အောင်မြင့်မိုရ်အိမ်ရာမှာ အတည်ပြုလူနာ၂၀၀၀လောက် ထားဖို့ရည်ရွယ် - Property News in Myanmar from iMyanmarHouse.com
1141 Views

အောင်မြင့်မိုရ်အိမ်ရာမှာ အတည်ပြုလူနာ၂၀၀၀လောက် ထားဖို့ရည်ရွယ်

[Unicode]

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းများကို Covid-19 အတည်ပြုလူနာ၂၀၀၀လောက်အထိထားရှိနိုင်ဖို့ရည်ရွယ်ထားပါတယ်။

လူနာတွေနေထိုင်ဖို့ပြင်ဆင်နေမှုဟာစက်တင်ဘာ၂၃ ရက်ကပြီးစီးသွားပြီဖြစ်တာကြောင့်အခုရက်ပိုင်းအတွင်းအတည်ပြုလူနာတွေထားရှိသွားမှာလည်းဖြစ်ပါတယ်။

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းများတွင်ရေ၊မီးရရှိရန်နှင့်တိုက်တန်းလူဝင်လူထွက်နေရာများ၊ပြတင်းပေါက်များကိုသံပန်း၊သံတံခါးများတပ်ဆင်ခြင်း၊သွပ်ပြားများကာရန်ခြင်း၊အဲကွန်းတပ်ဆင်ခြင်းနှင့်ခြံစည်းရိုးများခက်ခြင်းအစရှိသည့် လုပ်ငန်းများကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်းကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အမှတ်၁တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောသည်။

"ပြင်ဆင်မှုများကိုဒီနေ့အပြီးဆောင်ရွက်နေပါတယ်။လူနာတွေသက်တောင့်သက်သာနေနိုင်အောင်မီဆိုင်းတွေတက်တာ၊ရေပိုက်လိုင်းတွေသွယ်တာ၊အဲကွန်းတပ်ဆင်တာတွေလုပ်နေပါတယ်။စက်တင်ဘာ၂၃ရက်ကစပြီးကိုဗစ် Positive လူနာ၂၅၆ ဦးကိုစတင်လက်ခံနေရာချပေးသွားမှာပါ" ဟု၎င်းကပြောသည်။

အောင်မြင့်မိုရ်အိမ်ရာရှိတိုက် (၁၈)လုံးရှိပြီးစက်တင်ဘာ၂၃ရက်တွင်တိုက်အမှတ် (၅/၆) နှစ်လုံးရှစ်ခန်းတွဲလေးထပ်တိုက်၊အခန်းပေါင်း (၆၄)ခန်းတွင်ပထမဆုံးအကြိမ်အဖြစ်အခန်းတစ်ခန်းလျှင်၄ဦးနှုန်းဖြင့်သက်ကြီးနှင့်ရောဂါအခံရှိသည့် Positive လူနာ (၂၅၆)ဦးထားရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင်စက်တင်ဘာ၂၄ ရက်နေ့တွင်တိုက်အမှတ် (၁၊၂၊၄၊၇၊၈၊၁၁၊၁၂၊၁၅၊၁၆၊၁၈) တိုက် (၁၀)လုံးမှ (မြေညီထပ်မှ (၆)ခန်းမပါ) အခန်း(၁၈၀)ခန်းတွင် (၁)ခန်းလျှင်Positiveလူနာ(၄)ဦးနှုန်းဖြင့်(၆၂၀)ဦးထားရှိမည်ဖြစ်ပြီးစက်တင်ဘာ၂၅ ရက်နေ့တွင်တိုက်အမှတ် ၆ ခန်းတွဲ ၄ထပ်တိုက်၊တိုက်အမှတ် (၉၊၁၀၊၁၃၊၁၄၊၁၉၊၂၀) တိုက် ၆လုံးရှိ (မြေညီထပ်၆ခန်းမပါ)အခန်းပေါင်း (၁၀၈)ခန်းတွင် (၁)ခန်းလျှင်(၄)ဦးနှုန်းဖြင့်(၄၃၂)ဦးထားရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]






အောင်မြင့်မိုရ်အိမ်ရာရှိတိုက် (၁၈)လုံးရှိပြီးစက်တင်ဘာ၂၃ရက်တွင်တိုက်အမှတ် (၅/၆) နှစ်လုံးရှစ်ခန်းတွဲလေးထပ်တိုက်၊အခန်းပေါင်း (၆၄)ခန်းတွင်ပထမဆုံးအကြိမ်အဖြစ်အခန်းတစ်ခန်းလျှင်၎ဦးနှုန်းဖြင့်သက်ကြီးနှင့်ရောဂါအခံရှိသည့် Positive လူနာ (၂၅၆)ဦးထားရှိမည်ဖြစ်ကြောင်းသိရသည်။







Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service