ရန်ကုန်မှာ အခြေခံစားသောက်ကုန်တွေဖြန့်ဖြူးဖို့ စတင်ပြင်ဆင်နေပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
1514 Views

ရန်ကုန်မှာ အခြေခံစားသောက်ကုန်တွေဖြန့်ဖြူးဖို့ စတင်ပြင်ဆင်နေပြီဖြစ်

[Unicode]

ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံစားသောက်ကုန်တွေဖြန့်ဖြူးပေးဖို့ ထုတ်ပိုးပြင်ဆင်ခြင်းနဲ့အိမ်ထောင်စုစာရင်းကောက်ယူတာကို ဒီကနေ့စတင်သွားမယ်လို့ သိရပါတယ်။

Stay at Home နှစ်ပတ်တာကာလအတွင်း တိုင်းဒေသကြီးအတွင်းကလူဦးရေ ၇သန်းလောက်ကိုရိက္ခာခွဲတမ်းစနစ်နဲ့ ဖြန့်ဖြူးပေးနိုင်ဖို့ ကုန်စည်ဒိုင်တွေသယ်ယူပို့ဆောင်ရေးကိစ္စတွေနဲ့လူနေရပ်ကွက်တွေအတွင်းဖြန့်ဖြူးနိုင်ဖို့ညွှန်ကြားမှုတွေရှိတယ်လို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။ လူစုလူဝေးမဖြစ်ဖို့၊စနစ်တကျဖြစ်ဖို့အမှန်တကယ်လိုအပ်သူတွေဆီကိုရောက်ရှိဖို့သေချာစွာစာရင်းပြုစုလုပ်ဆောင်သွားမှာဖြစ်တယ်လို့ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာကပြောပါတယ်။

ရပ်ကွက်မှာနေထိုင်တဲ့လူဦးရေစာရင်းနဲ့ပေးဝေရမယ့်စားနပ်ရိက္ခာတွေရဲ့စာရင်းကို volunteer တွေရဲ့အကူအညီနဲ့ပြင်ဆင်သွားဖို့ရှိတယ်လို့စမ်းချောင်းမြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်စင်လင်းကဆိုပါတယ်။

မနေ့က စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြိးအစိုးရအဖွဲ့နဲ့ ကုန်သည်စက်မှုအသင်းချုပ်ကတာဝန်ရှိသူတွေက ရန်ကုန်ကရိက္ခာဖြန့်ဝေဖို့ညှိုနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တွေကိုစတင်ညွှန်ကြားလိုက်ဖြစ်ပါတယ်။

စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မှာ အခြေခံစားသောက်ကုန်တွေကိုရာရှင်စနစ်နဲ့ဖြန့်ဖြူးရေးအစီအစဉ်ဟာကပ်ရောဂါပြန့်နှံ့မှုကွင်းဆက်ကိုဖြတ်တောက်ထိန်းချုပ်နိုင်ဖို့ အဆုံးစွန်အနေအထားအတွက်ပြင်ဆင်ထားတာလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကပြောပါတယ်။

ရာရှင်စနစ်နဲ့အခြေခံစားသောက်ကုန်တွေကိုဖြန့်ဖြူးရေးအစီအစဉ်ဟာ လိုအပ်လာရင်ဒါမှမဟုတ်လိုအပ်မှာသာဆောင်ရွက်နိုင်ဖို့ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ သတင်းထောက်တစ်ဦးမေးမြန်းတာကိုပြန်လည်ဖြေကြားရာမှာထည့်သွင်းပြောတာပါ။

လက်ရှိဖြစ်ပွားနေတဲ့ရောဂါကွင်းဆက်ကိုဖြတ်တောက်ထိန်းချုပ်နိုင်ဖို့အတွက် အဆုံးစွန်ဆောင်ရွက်ရမယ့်အနေအထားကိုရောက်ရှိလာရင် အချိန်ကပ်ပြီးဆောင်ရွက်ရတာမျိုး၊အများပြည်သူကသီလင်တဖြစ်မှာစိုးတဲ့အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်တာလို့ ဦးဇော်ဌေးကဆိုပါတယ်။

စက်တင်ဘာလ ၂၃ရက် မနေ့ကစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ကုန်သည်စက်မှုအသင်းချုပ်တာဝန်ရှိသူတွေရိက္ခာဖြန့်ဝေဖို့ညှိနှိုင်းခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

