ခရိုင်လေးခရိုင်ကဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးရာကျော်စတင်ဖို့ ခွင့်ပြုမိန့်စောင့်ဆိုင်းနေ - Property News in Myanmar from iMyanmarHouse.com
713 Views

ခရိုင်လေးခရိုင်ကဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးရာကျော်စတင်ဖို့ ခွင့်ပြုမိန့်စောင့်ဆိုင်းနေ

[Unicode]

ဆောက်လုပ်ရေးလုပ်ငန်းတွေပြန်လည်ခွင့်ပြုပေးဖို့အတွက်လျှောက်ထားလာတဲ့လုပ်ငန်းပေါင်းသုံးရာကျော်လောက်ရှိနေပြီးအခု အပတ်အတွင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ခရိုင်လေးခရိုင်မှာလုပ်ငန်းတွေပြန်လုပ်ဆောင်ဖို့လျှောက်ထားတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးရာကျော်လောက်ရှိပြီး ခွင့်ပြုမိန့်ကိုစောင့်ဆိုင်းနေတာလို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိူးမြင့်ကပြောပါတယ်။

စက်ရုံအလုပ်ရုံတွေလိုဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်းကျန်းမာရေးနဲ့အညီပြန်လည်ဖွင့်လှစ်ဖို့ စည်းကမ်းချက်တွေသတ်မှတ်ထားတာရှိပြီးမြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ ဦးမျိူးမြင့်ကဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလပထမအပတ်ကတော့ နိုင်ငံတော်အဆင့်စီမံကိန်းတွေအရေးကြီးတဲ့ဆောက်လုပ်ရေးလုပ်ငန်း ၁၀ ရာခိုင်နှုန်းလောက်ကို အစိုးရရဲ့ခွင့်ပြုချက်နဲ့ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

စီမံကိန်းတွေအချိန်မီပြီးစီးရေးတွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကအလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်ပေါ်နေတာကြောင့် ပြန်လည်စတင်ဖို့မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

Bored Pile တူးခြင်း၊အမိုးမိုးခြင်းစသည့်လုပ်ငန်းများအပါအဝင်အချို့လုပ်ငန်းများသည်ခေတ္တရပ်ဆိုင်းမရဘဲ အဆုံးထိဆောင်ရွက်ရခြင်းနှင့်အချို့လုပ်ငန်းများသည်ရေတက်ရေကျအခြေအနေပေါ်မူတည်၍ဆောင်ရွက်ရသည်များရှိ၍ ထိုလုပ်ငန်းများကိုပြန်လည်လုပ်ကိုင်ခွင့်ပြုရန် ရန်ကုန်တိုင်းအစိုးရကဗဟိုကော်မတီထံတင်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အချို့လုပ်ငန်းများသည်ခြံဝင်းအတွင်းအင်ဂျင်နီယာနှင့်လုပ်သားများအပြင်မထွက်ဘဲလုပ်ငန်းပြီးစီးသည့် အထိဆောင်ရွက်နိုင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ ၁၀ရာခိုင်နှုန်းကိုတိုင်းအစိုးရ၏ကြီးကြပ်မှုဖြင့် ပြန်လည်ခွင့်ပြုသင့်သည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏အမိန့်ညွှန်ကြားချက်များကိုလည်း တိကျစွာလိုက်နာမည်ဆိုပါက ခွင့်ပြုသင့်သည်ဟုတင်ပြခဲ့၍ ဗဟိုကော်မတီကခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

‘‘အဓိကရန်ကုန်တိုင်းထဲမှာရပ်ထားတဲ့လုပ်ငန်းတွေဖြစ်လို့ ရန်ကုန်တိုင်းအတွက်ခွင့်ပြုပေးဖို့ပါပဲ’’ ဟုရန်ကုန်တိုင်းဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီတွဲဖက်အတွင်းရေးမှူး ဦးမျိုးမြင့်ကပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]



ရန်ကုန်တိုင်းဒေသကြီးရဲ့ခရိုင်လေးခရိုင်မှာလုပ်ငန်းတွေပြန်လုပ်ဆောင်ဖို့လျှောက်ထားတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးရာကျော်လောက်ရှိပြီး ခွင့်ပြုမိန့်ကိုစောင့်ဆိုင်းနေတာလို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကပြောပါတယ်။

စက်ရုံအလုပ်ရုံတွေလိုဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်းကျန်းမာရေးနဲ့အညီပြန်လည်ဖွင့်လှစ်ဖို့ စည်းကမ်းချက်တွေသတ်မှတ်ထားတာရှိပြီးမြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ ဦးမျိုးမြင့်ကဆိုပါတယ်။









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service