စိးပွားရေးလုပ်ငန်း၂၀၀၀ ကျော်ကို ကျပ် (၄၁) ဘီလီယံထုတ်ချေးဖို့စတင် - Property News in Myanmar from iMyanmarHouse.com
1005 Views

စိးပွားရေးလုပ်ငန်း၂၀၀၀ ကျော်ကို ကျပ် (၄၁) ဘီလီယံထုတ်ချေးဖို့စတင်

[Unicode]

စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်း၂,၂၄၁ ခုအတွက်ကျပ် (၄၁) ဘီလီယံကျော်ထုတ်ချေးရန် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီကဆုံးဖြတ်လိုက်သည်။

စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးအတွက်အစိုးရကဒုတိယအကြိမ်ကျပ်ဘီလီယံ၁၀၀ကိုထုတ်ချေးရန်ဆုံးဖြတ်ထားသည်။

ဒုတိယအကြိမ်စီးပွားရေးလုပ်ငန်းများသို့ချေးငွေထုတ်ပေးရန်လုပ်ငန်းကော်မတီအစည်းအဝေးကိုအောက်တိုဘာ ၁၄ရက်တွင်ပြုလုပ်ခဲ့သည်။

ချေးငွေထပ်မံထုတ်ချေးမည့်စီးပွားရေးကဏ္ဍကိုးခုရှိပြီး သွင်းကုန်အစားထိုးလုပ်ငန်းကဏ္ဍမှာအများဆုံးဖြစ်ပြီး လုပ်ငန်းပေါင်း၁၅၃ခုအတွက်ကျပ် ၃ဒသမ ၄ဘီလီယံကျော်ထုတ်ချေးရန်အစိုးရကခွင့်ပြုထားသည်။

မွေးမြူရေးကဏ္ဍလုပ်ငန်းကကျပ်၂ဒသမ ၉ဘီလီယံကျော်ဖြင့်ဒုတိယအများဆုံးဖြစ်ပြီးစားသောက်ကုန်ကဏ္ဍလုပ်ငန်းများကကျပ်၂ ဒသမ ၇ဘီလီယံကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။

အစိုးရကဒုတိယအကြိမ်ငွေထုတ်ချေးမည့်အစီအစဉ်တွင် ရုပ်ရှင်၊ဂီတ၊သဘင်၊စာနယ်ဇင်းနှင့်မီဒီယာများအတွက်ချေးငွေထုတ်ပေးနိုင်ရန်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနကကျပ် ၁၅ဘီလီယံသီးခြားလျာထားပြီးလျင်မြန်စွာထုတ်ပေးနိုင်ရေးဆောင်ရွက်နေကြောင်း COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးသောင်းထွန်းကပြောသည်။

ဒုတိယအကြိမ်ချေးငွေကျပ်ဘီလီယံ ၁၀၀မှလုပ်ငန်းပေါင်း ၁,၂၀၀အတွက်ကျပ်၂၁ဘီလီယံကိုပြီးခဲ့သည့်စက်တင်ဘာကထုတ်ချေးထားသည်။

ပထမအကြိမ်တွင်စီးပွားရေးလုပ်ငန်းများအတွက်လုပ်ငန်းပေါင်း ၃,၂၃၉ခုသို့ကျပ် ၉၇ဒသမ၀၅၀ဘီလီယံထုတ်ချေးထားပြီးကျန်ရှိနေသောလုပ်ငန်း ၁၅၄ခုအတွက်ကျပ်လေးဘီလီယံကျော်ကိုဆက်လက်ထုတ်ပေးမည်ဖြစ်သည်။

စီးပွားရေးအပေါ်သက်ရောက်မှုများကုစားရေးအတွက်အစိုးရက လက်ရှိအချိန်အထိကျပ် ၁၆၀ဘီလီယံကျော်ကိုပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအားချေးငွေထုတ်ပေးထားသည်။

COVID-19 ကပ်ရောဂါကြောင့်စီးပွားရေးထိခိုက်မှုကုစားရန်အစိုးရကကျပ်ဘီလီယံ၂၀၀ မှ ၅၀၀ဘီလီယံအထိစိုက်ထုတ်သုံးစွဲရန်စီစဉ်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စိးပြားေရးလုပ္ငန္း၂၀၀၀ ေက်ာ္ကို က်ပ္ (၄၁) ဘီလီယံထုတ္ေခ်းဖို႔စတင္

