မိုးစပါးဈေးနှုန်း ကျဆင်းနေ - Property News in Myanmar from iMyanmarHouse.com
662 Views

မိုးစပါးဈေးနှုန်း ကျဆင်းနေ

[Unicode]

COVID-19 ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကြောင့် ကုန်တင်ယာဉ်အခက်အခဲနှင့်ပို့ကုန်ရငွေတန်ဖိုးအမေရိကန်ဒေါ်လာကျဆင်းမှုကြောင့် မိုးစပါးဝယ်လိုအားလျော့နည်းသဖြင့်စပါးဈေးနှုန်းဆက်တိုက် ကျဆင်းလာသည်။

ယခုနှစ်မိုးစပါးစပေါ်ချိန်တွင်စပါးတင်းတစ်ရာလျှင်ကျပ် ၆၀၀,၀၀၀ဈေးရှိခဲ့သော်လည်း လက်ရှိတွင်ကျပ် ၅၀၀,၀၀၀ ဝန်းကျင်သို့ကျဆင်းလာသည်။ ဧရာဝတီ၊ပဲခူးတိုင်းစသောဒေသအများစုမှမိုးစပါးများစတင်ထွက်ပေါ်ထွက်နေသော်လည်း ရန်ကုန်ဈေးကွက်၏ဝယ်လိုအားကျဆင်းမှုကြောင့် စပါးဈေးထပ်ကျနိုင်သည်ဟု ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သည့်အသင်းအဖွဲ့များမှတာဝန်ရှိသူအချို့ကပြောသည်။

‘‘အခုနယ်တွေမှာက အဝယ်လျော့ပြီးရောင်းချင်သူများနေတော့စပါးဈေးကကျလာတယ်’’ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူးဦးသန်းဦးကပြောသည်။

ရန်ကုန်ဈေးကွက်တွင်လည်း မိုးစပါးမှကြိတ်ခွဲထားသောဆန်သစ် ၂၅မှတ်အမျိုးအစားများကပြည်ပဆန်တင်ပို့မည့်လုပ်ငန်းရှင်များဝယ်လိုအားလျော့နည်းမှုကြောင့်တစ်အိတ်လျှင် ကျပ် ၂၁,၀၀၀ ဝန်းကျင်မှကျပ် ၁၉,၅၀၀ သို့ကျဆင်းလာသည်။

လက်ရှိ ပို့ကုန်ရငွေဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ရန်ကုန်ဈေးကွက်တွင်ပြည်ပတင်ပို့သူများ၏ဝယ်လိုအား ၅၀ရာခိုင်နှုန်းအထက်လျော့နည်းသွားသည်ဟု ဦးသန်းဦးကပြောသည်။

ယခင်က တစ်ရက်လျှင်အိတ်ရေတစ်သိန်းအထိဝယ်အားရှိခဲ့သော်လည်းယခုရက်ပိုင်းတွင်အိတ်ရေနှစ်သောင်းဝန်းကျင်သာ ဝယ်ယူသည်။

‘‘မိုးစပါးပေါ်ချိန်မှာဈေးကျတာဆိုတော့ပြဿနာတော့ရှိနိုင်တယ်’’ဟုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဗဟိုအလုပ်အမှုဆောင်ဒေါက်တာစိုးထွန်းကပြောသည်။

တိုင်းနှင့်ပြည်နယ်အစိုးရများက COVID-19 ထိန်းချုပ်ရေးလုပ်ငန်းများကြောင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအခက်အခဲများကြုံနေရသဖြင့် ရိတ်သိမ်းပြီးစပါးများကြိတ်ခွဲကာရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချရေးတွင်အခက်အခဲများရှိနေသည်ဟု ပဲခူးတိုင်းအရှေ့ခြမ်းဆန်စက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးကျော်စိုးမိုးကပြောသည်။

ထိုအခြေအနေကြောင့်မိုးစပါးရိတ်သိမ်းချိန်တွင်ဝယ်လိုအားနည်းခြင်းဖြစ်ပြီးစပါးဈေးနှုန်းသည်ကျေးရွာများတွင်အများဆုံးကျပ် ၄၈၀,၀၀၀သာရရှိကြောင်းတောင်သူလယ်သမားအချို့ကပြောသည်။

‘‘အခုစပါးဈေးကလတ်တလောငွေရရေးအတွက်အဆင်ပြေတယ်။အကျိုးအမြတ်မရှိဘူး။ရောဂါတွေလည်းဖြစ်နေတော့ဝယ်တဲ့သူရှိတာပဲဝမ်းသာရမလိုဖြစ်နေပြီ’’ဟုလယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဦးသိန်းအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက၁၆သန်းကျော်ရှိပြီးနှစ်စဉ်အောက်တိုဘာလလယ်ပိုင်းမှ ဒီဇင်ဘာလအကြားစပါးများရိတ်သိမ်းသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မိုးစပါးေစ်းႏႈန္း က်ဆင္းေန

COVID-19 ကပ္ေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားေၾကာင့္ ကုန္တင္ယာဥ္အခက္အခဲႏွင့္ပို႔ကုန္ရေငြတန္ဖိုးအေမရိကန္ေဒၚလာက်ဆင္းမႈေၾကာင့္ မိုးစပါးဝယ္လိုအားေလ်ာ့နည္းသျဖင့္စပါးေဈးႏႈန္းဆက္တိုက္ က်ဆင္းလာသည္။

