ထောင်စုတစ်ခုကိုတစ်သောင်းကနေနှစ်သောင်းလောက်ရရှိအောင်စီမံပေးနေရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃ ရပ်ကွက်အုပ်ချုပ်ရေးရေးမှူးက ဆိုပါတယ်။

အစိုးရကကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသူတွေကိုအချက်၁၈ချက်နဲ့စိစစ်ပြီးရွေးချယ်ကာတစ်အိမ်ထောင်ကို Stay at home မြို့နယ်မှာအကျုံးဝင်သူတွေကလေးသောင်းကျပ်၊ Stay At Home အကျုံးမဝင်သူက၂သောင်းဆိုပြီးသတ်မှတ်ထားတာပါ။

တစ်နိုင်ငံလုံးက အိမ်ထောင်စုပေါင်း ၆သန်းကျော်ငွေကျပ်၁၆၃ဘီလီယံကိုထောက်ပံ့ပေးသွားဖို့ရည်ရွယ်ထားတာပါ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service