ရန္ကုန္မွာ အေျခခံစားေသာက္ကုန္ေတြျဖန္႔ျဖဴးဖို႔ စတင္ျပင္ဆင္ေနၿပီျဖစ္

ရန္ကုန္တိုင္းေဒသႀကီးမွာ အေျခခံစားေသာက္ကုန္ေတြျဖန္႔ျဖဴးေပးဖို႔ ထုတ္ပိုးျပင္ဆင္ျခင္းနဲ႔အိမ္ေထာင္စုစာရင္းေကာက္ယူတာကို ဒီကေန႔စတင္သြားမယ္လို႔ သိရပါတယ္။

Stay at Home ႏွစ္ပတ္တာကာလအတြင္း တိုင္းေဒသႀကီးအတြင္းကလူဦးေရ ၇သန္းေလာက္ကိုရိကၡာခြဲတမ္းစနစ္နဲ႔ ျဖန္႔ျဖဴးေပးႏိုင္ဖို႔ ကုန္စည္ဒိုင္ေတြသယ္ယူပို႔ေဆာင္ေရးကိစၥေတြနဲ႔လူေနရပ္ကြက္ေတြအတြင္းျဖန္႔ျဖဴးႏိုင္ဖို႔ၫႊန္ၾကားမႈေတြ႐ွိတယ္လို႔ သက္ဆိုင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြထံက သိရပါတယ္။ လူစုလူေဝးမျဖစ္ဖို႔၊စနစ္တက်ျဖစ္ဖို႔အမွန္တကယ္လိုအပ္သူေတြဆီကိုေရာက္႐ွိဖို႔ေသခ်ာစြာစာရင္းျပဳစုလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ လိႈင္သာယာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးေက်ာ္စြာကေျပာပါတယ္။

ရပ္ကြက္မွာေနထိုင္တဲ့ လူဦးေရစာရင္းနဲ႔ေပးေဝရမယ့္စားနပ္ရိကၡာေတြရဲ႕စာရင္းကို volunteer ေတြရဲ႕အကူအညီနဲ႔ျပင္ဆင္သြားဖို႔႐ွိတယ္လို ႔စမ္းေခ်ာင္းၿမိဳ႕နယ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသန္႔စင္လင္းကဆိုပါတယ္။

မေန႔က စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးအပါအဝင္ ရန္ကုန္တိုင္းေဒသႀကိးအစိုးရအဖြဲ႕နဲ႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ကတာဝန္႐ွိသူေတြက ရန္ကုန္ကရိကၡာျဖန္႔ေဝဖို႔ညိႇဳႏိႈင္းေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္ေတြကိုစတင္ၫႊန္ၾကားလိုက္ျဖစ္ပါတယ္။

စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ရန္ကုန္မွာ အေျခခံစားေသာက္ကုန္ေတြကိုရာ႐ွင္စနစ္နဲ႔ျဖန္႔ျဖဴးေရးအစီအစဥ္ဟာကပ္ေရာဂါျပန္႔ႏွံ႔မႈကြင္းဆက္ကိုျဖတ္ေတာက္ထိန္းခ်ဳပ္ႏိုင္ဖို႔ အဆုံးစြန္အေနအထားအတြက္ျပင္ဆင္ထားတာလို႔ သမၼတ႐ုံးေျပာေရးဆိုခြင့္႐ွိသူဦးေဇာ္ေဌးကေျပာပါတယ္။

ရာ႐ွင္စနစ္နဲ႔အေျခခံစားေသာက္ကုန္ေတြကိုျဖန္႔ျဖဴးေရးအစီအစဥ္ဟာ လိုအပ္လာရင္ဒါမွမဟုတ္လိုအပ္မွာသာေဆာင္႐ြက္ႏိုင္ဖို႔ႀကိဳတင္ျပင္ဆင္ထားတာျဖစ္တယ္လို႔ သတင္းေထာက္တစ္ဦးေမးျမန္းတာကိုျပန္လည္ေျဖၾကားရာမွာထည့္သြင္းေျပာတာပါ။

လက္႐ွိျဖစ္ပြားေနတဲ့ေရာဂါကြင္းဆက္ကိုျဖတ္ေတာက္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အဆုံးစြန္ေဆာင္႐ြက္ရမယ့္အေနအထားကိုေရာက္႐ွိလာရင္ အခ်ိန္ကပ္ၿပီးေဆာင္႐ြက္ရတာမ်ိဳး၊အမ်ားျပည္သူကသီလင္တျဖစ္မွာစိုးတဲ့အတြက္ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္တာလို႔ ဦးေဇာ္ေဌးကဆိုပါတယ္။

စက္တင္ဘာလ ၂၃ရက္ မေန႔ကစီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနဝန္ႀကီး၊ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ကုန္သည္စက္မႈအသင္းခ်ဳပ္တာဝန္႐ွိသူေတြရိကၡာျဖန္႔ေဝဖို႔ညႇိႏိႈင္းခဲ့တာ႐ွိပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service