ထိုင်းမှာပြည်ပကမ္ဘာလှည့်ခရီးသွားတွေပြန်လည် ဝင်ရောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1273 Views

ထိုင်းမှာပြည်ပကမ္ဘာလှည့်ခရီးသွားတွေပြန်လည် ဝင်ရောက်ခွင့်ပြု

[Unicode]

နှစ်ဝက်လောက်ကာလအတွင်းပထမဆုံးပြည်ပခရီးသွားဧည့်သည်တွေကို ထိုင်းနိုင်ငံကပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

အောက်တိုဘာ၂၀မှာတရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့တော်က ကမ္ဘာလှည့်ခရီးသွား ၃၉ဦးဟာဘန်ကောက်မြို့တော်ကသုဝဏ္ဏဘူမိလေဆိပ်ကိုဆိုက်ရောက်လာခဲ့ပါတယ်။အဲဒီခရီးသည်တွေဟာဘန်ကောက်မှာနှာခေါင်းစည်းဝတ်ဆင်တာ၊လက်သန့်ဆေးသုံးတာအစရှိတဲ့ကပ်ရောဂါတားဆီးရေးအစီအမံတွေကိုလည်း တိတိကျကျလိုက်နာခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာကပ်ရောဂါကူးစက်မှုတွေကြုံတွေ့လာရတဲ့နောက်ဧပြီလကတည်းကနယ်စပ်တွေကိုပိတ်ထားလိုက်ပြီး ပြည်ပလေကြောင်းခရီးစဉ်တွေကိုလည်းရပ်ဆိုင်းထားစေခဲ့ပါတယ်။ဒါပေမဲ့အခုလကစပြီး နိုင်ငံတချို့ကခရီးသွားဧည့်သည်တွေကိုအကန့်အသတ်နဲ့ပြန်လည် လက်ခံဖို့စီစဉ်လာတာဖြစ်ပါတယ်။အောက်တိုဘာ ၂၆ရက်ကျရင်လည်းကွမ်ကျိုးမြို့ကတရုတ်ခရီးသည်၁၄၇ဦးကိုထိုင်းနိုင်ငံကလက်ခံဖို့စီစဉ်ထားပါတယ်။

ထိုင်းကိုရောက်ရှိလာတဲ့ခရီးသွားဧည့်သည်တွေဟာ၁၄ရက်Quarantineဝင်ဖို့သဘောတူရမှာဖြစ်ပြီး အဲဒီအတောအတွင်းဆေးစစ်ရလဒ် ၃ကြိမ်ထိ Negative အဖြေထွက်ပေါ်ဖို့လိုပါတယ်။ပြီးရင်တော့ထိုင်းနိုင်ငံပိုင်နက်ထဲမှာစိတ်ကြိုက်သွားလာခွင့်ရှိပြီးဒီခရီးသည်တွေအတွက်ရက်၉၀အထူးဗီဇာတွေထုတ်ပေးသွားမှာပါ။

ဘန်ကောက်မှာအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကြောင့် ပြည်တွင်းရေးမတည်ငြိမ်မှုတွေစတင်လာတဲ့ကာလမျိုးမှာကမ္ဘာလှည့်ခရီးသွားတွေဝင်ရောက်မှုကိုပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ထိုင်းဟာကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့ဝင်ငွေအပေါ်အတော်ကြီးမှီခိုနေတဲ့နိုင်ငံတစ်ခုပါ။ကပ်ရောဂါကြောင့် နယ်စပ်တွေကိုပိတ်ပြီးလေကြောင်း လိုင်းတွေပျံသန်းခွင့်မပြုတော့တဲ့ကာလအတွင်းနိုင်ငံရဲ့စီးပွားရေးလည်းအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ထိုင္းမွာျပည္ပကမ႓ာလွည့္ခရီးသြားေတြျပန္လည္ ဝင္ေရာက္ခြင့္ျပဳ

