ဒလတံတားစီမံကိန်းပြန်လည်စတင်နိုင်ရေး လုပ်ငန်းခွင် စစ်ဆေးမှုပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
1949 Views

ဒလတံတားစီမံကိန်းပြန်လည်စတင်နိုင်ရေး လုပ်ငန်းခွင် စစ်ဆေးမှုပြုလုပ်မည်

[Unicode]

Stay at home ကာလအတွင်း ယာယီရပ်နားထားသည့် ဒလတံတားစီမံကိန်းပြန်လည်စတင်နိုင်ရန်လုပ်ငန်းခွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

လုပ်ငန်းတွေပြန်စနိုင်ဖို့ ခွင့်ပြုချက်စာတင်ထား ပြီးတော့ နောက်ဆုံးအခြေအနေအရ မနက်ဖြန်မှာ လာရောက်စစ်ဆေးဖို့ရှိပါတယ်။ စစ်ဆေးပြီးမှ လုပ်ငန်းပြန်စမစဆိုတာ ဆုံးဖြတ်ကြမှာပါ။တံတားစီမံကိန်းတစ်ခုလုံးဆိုရင် ပြီးစီးနေမှုက ၂၀ ရာခိုင်နှုန်းအထိရှိပြီ'' ဟုဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒလတံတားစီမံကိန်းတာဝန်ခံ ဦးကျော်ကောင်းချိုက ပြောသည်။

အဆိုပါဒလတံတားစီမံကိန်းလုပ်ငန်းခွင်၌ ကိုဗစ်ဒတိယလှိုင်းအတွင်း ရန်ကုန်ဘက်အခြမ်း နှင့် ဒလဘက်အခြမ်းပါ ရောဂါကူးစက်ခံရသူများရှိခဲ့သော်လည်း ယခုအခါ အားလုံးပြန်လည်ကောင်းမွန်နေပြီး လုပ်ငန်းတာဝန်ထမ်း ဆောင်နိုင်ပြီဖြစ်ကြောင်း ၎င်းကပြောသည်။

စက်တင်ဘာ ၂၀ရက် ညပိုင်းက အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းမြို့နယ်များအားလုံးကို (ကိုကိုးကျွန်းမပါ) Stay at home အဖြစ် စက်တင်ဘာ ၂၁ ရက်မှစတင်အကျုံးဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၇ ရက် နှင့် အောက်တိုဘာ ၂၁ ရက်များသို့ အဆင့်ဆင့်ထပ်မံ တိုးမြှင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဒလတံတား စီမံကိန်းကို တောင်ကိုးရီယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း နှင့် မြန်မာအစိုးရဘက်မှအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၃၉ လဖြင့်ပြီးစီးအောင်ဆောင် ရွက်ရန် သတ်မှတ်ထားပြီး တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား၊ အမြင့် ၄၉ မီတာ၊ အကျယ် ၁၅၁ မီတာ၊ ပင်မ တံ တားအရှည် ၁၉၃၆ ပေနှင့် စုစုပေါင်း တံတားအရှည်မှာ ၆၁၄၃ ပေဖြစ်ကာ လေးလမ်းသွား တံတား အမျိုးအစားဖြစ်သည်။

ယင်း ဒလတံတား စီမံကိန်း ပြီးစီးပါက ဧရိယာအကျယ်အဝန်း ၈၆ ဒသမ ၅ စတုရန်းမိုင်ရှိသည့် ဒလမြို့နယ်၏ ခန့်မှန်း လူဦးရေ တစ်သိန်း ငါးသောင်းကျော် အတွက် မြို့ပြဖွံ့ဖြိုးမှုအပါအဝင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒလမြို့နယ်နှင့် တစ်ဆက်တည်း ရှိနေသည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များလည်း မြို့ပြအသွင်ဆောင်ကာတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဒလတံတားစီမံကိန္းျပန္လည္စတင္ႏိုင္ေရး လုပ္ငန္းခြင္ စစ္ေဆးမႈျပဳလုပ္မည္

Stay at home ကာလအတြင္း ယာယီရပ္နားထားသည့္ ဒလတံတားစီမံကိန္းျပန္လည္စတင္ႏိုင္ရန္လုပ္ငန္းခြင္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွသိရသည္။

