ပြည်သူ့အဌားအိမ်ရာ အခန်း ၁၀၀၀ကျော်တည်ဆောက်ဖို့ စတင်ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
1044 Views

ပြည်သူ့အဌားအိမ်ရာ အခန်း ၁၀၀၀ကျော်တည်ဆောက်ဖို့ စတင်ဆွေးနွေး

[Unicode]

ပုဂ္ဂလိကနဲ့အစိုးရပူးပေါင်းပြီးပြည်သူ့အဌားအိမ်ရာ အခန်း ၁၀၀၀ကျော်ကိုရန်ကုန်နဲ့မြို့ကြီးအချို့မှာတည်ဆောက်ဖို့ စတင်ပြင်ဆင်ဆွေးနွေးနေပြီဖြစ်ပါတယ်။

အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပြည်သူများနေထိုင်ရေးအဆင်ပြေစေရန်ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့နေပြည်တော်၊ဆောက်လုပ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာကျော်လင်း၊အမြဲတမ်းအတွင်းဝန်၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီဝင်ဦးတင်ထွန်း၊ရန်ကုန်တိုင်းဒေသကြီးစက်မှု၊လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင်၊ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းချုပ်(၃)ခုမှဥက္ကဋ္ဌတို့က Video Conferencing စနစ်နဲ့ ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

တည်ဆောက်မယ့်မြေနေရာ၊အခန်းအကျယ်အဝန်းဈေးနှုန်းသတ်မှတ်ချက်တွေအတွက် အဓိကညှိုနှိုင်းမှုတွေပြုလုပ်ခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာမှာတော့ ပြည်သူများအလုပ်အကိုင်ရရှိရေးနှင့်နေထိုင်ရေးအဆင်ပြေစေရန် COVID-19 ကာလအတွင်းအိမ်ရာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုရေးနှင့်ပတ်သက်သည့်အစလုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်အကြီးအကဲများကလမ်းညွှန်ထားပြီးဖြစ်သည့်အတွက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်စေလိုပါကြောင်းပြည်သူ့အငှားအိမ်ရာစီမံကိန်းအခန်း(၁၀၀၀၀) စာချုပ်ကိစ္စရပ်များနှင့်ပတ်သက်၍လိုက်နာဆောင်ရွက်ရမည့်စည်းမျဉ်းစည်းကမ်းများ၊လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ယနေ့အစည်းအဝေးမှာညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ရန်ပုံငွေများကိုလည်းဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ပြည်သူ့အငှားအိမ်ရာစီမံကိန်းများဆောင်ရွက်နိုင်ရန်ပန္နက်များချပြီးဖြစ်၍ လုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်ရန်ယနေ့အစည်းအဝေးတွင်စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရန်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်းပြောကြားခဲ့တာပါ။

ဒုတိယဝန်ကြီးဒေါက်တာကျော်လင်းက ယနေ့အစည်းအဝေးသည်အိမ်ရာစီမံကိန်းများကိုစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်များကိုအတည်ပြုရန်ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးဖြစ်ပါကြောင်း၊စာချုပ်များကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်းများသို့ပေးထားပြီးဖြစ်ပါကြောင်း၊စာချုပ်ပါအချက်များနှင့်ပတ်သက်၍သဘောထားမှတ်ချက်များ / အကြံပြုချက်များကိုပြောကြားပေးစေလိုပါကြောင်း၊စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ရန်ပုံငွေများကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်းများသို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှချမှတ်ထားသောဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီခွဲဝေပေးမှာဖြစ်ပါကြောင်း၊ယခု COVID-19 ကာလဖြစ်သည့်အတွက်လုပ်ငန်းများစတင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏အမိန့်ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားပါသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးရှိန်ဝင်း၊မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးဝိတ်၊မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်ဥက္ကဋ္ဌဦးကျော်ဝင်းနှင့်တာဝန်ရှိသူတို့က ပြည်သူ့အငှားအိမ်ရာစီမံကိန်းစာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍သက်ဆိုင်ရာကဏ္ဍအလိုက်အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးဒေါက်တာကျော်လင်းကလိုအပ်ချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍သဘောတူညီမှုအချို့ရရှိခဲ့တယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္သူ႔အဌားအိမ္ရာ အခန္း ၁၀၀၀ေက်ာ္တည္ေဆာက္ဖို႔ စတင္ေဆြးေႏြး

ပုဂၢလိကနဲ႔အစိုးရပူးေပါင္းၿပီးျပည္သူ႕အဌားအိမ္ရာ အခန္း ၁၀၀၀ေက်ာ္ကိုရန္ကုန္နဲ႔ၿမိဳ႕ႀကီးအခ်ိဳ႕မွာတည္ေဆာက္ဖို႔ စတင္ျပင္ဆင္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

အိမ္ရာက႑ဖြံ႕ၿဖိဳးတိုးတက္ေစေရးႏွင့္ျပည္သူမ်ားေနထိုင္ေရးအဆင္ေျပေစရန္ရည္႐ြယ္ခ်က္ျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊အဆိုပါ လုပ္ငန္းညႇိႏိႈင္းအစည္းအေဝးသို႔ေနျပည္ေတာ္၊ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွဒုတိယဝန္ႀကီးေဒါက္တာေက်ာ္လင္း၊အၿမဲတမ္းအတြင္းဝန္၊ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္တာဝန္႐ွိသူမ်ားတက္ေရာက္ၾကၿပီး ျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္ေကာင္စီဝင္ဦးတင္ထြန္း၊ရန္ကုန္တိုင္းေဒသႀကီးစက္မႈ၊လက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္၊မႏၲေလးတိုင္းေဒသႀကီးလွ်ပ္စစ္၊စြမ္းအင္ႏွင့္ေဆာက္လုပ္ေရးဝန္ႀကီးဦးဇာနည္ေအာင္၊ပုဂၢလိကလုပ္ငန္း႐ွင္အသင္းခ်ဳပ္(၃)ခုမွဥကၠ႒တို႔က Video Conferencing စနစ္နဲ႔ ေဆြးေႏြးခဲ့ၾကတာလည္းျဖစ္ပါတယ္။