စိုက္ပ်ိဳး၊ေမြးျမဴေရးလုပ္ငန္းမ်ားအပါအဝင္ စီးပြားေရးလုပ္ငန္း၂,၂၄၁ ခုအတြက္က်ပ္ (၄၁) ဘီလီယံေက်ာ္ထုတ္ေခ်းရန္ COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္စီးပြားေရးသက္ေရာက္မႈမ်ားအေပၚကုစားေရးလုပ္ငန္းေကာ္မတီကဆုံးျဖတ္လိုက္သည္။

စီးပြားေရးသက္ေရာက္မႈမ်ားအေပၚကုစားေရးအတြက္အစိုးရကဒုတိယအႀကိမ္က်ပ္ဘီလီယံ၁၀၀ကိုထုတ္ေခ်းရန္ဆုံးျဖတ္ထားသည္။

ဒုတိယအႀကိမ္စီးပြားေရးလုပ္ငန္းမ်ားသို႔ေခ်းေငြထုတ္ေပးရန္လုပ္ငန္းေကာ္မတီအစည္းအေဝးကိုေအာက္တိုဘာ ၁၄ရက္တြင္ျပဳလုပ္ခဲ့သည္။

ေခ်းေငြထပ္မံထုတ္ေခ်းမည့္စီးပြားေရးက႑ကိုးခု႐ွိၿပီး သြင္းကုန္အစားထိုးလုပ္ငန္းက႑မွာအမ်ားဆုံးျဖစ္ၿပီး လုပ္ငန္းေပါင္း၁၅၃ခုအတြက္က်ပ္ ၃ဒသမ ၄ဘီလီယံေက်ာ္ထုတ္ေခ်းရန္အစိုးရကခြင့္ျပဳထားသည္။

ေမြးျမဴေရးက႑လုပ္ငန္းကက်ပ္၂ဒသမ ၉ဘီလီယံေက်ာ္ျဖင့္ဒုတိယအမ်ားဆုံးျဖစ္ၿပီးစားေသာက္ကုန္က႑လုပ္ငန္းမ်ားကက်ပ္၂ ဒသမ ၇ဘီလီယံေက်ာ္ျဖင့္ တတိယအမ်ားဆုံးျဖစ္သည္။

အစိုးရကဒုတိယအႀကိမ္ေငြထုတ္ေခ်းမည့္အစီအစဥ္တြင္ ႐ုပ္႐ွင္၊ဂီတ၊သဘင္၊စာနယ္ဇင္းႏွင့္မီဒီယာမ်ားအတြက္ေခ်းေငြထုတ္ေပးႏိုင္ရန္စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာနကက်ပ္ ၁၅ဘီလီယံသီးျခားလ်ာထားၿပီးလ်င္ျမန္စြာထုတ္ေပးႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚကုစားေရးလုပ္ငန္းေကာ္မတီဥကၠ႒ဦးေသာင္းထြန္းကေျပာသည္။

ဒုတိယအႀကိမ္ေခ်းေငြက်ပ္ဘီလီယံ ၁၀၀မွလုပ္ငန္းေပါင္း ၁,၂၀၀အတြက္က်ပ္၂၁ဘီလီယံကိုၿပီးခဲ့သည့္စက္တင္ဘာကထုတ္ေခ်းထားသည္။

ပထမအႀကိမ္တြင္စီးပြားေရးလုပ္ငန္းမ်ားအတြက္လုပ္ငန္းေပါင္း ၃,၂၃၉ခုသို႔က်ပ္ ၉၇ဒသမ၀၅၀ဘီလီယံထုတ္ေခ်းထားၿပီးက်န္႐ွိေနေသာလုပ္ငန္း ၁၅၄ခုအတြက္က်ပ္ေလးဘီလီယံေက်ာ္ကိုဆက္လက္ထုတ္ေပးမည္ျဖစ္သည္။

စီးပြားေရးအေပၚသက္ေရာက္မႈမ်ားကုစားေရးအတြက္အစိုးရက လက္႐ွိအခ်ိန္အထိက်ပ္ ၁၆၀ဘီလီယံေက်ာ္ကိုပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ားအားေခ်းေငြထုတ္ေပးထားသည္။

COVID-19 ကပ္ေရာဂါေၾကာင့္စီးပြားေရးထိခိုက္မႈကုစားရန္အစိုးရကက်ပ္ဘီလီယံ၂၀၀ မွ ၅၀၀ဘီလီယံအထိစိုက္ထုတ္သုံးစြဲရန္စီစဥ္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service