အစိုးရရဲ့တင်ဒါစနစ်မှာဝင်နိုင်ဖို့ ‌ဆောက်လုပ်ရေးကုမ္ပဏီ ၁၀၀၀ကျော်ကို လိုင်စင်ထုတ်ပေးပြီး - Property News in Myanmar from iMyanmarHouse.com
1515 Views

အစိုးရရဲ့တင်ဒါစနစ်မှာဝင်နိုင်ဖို့ ‌ဆောက်လုပ်ရေးကုမ္ပဏီ ၁၀၀၀ကျော်ကို လိုင်စင်ထုတ်ပေးပြီး

[Unicode]

အစိုးရရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတင်ဒါစနစ်နဲ့ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ‌ဆောက်လုပ်ရေးကုမ္ပဏီတွေကိုလိုင်စင်ထုတ်ပေးနေတာကုမ္ပဏီပေါင်း ၁၀၀၀ကျော်သွားပါပြီ။

အခုဘဏ္ဍာနှစ် ‌အောက်တိုဘာ ၁ရက်နေ့ကစတင်လို့နိုင်ငံတော်အဆင့်စီမံကိန်းတွေမှာအစိုးရကဝင်ရောက်လုပ်ကိုင်မှာမဟုတ်ဘဲပြင်ပကုမ္ပဏီတွေကိုသာခွင့်ပြုမှာဖြစ်တာကြောင့် အခုလိုလိုင်စင်ထုတ်ပေးနေရတဲ့ကုမ္ပဏီအရေအတွက်တွေများပြားလာရခြင်းဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီက၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကစပြီးကန်ထရိုက်စနစ်နဲ့ဆောင်ရွက်လိုတဲ့ကုမ္ပဏီတွေကို ခွင့်ပြုပေးနေတာလည်းဖြစ်ပါတယ်။

အခုနှစ်မှာအိမ်ရာ၊ဆေးရုံ၊စာသင်ကျောင်း၊လမ်းတံတား၊အစရှိတဲ့အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေအားလုံးကိုဆောက်လုပ်ရေးဝန်ကြီးဌာနကပုဂ္ဂလိကကိုပဲလုပ်ကိုင်ခွင့်ပြုတော့မှာပါ။

ကုမ္ပဏီတွေကိုမှတ်ပုံတင်ထုတ်ပေးရမှာတော့အမျိူးအစားတွေခွဲခြားထားတယ်လို့ သိရပါတယ်။

အရည်အသွေးထိန်းသိမ်းရေးကုမ္ပဏီ (Quality Control)၊အင်ဂျင်နီယာပညာရပ်ဆိုင်ရာအကြံဉာဏ်ပေးသောကုမ္ပဏီ (Engineering Consultant)၊အင်ဂျင်နီယာပညာရပ်ဆိုင်ရာဝန်ဆောင်မှုပေးသောကုမ္ပဏီ (Service)၊တည်ဆောက်ရေးကုမ္ပဏီ (Construction)နှင့် အဓိကတည်ဆောက်ရေးပစ္စည်းပေးသွင်းသည့်ကုမ္ပဏီ (Trading)ဆိုပြီးလိုင်စင်တွေထုတ်ပေးနေတာဖြစ်ပါတယ်။

အစိုးရကခေါ်ယူသည့်မည်သည့်တင်ဒါလုပ်ငန်းမဆို ကုမ္ပဏီများဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ကန်ထရိုက်မှတ်ပုံတင်ခြင်းကိုဆောက်လုပ်ရေးဝန်ကြီးဌာနက ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

‘‘အစိုးရတင်ဒါတွေကဝင်ပြိုင်ချင်တိုင်းပြိုင်လို့မရဘူး။ကန်ထရိုက်လိုင်စင်ရှိမှဝင်ပြိုင်လို့ရတာ’’ဟုဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးထွန်းအောင်ကပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက၂၀၂၀ ‌အောက်တိုဘာ ၁ရက်ကစတင်ပြီးတည်ဆောက်ရေးလုပ်ငန်းများကိုကိုယ်တိုင်ဆောင်ရွက်တော့မည်မဟုတ်ဘဲ စည်းကမ်းကြီးကြပ်သူအဖြစ်သာဆောင်ရွက်မည်ဖြစ်သည်။

ပြည်တွင်းသုံးဘတ်ဂျက်ဖြင့်ပြည်ထောင်စုဝန်ကြီးဌာနများ၏တည်ဆောက်ရေးလုပ်ငန်းများသည် နှစ်စဉ်ကျပ်ဘီလီယံ ၅,ဝဝဝကျော်ရှိပြီးနိုင်ငံတကာချေးငွေဖြင့်ဆောင်ရွက်သည့်လုပ်ငန်းမှာနှစ်စဉ်ကျပ် ဘီလီယံ ၂,ဝဝဝကျော်ရှိသည်ဟု ‌ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာကျော်လင်းကပြောကြားထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အစိုးရရဲ႕တင္ဒါစနစ္မွာဝင္ႏိုင္ဖို႔ ‌ေဆာက္လုပ္ေရးကုမၸဏီ ၁၀၀၀ေက်ာ္ကိုလိုင္စင္ထုတ္ေပးၿပီး