တည္ေဆာက္မယ့္ေျမေနရာ၊အခန္းအက်ယ္အဝန္းေစ်းႏႈန္းသတ္မွတ္ခ်က္ေတြအတြက္ အဓိကညိႇဳႏိႈင္းမႈေတြျပဳလုပ္ခဲ့တာပါ။

ျပည္ေထာင္စုဝန္ႀကီးကေျပာၾကားရာမွာေတာ့ ျပည္သူမ်ားအလုပ္အကိုင္ရ႐ွိေရးႏွင့္ေနထိုင္ေရးအဆင္ေျပေစရန္ COVID-19 ကာလအတြင္းအိမ္ရာစီမံကိန္းလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ေရးအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုေရးႏွင့္ပတ္သက္သည့္အစလုပ္ငန္းမ်ားစတင္အေကာင္အထည္ေဖာ္ႏိုင္ရန္ ႏိုင္ငံေတာ္အႀကီးအကဲမ်ားကလမ္းၫႊန္ထားၿပီးျဖစ္သည့္အတြက္ အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေစလိုပါေၾကာင္းျပည္သူ႕အငွားအိမ္ရာစီမံကိန္းအခန္း(၁၀၀၀၀) စာခ်ဳပ္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍လိုက္နာေဆာင္႐ြက္ရမည့္စည္းမ်ဥ္းစည္းကမ္းမ်ား၊လုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္၍ယေန႔အစည္းအေဝးမွာညႇိႏိႈင္းေဆြးေႏြးသြားမွာျဖစ္ပါေၾကာင္း၊ရန္ပုံေငြမ်ားကိုလည္းဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီေဆာင္႐ြက္ေပးမွာျဖစ္ပါေၾကာင္း၊ျပည္သူ႕အငွားအိမ္ရာစီမံကိန္းမ်ားေဆာင္႐ြက္ႏိုင္ရန္ပႏၷက္မ်ားခ်ၿပီးျဖစ္၍ လုပ္ငန္းမ်ားစတင္အေကာင္အထည္ေဖာ္ႏိုင္ရန္ယေန႔အစည္းအေဝးတြင္စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ႏိုင္ရန္ညႇိႏိႈင္းေဆြးေႏြးျခင္းျဖစ္ေၾကာင္းေျပာၾကားခဲ့တာပါ။

ဒုတိယဝန္ႀကီးေဒါက္တာေက်ာ္လင္းက ယေန႔အစည္းအေဝးသည္အိမ္ရာစီမံကိန္းမ်ားကိုစတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ စာခ်ဳပ္မ်ားကိုအတည္ျပဳရန္ညႇိႏိႈင္းေဆြးေႏြးသည့္အစည္းအေဝးျဖစ္ပါေၾကာင္း၊စာခ်ဳပ္မ်ားကိုလည္းသက္ဆိုင္ရာအဖြဲ႕အစည္းမ်ားသို႔ေပးထားၿပီးျဖစ္ပါေၾကာင္း၊စာခ်ဳပ္ပါအခ်က္မ်ားႏွင့္ပတ္သက္၍သေဘာထားမွတ္ခ်က္မ်ား / အၾကံျပဳခ်က္မ်ားကိုေျပာၾကားေပးေစလိုပါေၾကာင္း၊စီမံကိန္းလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ေရးအတြက္ရန္ပုံေငြမ်ားကိုလည္းသက္ဆိုင္ရာအဖြဲ႕အစည္းမ်ားသို႔ စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာနမွခ်မွတ္ထားေသာဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီခြဲေဝေပးမွာျဖစ္ပါေၾကာင္း၊ယခု COVID-19 ကာလျဖစ္သည့္အတြက္လုပ္ငန္းမ်ားစတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီႏွင့္က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနတို႔၏အမိန္႔ၫႊန္ၾကားခ်က္မ်ားႏွင့္အညီလိုက္နာေဆာင္႐ြက္ရန္လိုပါေၾကာင္း၊လုပ္ငန္းမ်ားအျမန္ဆုံးေဆာင္႐ြက္ႏိုင္ေရးေပါင္းစပ္ညႇိႏိႈင္းေဆာင္႐ြက္ေပးေစလိုေၾကာင္းေျပာၾကားပါသည္။

ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ဥကၠ႒ဦး႐ွိန္ဝင္း၊ျမန္မာၿမိဳ႕ျပႏွင့္အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးလုပ္ငန္း႐ွင္မ်ားအသင္းဥကၠ႒ဦးဝိတ္၊ျမန္မာႏိုင္ငံလိုင္စင္ရကန္ထ႐ိုက္တာမ်ားအသင္းခ်ဳပ္ဥကၠ႒ဦးေက်ာ္ဝင္းႏွင့္တာဝန္႐ွိသူတို႔က ျပည္သူ႕အငွားအိမ္ရာစီမံကိန္းစာခ်ဳပ္ပါစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ပတ္သက္၍သက္ဆိုင္ရာက႑အလိုက္အၾကံျပဳေဆြးေႏြးတင္ျပခ်က္မ်ားအေပၚ ဒုတိယဝန္ႀကီးေဒါက္တာေက်ာ္လင္းကလိုအပ္ခ်က္မ်ားအေပၚေပါင္းစပ္ညႇိႏိႈင္းေဆြးေႏြး၍သေဘာတူညီမႈအခ်ိဳ႕ရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service