ႏွစ္ဝက္ေလာက္ကာလအတြင္းပထမဆုံးျပည္ပခရီးသြားဧည့္သည္ေတြကို ထိုင္းႏိုင္ငံကျပန္လည္ဝင္ေရာက္ခြင့္ျပဳခဲ့ပါတယ္။

ေအာက္တိုဘာ၂၀မွာတ႐ုတ္ႏိုင္ငံ၊႐ွန္ဟိုင္းၿမိဳ႕ေတာ္က ကမ႓ာလွည့္ခရီးသြား ၃၉ဦးဟာဘန္ေကာက္ၿမိဳ႕ေတာ္ကသုဝဏၰဘူမိေလဆိပ္ကိုဆိုက္ေရာက္လာခဲ့ပါတယ္။အဲဒီခရီးသည္ေတြဟာဘန္ေကာက္မွာႏွာေခါင္းစည္းဝတ္ဆင္တာ၊လက္သန္႔ေဆးသုံးတာအစ႐ွိတဲ့ကပ္ေရာဂါတားဆီးေရးအစီအမံေတြကိုလည္း တိတိက်က်လိုက္နာခဲ့တယ္လို႔ ဆိုပါတယ္။

ထိုင္းႏိုင္ငံဟာကပ္ေရာဂါကူးစက္မႈေတြၾကဳံေတြ႕လာရတဲ့ေနာက္ဧၿပီလကတည္းကနယ္စပ္ေတြကိုပိတ္ထားလိုက္ၿပီး ျပည္ပေလေၾကာင္းခရီးစဥ္ေတြကိုလည္းရပ္ဆိုင္းထားေစခဲ့ပါတယ္။ဒါေပမဲ့အခုလကစၿပီး ႏိုင္ငံတခ်ိဳ႕ကခရီးသြားဧည့္သည္ေတြကိုအကန္႔အသတ္နဲ႔ျပန္လည္ လက္ခံဖို႔စီစဥ္လာတာျဖစ္ပါတယ္။ေအာက္တိုဘာ ၂၆ရက္က်ရင္လည္းကြမ္က်ိဳးၿမိဳ႕ကတ႐ုတ္ခရီးသည္၁၄၇ဦးကိုထိုင္းႏိုင္ငံကလက္ခံဖို႔စီစဥ္ထားပါတယ္။

ထိုင္းကိုေရာက္႐ွိလာတဲ့ခရီးသြားဧည့္သည္ေတြဟာ၁၄ရက္Quarantineဝင္ဖို႔သေဘာတူရမွာျဖစ္ၿပီး အဲဒီအေတာအတြင္းေဆးစစ္ရလဒ္ ၃ႀကိမ္ထိ Negative အေျဖထြက္ေပၚဖို႔လိုပါတယ္။ၿပီးရင္ေတာ့ထိုင္းႏိုင္ငံပိုင္နက္ထဲမွာစိတ္ႀကိဳက္သြားလာခြင့္႐ွိၿပီးဒီခရီးသည္ေတြအတြက္ရက္၉၀အထူးဗီဇာေတြထုတ္ေပးသြားမွာပါ။

ဘန္ေကာက္မွာအစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြေၾကာင့္ ျပည္တြင္းေရးမတည္ၿငိမ္မႈေတြစတင္လာတဲ့ကာလမ်ိဳးမွာကမ႓ာလွည့္ခရီးသြားေတြဝင္ေရာက္မႈကိုျပန္လည္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ထိုင္းဟာကမ႓ာလွည့္ခရီးသြားလုပ္ငန္းရဲ႕ဝင္ေငြအေပၚအေတာ္ႀကီးမွီခိုေနတဲ့ႏိုင္ငံတစ္ခုပါ။ကပ္ေရာဂါေၾကာင့္ နယ္စပ္ေတြကိုပိတ္ၿပီးေလေၾကာင္း လိုင္းေတြပ်ံသန္းခြင့္မျပဳေတာ့တဲ့ကာလအတြင္းႏိုင္ငံရဲ႕စီးပြားေရးလည္းအႀကီးအက်ယ္ထိခိုက္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service