အစိုးရရဲ႕ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာတင္ဒါစနစ္နဲ႔ဝင္ေရာက္လုပ္ကိုင္ႏိုင္ဖို႔ ‌ေဆာက္လုပ္ေရးကုမၸဏီေတြကိုလိုင္စင္ထုတ္ေပးေနတာကုမၸဏီေပါင္း ၁၀၀၀ေက်ာ္သြားပါၿပီ။

အခုဘ႑ာႏွစ္ ‌ေအာက္တိုဘာ ၁ရက္ေန႔ကစတင္လို ႔ႏိုင္ငံေတာ္အဆင့္စီမံကိန္းေတြမွ ာအစိုးရကဝင္ေရာက္လုပ္ကိုင္မွာမဟုတ္ဘဲျပင္ပကုမၸဏီေတြကိုသာခြင့္ျပဳမွာျဖစ္တာေၾကာင့္ အခုလိုလိုင္စင္ထုတ္ေပးေနရတဲ့ကုမၸဏီအေရအတြက္ေတြမ်ားျပားလာရျခင္းျဖစ္ပါတယ္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ကုမၸဏီမ်ားကန္ထ႐ိုက္မွတ္ပုံတင္ေရးလုပ္ငန္းေကာ္မတီက၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္ကစၿပီးကန္ထ႐ိုက္စနစ္နဲ႔ေဆာင္႐ြက္လိုတဲ့ကုမၸဏီေတြကို ခြင့္ျပဳေပးေနတာလည္းျဖစ္ပါတယ္။

အခုႏွစ္မွာအိမ္ရာ၊ေဆး႐ုံ၊စာသင္ေက်ာင္း၊လမ္းတံတား၊အစ႐ွိတဲ့အေျခခံအေဆာက္အအုံတည္ေဆာက္ေရးလုပ္ငန္းေတြအားလုံးကိုေဆာက္လုပ္ေရးဝန္ႀကီးဌာနကပုဂၢလိကကိုပဲလုပ္ကိုင္ခြင့္ျပဳေတာ့မွာပါ။

ကုမၸဏီေတြကိုမွတ္ပုံတင္ထုတ္ေပးရမွာေတာ့အမ်ိဴးအစားေတြခြဲျခားထားတယ္လို႔ သိရပါတယ္။

အရည္အေသြးထိန္းသိမ္းေရးကုမၸဏီ (Quality Control)၊အင္ဂ်င္နီယာပညာရပ္ဆိုင္ရာအၾကံဉာဏ္ေပးေသာကုမၸဏီ (Engineering Consultant)၊အင္ဂ်င္နီယာပညာရပ္ဆိုင္ရာဝန္ေဆာင္မႈေပးေသာကုမၸဏီ (Service)၊တည္ေဆာက္ေရးကုမၸဏီ (Construction)ႏွင့္ အဓိကတည္ေဆာက္ေရးပစၥည္းေပးသြင္းသည့္ကုမၸဏီ (Trading)ဆိုၿပီးလိုင္စင္ေတြထုတ္ေပးေနတာျဖစ္ပါတယ္။

အစိုးရကေခၚယူသည့္မည္သည့္တင္ဒါလုပ္ငန္းမဆို ကုမၸဏီမ်ားဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္အတြက္ ကန္ထ႐ိုက္မွတ္ပုံတင္ျခင္းကိုေဆာက္လုပ္ေရးဝန္ႀကီးဌာနက ‌ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

‘‘အစိုးရတင္ဒါေတြကဝင္ၿပိဳင္ခ်င္တိုင္းၿပိဳင္လို႔မရဘူး။ကန္ထ႐ိုက္လိုင္စင္႐ွိမွဝင္ၿပိဳင္လို႔ရတာ’’ဟုေဆာက္လုပ္ေရးလုပ္ငန္း႐ွင္ဦးထြန္းေအာင္ကေျပာသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနက၂၀၂၀ ‌ေအာက္တိုဘာ ၁ရက္ကစတင္ၿပီးတည္ေဆာက္ေရးလုပ္ငန္းမ်ားကိုကိုယ္တိုင္ေဆာင္႐ြက္ေတာ့မည္မဟုတ္ဘဲ စည္းကမ္းႀကီးၾကပ္သူအျဖစ္သာေဆာင္႐ြက္မည္ျဖစ္သည္။

ျပည္တြင္းသုံးဘတ္ဂ်က္ျဖင့္ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၏တည္ေဆာက္ေရးလုပ္ငန္းမ်ားသည္ ႏွစ္စဥ္က်ပ္ဘီလီယံ ၅,ဝဝဝေက်ာ္႐ွိၿပီးႏိုင္ငံတကာေခ်းေငြျဖင့္ေဆာင္႐ြက္သည့္လုပ္ငန္းမွာႏွစ္စဥ္က်ပ္ ဘီလီယံ ၂,ဝဝဝေက်ာ္႐ွိသည္ဟု ‌ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာေက်ာ္လင္းကေျပာၾကားထားသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service