အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။ - Property Knowledge in Myanmar from iMyanmarHouse.com
7454 Views

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

Knowledge | Posted by Aye Myat Thu

[Unicode]

အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ပဲ ပိုးတွေပါလို့ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်။

ဒီတော့ အသီးအရွက်တွေကို သန့်စင်အောင် ရေအထပ်ထပ်ဆေးပါတယ်။ ဒီလိုကျတော့လည်း အာဟာရတွေ ပျက်သွားမှာ စိုးတယ်။ ဘာလုပ်လို့ လုပ်ရမယ် မိသဘူး ဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောရမလဲဆိုတာကို ပြောပြပေးပါရစေ။

အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ စင်ကြယ်စေဖို့ အသီးအရွက်တွေကို ဝယ်လာပြီဆိုတာနဲ့ ပိုးသေအောင် စင်ကြယ်အောင်ဆိုပြီး ရေအထပ်ထပ်ဆေးတာ ရှိသလို ဆပ်ပြာရည် သုံးပြီး ဆေး​ကြောတာတွေလည်း ရှိပါတယ်။

တကယ်ကတော့ ဒီနည်းလမ်းတွေက အသီးအရွက်တွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေနိုင်ပြီး စားလိုက်ရင် အရသာမရှိတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီတော့ ပင်ကိုယ် အာဟာရနဲ့ အရသာလည်း မပျက်စီးဘဲ ပိုးမွှားတွေ စင်ကြယ်သန့်စင်စေဖို့ဆိုရင် ဘေးမဖြစ်စေဘဲ ဆေးကြောလို့ရတဲ့ နည်းလေးရှိပါတယ်။ ဒါကတော့ ဆားနဲ့ ဆေးကြောတာပါ။

အရင်ဆုံး ဇလုံ အဝကျယ်ကျယ်ထဲမှာ သန့်စင်တဲ့ရေကို ထည့်ပါ။ ပြီးရင် ဆားကိုထည့်ပါ။ ဆားတွေ ကြေသွားအောင် မွှေပါ။ ပြီးရင် ဆားရည်ထဲကို ဆေးကြောမယ့် အသီးအရွက်တွေကိုထည့်ပါ။ ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ ​

ပြီးရင် သေချာလေး ဆေးကြောပေးလိုက်ရုံပါ။ အာဟာရ တန်ဖိုး မလျော့သလို လတ်ဆတ်မှုလည်း ပျက်မသွားပါဘူး။

ဆားရည်နဲ့ ဆေးကြောခြင်း နဲ့ ကျန်းမာရေး

အသီးအရွက်တွေ သစ်သီးတွေကို ဆားရည်နဲ့ ဆေးကြောတဲ့အခါ

အပင်တွေကို ပိုးမွှားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုပြီး ဖြန်းထားတဲ့ ပိုးသတ်ဆေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ ဒီပိုးသတ်ဆေးတွေက အစားအစာတွေကနေ ကိုယ်တွင်းကို ရောက်သွားတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီပိုးသတ်ဆေးတွေက သာမန်ရေနဲ့ ဆေးကြောရုံနဲ့ သန့်စင်ဖို့ ခက်ပါမယ်။ ဒီတော့ ဆားရည်နဲ့ ဆေးကြောလိုက်ပါ။ ဆားရည်ကို မမြင်ရတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေမှာ ကပ်ညှိနေတဲ့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားတွေ၊ ဘက်တီးရီးယားတွေနဲ့ သေးငယ်တဲ့ အမှုန်လေးတွေကို သန့်စင်ချင်တယ်ဆိုရင်တေ့ ဆားရည်က အသင့်တော်ဆုံးပါ။ ခုတလော ဖြစ်ပွားနေတဲ့ ကိုဗစ်ရန်ကနေ ကာကွယ်ဖို့ဆိုရင်လည်း အသီးအရွက်တွေကို ဆားရည်နဲ့ ဆေးကြောပေးလို့ ရပါတယ်။

သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေထဲမှာပါတဲ့ ပိုးကောင်လေးတွေကို ဖယ်ရှားဖို့လည်း ဆားရည်က အသုံးဝင်ပါတယ်။ ဆားရည်ထဲမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်လောက် စိမ်ထားရုံနဲ့ အသီးတွေ၊ အရွက်တွေမှာ ကပ်နေတဲ့ ပိုးကောင်လေးတွေက သူ့အလိုလို ထွက်လာပြီး ပိုးကောင်ကင်းတဲ့ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်မှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  Aye Thi Mon

 

[Zawgyi]

အသီးအ႐ြက္ေတြကို ဆားရည္နဲ႔ေဆးေၾကာေပးပါ။

အသီးအ႐ြက္ေတြကို ႀကိဳက္တယ္။ အစိမ္းစားရတာလည္း သေဘာက်တယ္။ ေၾကာ္စား၊ ခ်က္စားရတာကိုလည္း ႀကိဳက္တယ္။ ဒါေပမယ့္ အသီးအ႐ြက္ေတြက မသန္႔ပဲ ပိုးေတြပါလို႔ က်န္းမာေရး ထိခိုက္မွာလည္း စိုးတယ္။