ယခုႏွစ္မိုးစပါးစေပၚခ်ိန္တြင္စပါးတင္းတစ္ရာလွ်င္က်ပ္ ၆၀၀,၀၀၀ေဈး႐ွိခဲ့ေသာ္လည္း လက္႐ွိတြင္က်ပ္ ၅၀၀,၀၀၀ ဝန္းက်င္သို႔က်ဆင္းလာသည္။ ဧရာဝတီ၊ပဲခူးတိုင္းစေသာေဒသအမ်ားစုမွမိုးစပါးမ်ားစတင္ထြက္ေပၚထြက္ေနေသာ္လည္း ရန္ကုန္ေဈးကြက္၏ဝယ္လိုအားက်ဆင္းမႈေၾကာင့္ စပါးေဈးထပ္က်ႏိုင္သည္ဟု ဆန္စပါးလုပ္ငန္းႏွင့္သက္ဆိုင္သည့္အသင္းအဖြဲ႕မ်ားမွတာဝန္႐ွိသူအခ်ိဳ႕ကေျပာသည္။

‘‘အခုနယ္ေတြမွာက အဝယ္ေလ်ာ့ၿပီးေရာင္းခ်င္သူမ်ားေနေတာ့စပါးေဈးကက်လာတယ္’’ဟု ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္အတြင္းေရးမႉးဦးသန္းဦးကေျပာသည္။

ရန္ကုန္ေဈးကြက္တြင္လည္း မိုးစပါးမွႀကိတ္ခြဲထားေသာဆန္သစ္ ၂၅မွတ္အမ်ိဳးအစားမ်ားကျပည္ပဆန္တင္ပို႔မည့္လုပ္ငန္း႐ွင္မ်ားဝယ္လိုအားေလ်ာ့နည္းမႈေၾကာင့္တစ္အိတ္လွ်င္ က်ပ္ ၂၁,၀၀၀ ဝန္းက်င္မွက်ပ္ ၁၉,၅၀၀ သို႔က်ဆင္းလာသည္။

လက္႐ွိ ပို႔ကုန္ရေငြေဒၚလာတန္ဖိုးက်ဆင္းမႈေၾကာင့္ ရန္ကုန္ေဈးကြက္တြင္ျပည္ပတင္ပို႔သူမ်ား၏ဝယ္လိုအား ၅၀ရာခိုင္ႏႈန္းအထက္ေလ်ာ့နည္းသြားသည္ဟု ဦးသန္းဦးကေျပာသည္။

ယခင္က တစ္ရက္လွ်င္အိတ္ေရတစ္သိန္းအထိဝယ္အား႐ွိခဲ့ေသာ္လည္းယခုရက္ပိုင္းတြင္အိတ္ေရႏွစ္ေသာင္းဝန္းက်င္သာ ဝယ္ယူသည္။

‘‘မိုးစပါးေပၚခ်ိန္မွာေဈးက်တာဆိုေတာ့ျပႆနာေတာ့႐ွိႏိုင္တယ္’’ဟုျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာစိုးထြန္းကေျပာသည္။

တိုင္းႏွင့္ျပည္နယ္အစိုးရမ်ားက COVID-19 ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားေၾကာင့္ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ားအခက္အခဲမ်ားၾကဳံေနရသျဖင့္ ရိတ္သိမ္းၿပီးစပါးမ်ားႀကိတ္ခြဲကာရန္ကုန္ေဈးကြက္သို႔တင္ပို႔ေရာင္းခ်ေရးတြင္အခက္အခဲမ်ား႐ွိေနသည္ဟု ပဲခူးတိုင္းအေ႐ွ႕ျခမ္းဆန္စက္လုပ္ငန္း႐ွင္မ်ားအသင္းအတြင္းေရးမႉးဦးေက်ာ္စိုးမိုးကေျပာသည္။

ထိုအေျခအေနေၾကာင့္မိုးစပါးရိတ္သိမ္းခ်ိန္တြင္ဝယ္လိုအားနည္းျခင္းျဖစ္ၿပီးစပါးေဈးႏႈန္းသည္ေက်း႐ြာမ်ားတြင္အမ်ားဆုံးက်ပ္ ၄၈၀,၀၀၀သာရ႐ွိေၾကာင္းေတာင္သူလယ္သမားအခ်ိဳ႕ကေျပာသည္။

‘‘အခုစပါးေဈးကလတ္တေလာေငြရေရးအတြက္အဆင္ေျပတယ္။အက်ိဳးအျမတ္မ႐ွိဘူး။ေရာဂါေတြလည္းျဖစ္ေနေတာ့ဝယ္တဲ့သူ႐ွိတာပဲဝမ္းသာရမလိုျဖစ္ေနၿပီ’’ဟုလယ္သမားဘဝဖြံ႕ၿဖိဳးေရးအသင္းဥကၠ႒ဦးသိန္းေအာင္ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧက၁၆သန္းေက်ာ္႐ွိၿပီးႏွစ္စဥ္ေအာက္တိုဘာလလယ္ပိုင္းမွ ဒီဇင္ဘာလအၾကားစပါးမ်ားရိတ္သိမ္းသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service