လုပ္ငန္းေတြျပန္စႏိုင္ဖို႔ ခြင့္ျပဳခ်က္စာတင္ထား ၿပီးေတာ့ ေနာက္ဆုံးအေျခအေနအရ မနက္ျဖန္မွာ လာေရာက္စစ္ေဆးဖို႔႐ွိပါတယ္။ စစ္ေဆးၿပီးမွ လုပ္ငန္းျပန္စမစဆိုတာ ဆုံးျဖတ္ၾကမွာပါ။တံတားစီမံကိန္းတစ္ခုလုံးဆိုရင္ ၿပီးစီးေနမႈက ၂၀ ရာခိုင္ႏႈန္းအထိ႐ွိၿပီ'' ဟုေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယၫႊန္ၾကား ေရးမႉးခ်ဳပ္ ဒလတံတားစီမံကိန္းတာဝန္ခံ ဦးေက်ာ္ေကာင္းခ်ိဳက ေျပာသည္။

အဆိုပါဒလတံတားစီမံကိန္းလုပ္ငန္းခြင္၌ ကိုဗစ္ဒတိယလိႈင္းအတြင္း ရန္ကုန္ဘက္အျခမ္း ႏွင့္ ဒလဘက္အျခမ္းပါ ေရာဂါကူးစက္ခံရသူမ်ား႐ွိခဲ့ေသာ္လည္း ယခုအခါ အားလုံးျပန္လည္ေကာင္းမြန္ေနၿပီး လုပ္ငန္းတာဝန္ထမ္း ေဆာင္ႏိုင္ၿပီျဖစ္ေၾကာင္း ၎ကေျပာသည္။

စက္တင္ဘာ ၂၀ရက္ ညပိုင္းက အားကစားႏွင့္က်န္းမာေရးဝန္ႀကီးဌာနက ရန္ကုန္တိုင္းၿမိဳ႕နယ္မ်ားအားလုံးကို (ကိုကိုးကြၽန္းမပါ) Stay at home အျဖစ္ စက္တင္ဘာ ၂၁ ရက္မွစတင္အက်ံဳးဝင္ေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ေအာက္တိုဘာ ၇ ရက္ ႏွင့္ ေအာက္တိုဘာ ၂၁ ရက္မ်ားသို႔ အဆင့္ဆင့္ထပ္မံ တိုးျမႇင့္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

ဒလတံတား စီမံကိန္းကို ေတာင္ကိုးရီယားႏိုင္ငံမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၁၃၇ ဒသမ ၈၃၃ သန္း ႏွင့္ ျမန္မာအစိုးရဘက္မွအေမရိကန္ေဒၚလာ ၃၀ ဒသမ ၃၄၁ သန္း စိုက္ထုတ္ကာ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း တံတားတည္ေဆာက္ျခင္းလုပ္ငန္းကို ၃၉ လျဖင့္ၿပီးစီးေအာင္ေဆာင္ ႐ြက္ရန္ သတ္မွတ္ထားၿပီး တံတားအမ်ိဳးအစားမွာ သံမဏိႀကိဳးဆိုင္းတံတား၊ အျမင့္ ၄၉ မီတာ၊ အက်ယ္ ၁၅၁ မီတာ၊ ပင္မ တံ တားအ႐ွည္ ၁၉၃၆ ေပႏွင့္ စုစုေပါင္း တံတားအ႐ွည္မွာ ၆၁၄၃ ေပျဖစ္ကာ ေလးလမ္းသြား တံတား အမ်ိဳးအစားျဖစ္သည္။

ယင္း ဒလတံတား စီမံကိန္း ၿပီးစီးပါက ဧရိယာအက်ယ္အဝန္း ၈၆ ဒသမ ၅ စတုရန္းမိုင္႐ွိသည့္ ဒလၿမိဳ႕နယ္၏ ခန္႔မွန္း လူဦးေရ တစ္သိန္း ငါးေသာင္းေက်ာ္ အတြက္ ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈအပါအဝင္ က႑စုံ ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ၿပီး ဒလၿမိဳ႕နယ္ႏွင့္ တစ္ဆက္တည္း ႐ွိေနသည့္ တြံေတး၊ ေကာ့မႉး၊ ကြမ္းျခံကုန္းၿမိဳ႕နယ္မ်ားလည္း ၿမိဳ႕ျပအသြင္ေဆာင္ကာတစ္ၿပိဳင္တည္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service