စင်္ကာပူငွေကြေးစီမံခန့်ခွဲမှုအဖွဲ့ Ascent Capital Partners မြန်မာနိုင်ငံတွင် ဒေါ်လာ ၈၈ သန်း ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
1093 Views

စင်္ကာပူငွေကြေးစီမံခန့်ခွဲမှုအဖွဲ့ Ascent Capital Partners မြန်မာနိုင်ငံတွင် ဒေါ်လာ ၈၈ သန်း ရင်းနှီးမြှုပ်နှံမည်

[Unicode]

မြန်မာနိုင်ငံတွင် ဒေါ်လာ ၈၈ သန်းရင်းနှီးမြှုပ်နှံမည်ဟု စင်ကာပူ ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့ အစည်း Ascent Capital Partners က နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

Ascent Capi-tal ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၎င်းတို့ဖွဲ့စည်းထားသည့် Ascent Myanmar Growth Fund မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ယင်းအဖွဲ့အစည်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈ သန်းခဲ့ရှိကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းကလည်း Ascent Capital က ပြည်တွင်းရှိ ဆက်သွယ်ရေးဒကုမ္ပဏီတစ်ခုဖြစ်သော Frontiir ကုမ္ပဏီတွင် အမေရိကန် ဒေါ်လာ ၂၆ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။

“လက်ရှိ အခြေအနေတွေ အရ နိုင်ငံရဲ့စီးပွားရေးတိုးတက်မှု အနည်းငယ်နှောင့်နှေးမှုတွေရှိနိုင် ပေမယ့် ကောင်းမွန်တည်ငြိမ်တဲ့ စီးပွားရေးအခြေအနေရှိမယ်လို့ မျှော်မှန်းပါတယ်ရေရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့ အလားအလာကောင်းတွေလည်း ရှိပါတယ်။” ဟု Ascent Capi-tal တည်ထောင်သူ မစ္စတာ Lim Chong Chong က ပြောသည်။

ထိုငွေကြေးများကို စားသုံးသူနှင့် သက်ဆိုင်သော လုပ်ငန်း များ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နည်းပညာ၊ မီဒီယာနှင့် ဆက်သွယ်ရေး ကဏ္ဍများရှိ ကုမ္ပဏီတစ်ခုလျှင် ဒေါ်လာငါးသန်းစီ ရင်းနှီးမြှုပ်နှံမည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

ကုမ္ပဏီများသည် အလယ်အလတ်အဆင့်ရှိ ကုမ္ပဏီ များဖြစ်မည်ဟု အဆိုပါထုတ်ပြန် ချက်တွင် ဖော်ပြထားပြီး Ascent Capital သည်စင်ကာပူငွေကြေး အာဏာပိုင် အဖွဲ့က အသိအမှတ်ပြုထားသည့် ငွေကြေးစီမံခန့်ခွဲမှုကုမ္ပဏီတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အခြေစိုက်ကုမ္ပဏီခွဲထူထောင်ပြီး ပုဂ္ဂလိကကဏ္ဍတွင် ငွေကြေးရင်း နှီးမြှုပ်နှံရန် ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြီးနောက် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးအပေါ် အ ပြည့်အဝ ယုံကြည်မှုရှိသောကြောင့် ဖြစ်သည်ဟု ကုမ္ပဏီကဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စကၤာပူေငြေၾကးစီမံခန္႔ခြဲမႈအဖြဲ႕ Ascent Capital Partners ျမန္မာႏိုင္ငံတြင္ ေဒၚလာ ၈၈ သန္း ရင္းႏွီးျမႇဳပ္ႏွံမည္

ျမန္မာႏိုင္ငံတြင္ ေဒၚလာ ၈၈ သန္းရင္းႏွီးျမႇဳပ္ႏွံမည္ဟု စင္ကာပူ ေငြေၾကးစီမံခန္႔ခြဲမႈအဖြဲ႕ အစည္း Ascent Capital Partners က ႏိုဝင္ဘာ ၁၁ ရက္ေန႔က ထုတ္ျပန္ေၾကညာသည္။

Ascent Capi-tal ကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္ ၎တို႔ဖြဲ႕စည္းထားသည့္ Ascent Myanmar Growth Fund မွတစ္ဆင့္ ရင္းႏွီးျမႇဳပ္ႏွံမွာျဖစ္ၿပီး ယင္းအဖြဲ႕အစည္းကို ၂၀၁၈ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္း ရန္ပုံေငြ အေမရိကန္ေဒၚလာ ၈၈ သန္းခဲ့႐ွိေၾကာင္း သိရသည္။

ယခုႏွစ္အေစာပိုင္းကလည္း Ascent Capital က ျပည္တြင္း႐ွိ ဆက္သြယ္ေရးဒကုမၸဏီတစ္ခုျဖစ္ေသာ Frontiir ကုမၸဏီတြင္ အေမရိကန္ ေဒၚလာ ၂၆ သန္း ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္။

“လက္႐ွိ အေျခအေနေတြ အရ ႏိုင္ငံရဲ႕စီးပြားေရးတိုးတက္မႈ အနည္းငယ္ေႏွာင့္ေႏွးမႈေတြ႐ွိႏိုင္ ေပမယ့္ ေကာင္းမြန္တည္ၿငိမ္တဲ့ စီးပြားေရးအေျခအေန႐ွိမယ္လို႔ ေမွ်ာ္မွန္းပါတယ္ေရ႐ွည္ရင္းႏွီးျမႇဳပ္ႏွံႏိုင္တဲ့ အလားအလာေကာင္းေတြလည္း ႐ွိပါတယ္။” ဟု Ascent Capi-tal တည္ေထာင္သူ မစၥတာ Lim Chong Chong က ေျပာသည္။

ထိုေငြေၾကးမ်ားကို စားသုံးသူႏွင့္ သက္ဆိုင္ေသာ လုပ္ငန္း မ်ား၊ ပညာေရး၊ က်န္းမာေရး၊ ဘ႑ာေရးဝန္ေဆာင္မႈ၊ နည္းပညာ၊ မီဒီယာႏွင့္ ဆက္သြယ္ေရး က႑မ်ား႐ွိ ကုမၸဏီတစ္ခုလွ်င္ ေဒၚလာငါးသန္းစီ ရင္းႏွီးျမႇဳပ္ႏွံမည္ဟု အဆိုပါကုမၸဏီက ထုတ္ျပန္သည္။

ကုမၸဏီမ်ားသည္ အလယ္အလတ္အဆင့္႐ွိ ကုမၸဏီ မ်ားျဖစ္မည္ဟု အဆိုပါထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားၿပီး Ascent Capital သည္စင္ကာပူေငြေၾကး အာဏာပိုင္ အဖြဲ႕က အသိအမွတ္ျပဳထားသည့္ ေငြေၾကးစီမံခန္႔ခြဲမႈကုမၸဏီတစ္ခု ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္လည္း အေျခစိုက္ကုမၸဏီခြဲထူေထာင္ၿပီး ပုဂၢလိကက႑တြင္ ေငြေၾကးရင္း ႏွီးျမႇဳပ္ႏွံရန္ ေဆာင္႐ြက္ေနသည္။

ျမန္မာႏိုင္ငံတြင္ က်င္းပခဲ့ေသာ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ၿပီးေနာက္ ျမန္မာႏိုင္ငံ၏ အနာဂတ္စီးပြားေရးအေပၚ အ ျပည့္အဝ ယုံၾကည္မႈ႐ွိေသာေၾကာင့္ ျဖစ္သည္ဟု ကုမၸဏီကဆိုသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service