နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် တရားဝင် မြေဝယ်ယူခွင့်ရှိသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
1150 Views

နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် တရားဝင် မြေဝယ်ယူခွင့်ရှိသလား ?

Knowledge | Posted by Zarni Kyaw

[Unicode]

၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ နိုင်ငံခြားသားများအား မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်ပတ်သက်၍ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နံှသည်ကိုလက်ခံခြင်း၊ လဲလှယ်ခြင်း (သို့) အခြားနည်းတစ်ရပ်ဖြင့် လွှဲပြောင်း ခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်း မပြုရ။

ထိုသို့ပြုလုပ်ပါက ထောင်ဒဏ် (၃)နှစ် မှ (၅)နှစ် ကျခံရမည့်အပြင် အချင်းဖြစ်ပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် နိုင်ငံခြားသားတစ်ဦးအမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့် မြေနှင့်အိမ်ကို ဝယ်ယူခွင့်မရှိပါဘူး။

အကယ်၍ မြန်မာနိုင်ငံသားတစ်ဦးအမည်ဖြင့် ဝယ်ယူပါက နောက်တစ်ချိန်တွင် ပြသာနာတစ်စုံတစ်ရာဖြစ်လာနိုင်ပြီး ထိုသို့ဖြစ်လာခြင်းအပေါ် အရေးယူဆောင်ရွက်ရန်မှာလည်း အထက်ပါအတိုင်း အရေးယူခံရနိုင်သည့်အတွက် မလွယ်ကူလှပါ။ အမည်ခံဝယ်ယူသည့် မြန်မာနိုင်ငံသားမှသာ ထိုအိမ်နှင့်မြေကိုပိုင်ဆိုင်သည့် အနေအထားဖြစ်ပါသည်။

၂၀၁၆ခုနှစ်တွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို ပြဌာန်းပြီးနောက်ပိုင်းတွင်တော့ ဤဥပဒေ အရ နိုင်ငံခြားသားများသည် စုပေါင်းပိုင်အဆောက်အအုံ(Condo)များကို ဝယ်ယူခွင့်ရရှိပြီဖြစ်ပါသည်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ၏ ၄၀% ထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်ခွင့်ရှိသည်။ အိမ်ခန်းဝယ်ယူသူ နိုင်ငံခြားသားသည် စုပေါင်းပိုင်အဆောက်အအုံ၏ သက်တမ်းကာလအတွင်း ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံခြားသားများအနေဖြင့် စုပေါင်းပိုင်အဆောက်အအုံ(Condo)ကိုသာ တရားဝင်ဝယ်ယူ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး အခြားမရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေများကို ဝယ်ယူခွင့်မရှိကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ နိုင်ငံခြားသားများအား မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်ပတ်သက်၍ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကိုလက်ခံခြင်း၊ လဲလှယ်ခြင်း (သို့) အခြားနည်းတစ်ရပ်ဖြင့် လွှဲပြောင်း ခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်း မပြုရ။










Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service