ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို အရှုံးပေးလိုက်ပြီဟု ထရမ့်အစိုးရအဖွဲ့ ကြေညာ - Property News in Myanmar from iMyanmarHouse.com
5062 Views

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို အရှုံးပေးလိုက်ပြီဟု ထရမ့်အစိုးရအဖွဲ့ ကြေညာ

 [Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် COVID-19 ကပ်ဘေးကို လက်နက်ချ အရှုံးပေးလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

“ကျွန်တော်တို့ဟာ ကပ်ရောဂါကို ထိန်းချုပ်တော့မှာ မဟုတ်ပါဘူး။ ကာကွယ်ဆေးတွေ၊ ကုထုံးတွေနဲ့ တခြား သက်သာလျော့ပါးစေမယ့် အကြောင်းရပ်တွေရဖို့ပဲ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်”ဟု အိမ်ဖြူတော်အကြီးအကဲ Mark Meadows က CNN သတင်းဌာန၏ State of the Union အမည်ရှိ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို CNN နှင့် The Washington Post တို့က ထရမ့်အစိုးရအဖွဲ့၏ အကြွင်းမဲ့လက်နက်ချလိုက်ခြင်းဟု သုံးသပ်ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူ ၂၃၀၀၀၀ ကျော်ရှိနေပြီး နေ့စဉ်သေဆုံးမှုမှာလည်း ၁၀၀၀ ဝန်းကျင်ခန့် ရှိနေသည်။

ထရမ့်သည် ကပ်ဘေးကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ထိန်းချုပ်ရေးနှင့် စီးပွားရေးယှဉ်လာလျှင် စီးပွားရေးကိုသာ ရွေးချယ်ခဲ့သည်။

ထို့ကြောင့်ပင် ကူးစက်နှုန်းမှာ ကြောက်မက်ဖွယ် မြင့်တက်ခဲ့ကြရခြင်းလည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင်ခဲ့သည့်ရက်ပြီးနောက် နောက်တစ်ရက်တွင် ထရမ့်က ပြောကြားသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စစ်ဆေးနေခြင်းမှာ ရူးသွပ်ခြင်းသာဖြစ်ကြောင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Lumberton မြို့တွင် ပြောခဲ့သည်။

“ကျွန်တော်တို့မှာ ကူးစက်မှုနှုန်းတွေ ဘာလို့များနေလဲ သိလား။ အဲဒါ ဘာကြောင့်လဲဆိုတော့ အများကြီးစစ်နေလို့ပါ။ ဒါက ကောင်းတာ အများကြီးရှိသလို ရူးနေတဲ့အကြောင်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ စစ်ဆေးမှုနှုန်း ထက်ဝက်သာစစ်မယ်ဆိုရင် ကူးစက်ခံရသူနှုန်းကလည်း ထက်ဝက်ပဲရှိမှာဖြစ်တယ်” ဟု ထရမ့်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သည် တုပ်ကွေးသဘောသာဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့ဖူးသည်။

ထရမ့်၏ ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း Joe Biden က ထရမ့်သည် ကပ်ဘေးကို လက်နက်ချ အရှုံးပေးလိုက်ပြီဖြစ်ကြောင်း စွပ်စွဲထားသည်။

Joe Biden ၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် အိမ်ဖြူတော်အကြီးအကဲ Mark Meadows က အစိုးရအနေဖြင့် ကပ်ဘေးထိန်းချုပ်ရေး ကြိုးပမ်းမှုကို လက်လျှော့လိုက်သည်ဟု ယနေ့နံနက်တွင် အံ့အားသင့်ဖွယ် ဝန်ခံလိုက်ကြောင်း၊ ယင်းမှာ အမေရိကန်ပြည်သူများကို ကာကွယ်ရေးဟူသော ၎င်းတို့၏ အခြေခံတာဝန်ကို လက်လျှော့လိုက်ခြင်းလည်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

Joe Biden က ပြောကြားရာတွင် ယခုကဲ့သို့ Meadows က ပြောကြားလာမှုသည် ၎င်း၏နှုတ်ကျွံမှုသာမဟုတ်ဘဲ သမ္မတ ထရမ့်ဟာ ကပ်ဘေးမဟာဗျူဟာမှာ ရောဂါဘေးကို လစ်လျူရှုပြီး အလံဖြူထောင် အရှုံးပေးလိုက်ခြင်းအားဖြင့် ရောဂါပပျောက်သွားလိမ့်မည်ဟု မှတ်ထင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့အားဖြင့် ရောဂါပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump team just announced its surrender to the pandemic (WIOnews, CNN)

 

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးကို အရံႈးေပးလိုက္ျပီဟု ထရမ့္အစိုးရအဖြဲ႔ ေၾကညာ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ အစိုးရအဖြဲ႔သည္ COVID-19 ကပ္ေဘးကို လက္နက္ခ် အရံႈးေပးလိုက္ျပီျဖစ္ေၾကာင္း ေၾကညာလိုက္သည္။