ဒီေတာ့ အသီးအ႐ြက္ေတြကို သန္႔စင္ေအာင္ ေရအထပ္ထပ္ေဆးပါတယ္။ ဒီလိုက်ေတာ့လည္း အာဟာရေတြ ပ်က္သြားမွာ စိုးတယ္။ ဘာလုပ္လို႔ လုပ္ရမယ္ မိသဘူး ဆိုတဲ့သူေတြ႐ွိလား။ ဒါဆိုရင္ေတာ့ အသီးအ႐ြက္ေတြကို အာဟာရ မပ်က္ေစဘဲ သန္႔႐ွင္းစင္ၾကယ္ေအာင္ ဘယ္လို ေဆးေၾကာရမလဲဆိုတာကို ေျပာျပေပးပါရေစ။

အသီးအ႐ြက္ေတြကို အာဟာရ မပ်က္ေစဘဲ စင္ၾကယ္ေစဖို႔ အသီးအ႐ြက္ေတြကို ဝယ္လာၿပီဆိုတာနဲ႔ ပိုးေသေအာင္ စင္ၾကယ္ေအာင္ဆိုၿပီး ေရအထပ္ထပ္ေဆးတာ ႐ွိသလို ဆပ္ျပာရည္ သုံးၿပီး ေဆး​ေၾကာတာေတြလည္း ႐ွိပါတယ္။

တကယ္ကေတာ့ ဒီနည္းလမ္းေတြက အသီးအ႐ြက္ေတြမွာပါတဲ့ အာဟာရတန္ဖိုးကို ပ်က္ေစႏိုင္ၿပီး စားလိုက္ရင္ အရသာမ႐ွိတာလိုမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။

ဒီေတာ့ ပင္ကိုယ္ အာဟာရနဲ႔ အရသာလည္း မပ်က္စီးဘဲ ပိုးမႊားေတြ စင္ၾကယ္သန္႔စင္ေစဖို႔ဆိုရင္ ေဘးမျဖစ္ေစဘဲ ေဆးေၾကာလို႔ရတဲ့ နည္းေလး႐ွိပါတယ္။ ဒါကေတာ့ ဆားနဲ႔ ေဆးေၾကာတာပါ။

အရင္ဆုံး ဇလုံ အဝက်ယ္က်ယ္ထဲမွာ သန္႔စင္တဲ့ေရကို ထည့္ပါ။ ၿပီးရင္ ဆားကိုထည့္ပါ။ ဆားေတြ ေၾကသြားေအာင္ ေမႊပါ။ ၿပီးရင္ ဆားရည္ထဲကို ေဆးေၾကာမယ့္ အသီးအ႐ြက္ေတြကိုထည့္ပါ။ ၁၀ မိနစ္ေလာက္ စိမ္ထားေပးပါ။ ​

ၿပီးရင္ ေသခ်ာေလး ေဆးေၾကာေပးလိုက္႐ုံပါ။ အာဟာရ တန္ဖိုး မေလ်ာ့သလို လတ္ဆတ္မႈလည္း ပ်က္မသြားပါဘူး။

ဆားရည္နဲ႔ ေဆးေၾကာျခင္း နဲ႔ က်န္းမာေရး

အသီးအ႐ြက္ေတြ သစ္သီးေတြကို ဆားရည္နဲ႔ ေဆးေၾကာတဲ့အခါ

အပင္ေတြကို ပိုးမႊားေတြ အႏၲရာယ္ကေန ကာကြယ္ဖို႔ဆိုၿပီး ျဖန္းထားတဲ့ ပိုးသတ္ေဆးေတြကို အထိေရာက္ဆုံး ဖယ္႐ွားေပးႏိုင္မွာပါ။ ဒီပိုးသတ္ေဆးေတြက အစားအစာေတြကေန ကိုယ္တြင္းကို ေရာက္သြားတဲ့အခါ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒီပိုးသတ္ေဆးေတြက သာမန္ေရနဲ႔ ေဆးေၾကာ႐ုံနဲ႔ သန္႔စင္ဖို႔ ခက္ပါမယ္။ ဒီေတာ့ ဆားရည္နဲ႔ ေဆးေၾကာလိုက္ပါ။ ဆားရည္ကို မျမင္ရတဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ သစ္သီးေတြ၊ ဟင္းသီးဟင္း႐ြက္ေတြမွာ ကပ္ညႇိေနတဲ့ သာမန္ မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ အမႈန္အမႊားေတြ၊ ဘက္တီးရီးယားေတြနဲ႔ ေသးငယ္တဲ့ အမႈန္ေလးေတြကို သန္႔စင္ခ်င္တယ္ဆိုရင္ေတ့ ဆားရည္က အသင့္ေတာ္ဆုံးပါ။ ခုတေလာ ျဖစ္ပြားေနတဲ့ ကိုဗစ္ရန္ကေန ကာကြယ္ဖို႔ဆိုရင္လည္း အသီးအ႐ြက္ေတြကို ဆားရည္နဲ႔ ေဆးေၾကာေပးလို႔ ရပါတယ္။

သစ္သီးေတြ ဟင္းသီးဟင္း႐ြက္ေတြထဲမွာပါတဲ့ ပိုးေကာင္ေလးေတြကို ဖယ္႐ွားဖို႔လည္း ဆားရည္က အသုံးဝင္ပါတယ္။ ဆားရည္ထဲမွာ သစ္သီးေတြ၊ ဟင္းသီးဟင္း႐ြက္ေတြကို ၁၀ မိနစ္ေလာက္ စိမ္ထား႐ုံနဲ႔ အသီးေတြ၊ အ႐ြက္ေတြမွာ ကပ္ေနတဲ့ ပိုးေကာင္ေလးေတြက သူ႕အလိုလို ထြက္လာၿပီး ပိုးေကာင္ကင္းတဲ့ သစ္သီး နဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို စားသုံးႏိုင္မွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: Aye Thi Mon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service