“ကၽြန္ေတာ္တို႔ဟာ ကပ္ေရာဂါကို ထိန္းခ်ဳပ္ေတာ့မွာ မဟုတ္ပါဘူး။ ကာကြယ္ေဆးေတြ၊ ကုထံုးေတြနဲ႔ တျခား သက္သာေလ်ာ့ပါးေစမယ့္ အေၾကာင္းရပ္ေတြရဖို႔ပဲ ထိန္းခ်ဳပ္သြားမွာ ျဖစ္ပါတယ္”ဟု အိမ္ျဖဴေတာ္အၾကီးအကဲ Mark Meadows က CNN သတင္းဌာန၏ State of the Union အမည္ရွိ ေတြ႔ဆံုေမးျမန္းခန္း အစီအစဥ္တြင္ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

အဆိုပါ ထုတ္ျပန္ခ်က္ကို CNN ႏွင့္ The Washington Post တို႔က ထရမ့္အစိုးရအဖြဲ႔၏ အၾကြင္းမဲ့လက္နက္ခ်လိုက္ျခင္းဟု သံုးသပ္ၾကသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးခဲ့ရသူ ၂၃၀၀၀၀ ေက်ာ္ရွိေနျပီး ေန႔စဥ္ေသဆံုးမႈမွာလည္း ၁၀၀၀ ဝန္းက်င္ခန္႔ ရွိေနသည္။

ထရမ့္သည္ ကပ္ေဘးကာလအတြင္း ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ေရးႏွင့္ စီးပြားေရးယွဥ္လာလွ်င္ စီးပြားေရးကိုသာ ေရြးခ်ယ္ခဲ့သည္။

ထို႔ေၾကာင့္ပင္ ကူးစက္ႏႈန္းမွာ ေၾကာက္မက္ဖြယ္ ျမင့္တက္ခဲ့ၾကရျခင္းလည္း ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ စံခ်ိန္တင္ခဲ့သည့္ရက္ျပီးေနာက္ ေနာက္တစ္ရက္တြင္ ထရမ့္က ေျပာၾကားသည္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို စစ္ေဆးေနျခင္းမွာ ရူးသြပ္ျခင္းသာျဖစ္ေၾကာင္း ေျမာက္ကယ္ရိုလိုင္းနားျပည္နယ္၊ Lumberton ျမိဳ ႔တြင္ ေျပာခဲ့သည္။

“ကၽြန္ေတာ္တို႔မွာ ကူးစက္မႈႏႈန္းေတြ ဘာလို႔မ်ားေနလဲ သိလား။ အဲဒါ ဘာေၾကာင့္လဲဆိုေတာ့ အမ်ားၾကီးစစ္ေနလို႔ပါ။ ဒါက ေကာင္းတာ အမ်ားၾကီးရွိသလို ရူးေနတဲ့အေၾကာင္းေတြလည္း အမ်ားၾကီးရွိပါတယ္။ ကၽြန္ေတာ္တို႔ဟာ စစ္ေဆးမႈႏႈန္း ထက္ဝက္သာစစ္မယ္ဆိုရင္ ကူးစက္ခံရသူႏႈန္းကလည္း ထက္ဝက္ပဲရွိမွာျဖစ္တယ္” ဟု ထရမ့္က ေျပာသည္။

ကိုရိုနာဗိုင္းရပ္စ္သည္ တုပ္ေကြးသေဘာသာျဖစ္ေၾကာင္းလည္း ထရမ့္က ေျပာၾကားခဲ့ဖူးသည္။

ထရမ့္၏ ျပိဳင္ဖက္ ဒီမိုကရက္တစ္ပါတီမွ သမၼတေလာင္း Joe Biden က ထရမ့္သည္ ကပ္ေဘးကို လက္နက္ခ် အရံႈးေပးလိုက္ျပီျဖစ္ေၾကာင္း စြပ္စြဲထားသည္။

Joe Biden ၏ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအဖြဲ႔က ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ရာတြင္ အိမ္ျဖဴေတာ္အၾကီးအကဲ Mark Meadows က အစိုးရအေနျဖင့္ ကပ္ေဘးထိန္းခ်ဳပ္ေရး ၾကိဳးပမ္းမႈကို လက္ေလွ်ာ့လိုက္သည္ဟု ယေန႔နံနက္တြင္ အံ့အားသင့္ဖြယ္ ဝန္ခံလိုက္ေၾကာင္း၊ ယင္းမွာ အေမရိကန္ျပည္သူမ်ားကို ကာကြယ္ေရးဟူေသာ ၎တို႔၏ အေျခခံတာဝန္ကို လက္ေလွ်ာ့လိုက္ျခင္းလည္း ျဖစ္ေၾကာင္း ထုတ္ျပန္သည္။

Joe Biden က ေျပာၾကားရာတြင္ ယခုကဲ့သို႔ Meadows က ေျပာၾကားလာမႈသည္ ၎၏ႏႈတ္ကၽြံမႈသာမဟုတ္ဘဲ သမၼတ ထရမ့္ဟာ ကပ္ေဘးမဟာဗ်ဴဟာမွာ ေရာဂါေဘးကို လစ္လ်ဴရႈျပီး အလံျဖဴေထာင္ အရံႈးေပးလိုက္ျခင္းအားျဖင့္ ေရာဂါပေပ်ာက္သြားလိမ့္မည္ဟု မွတ္ထင္ေနျခင္းျဖစ္ေၾကာင္း၊ ထိုသို႔အားျဖင့္ ေရာဂါေပ်ာက္ကြယ္သြားမည္မဟုတ္ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump team just announced its surrender to the pandemic (WIOnews, CNN)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service