လေးနှစ်အတွင်းအဓိကရင်းနှီးမြှုပ်နှံမှုက အိမ်ခြံမြေလုပ်ငန်းဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
737 Views

လေးနှစ်အတွင်းအဓိကရင်းနှီးမြှုပ်နှံမှုက အိမ်ခြံမြေလုပ်ငန်းဖြစ်နေ

[Unicode]

အစိုးရသက်တမ်းလေးနှစ်အတွင်း နိုင်ငံသားများ၏အဓိကရင်းနှီးမြှုပ်နှံမှုကအိမ်ခြံမြေကဏ္ဍတွင်ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၀ရာခိုင်နှုန်းခန့်ရှိနေသည်။ရင်နှီးမြှုပ်နှံမှုတန်ဖိုးအားဖြင့်ကျပ်၂,၆၀၀ ဘီလီယံနီးပါးရှိသည်။

ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ ထုတ်ကုန်ကဏ္ဍဖြစ်ပြီးကျပ်၁,၅၅၀ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံထားကာ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင်ရင်းနှီးမြုပ်နှံမှုကကျပ် ၁,၁၀၀ ဘီလီယံကျော်ရှိသည်။

လယ်ယာကဏ္ဍနှင့်စိုက်ပျိုးရေးကိုအဓိကထားသောနိုင်ငံတွင်လယ်ယာကဏ္ဍ၌ နိုင်ငံသားများရင်းနှီးမြှုပ်နှံမှုကအနည်းဆုံးဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ကျပ် ၄၁ ဘီလီယံသာရင်းနှီးမြှုပ်နှံပြီး၂၀၂၀ ဇွန်လကုန်အထိရင်းနှီးမြှုပ်နှံမှုစုစုပေါင်းကျပ် ၉၀ဘီလီယံကျော်သာရှိသည်။

လက်ရှိအစိုးရသက်တမ်းလေးနှစ်ကျော်အတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှစ်ဆနီးပါးတိုးတက်လာပြီး ကျပ်ဘီလီယံ ၉,၂၀၀ကျော် ရင်းနှီးမြှုပ်နှံထားသည်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏စာရင်းများအရ ၂၀၁၆ မတ်လတွင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းကျပ် ၁၁,၆၂၄ဘီလီယံကျော်ရှိသော်လည်း၂၀၂၀ ဇွန်လကုန်တွင်ကျပ်၂၀,၈၇၁ ဘီလီယံကျော်မြင့်တက်ခဲ့သည်။

နိုင်ငံသားများပြည်တွင်းရင်းနှီးမြှုပ်နှံပြီးစီးပွားရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာသည်ကိုဖော်ပြနေသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကပြောသည်။

မြန်မာနိုင်ငံတွင်၂၀၁၉-၂၀ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ရက်မှဇူလိုင် ၁၉ရက်အထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၄ဒသမ၆ဘီလီယံဖိုးဝင်ရောက်ထားသည်။ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသည် ကျပ်ဘီလီယံ၁,၁၆၀ကျော်အထိဝင်ရောက်ထားပြီးလုပ်ငန်း ၁၀၀ကျော်ရင်းနှီးမြှုပ်နှံထားသည်။

အိမ်ရာဆောက်လုပ်ရေးသည်ဒေါ်လာ၃ဒသမ၄ဘီလီယံခန့်ဖြင့်အစဉ်လိုက်ရှိနေသည်။ထို့ပြင်သီလဝါအထူးစီးပွားရေးဇုန်တွင်လုပ်ငန်းပေါင်း၅၉ခုကဒေါ်လာ၁ဒသမ၃၆ဘီလီယံဖိုးဝင်ရောက်ထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်စင်ကာပူနိုင်ငံမှဒေါ်လာ၁၁ဘီလီယံဝင်ရောက်ပြီးတရုတ်နိုင်ငံမှ၈ဒသမ၃ဘီလီယံဖိုးဝင်ရောက်ထားသည်။

လက်ရှိအစိုးရလက်ထက်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်စင်ကာပူနိုင်ငံမှဒေါ်လာ၁၀ဒသမ၆ဘီလီယံနှင့်တရုတ်နိုင်ငံမှ၆ဒသမ၄ဘီလီယံဖိုးဝင်ရောက်ခဲ့သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေလးႏွစ္အတြင္းအဓိကရင္းႏွီးျမႇဳပ္ႏွံမႈက အိမ္ျခံေျမလုပ္ငန္းျဖစ္ေန

အစိုးရသက္တမ္းေလးႏွစ္အတြင္း ႏိုင္ငံသားမ်ား၏အဓိကရင္းႏွီးျမႇဳပ္ႏွံမႈကအိမ္ျခံေျမက႑တြင္ျဖစ္ၿပီး စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၃၀ရာခိုင္ႏႈန္းခန္႔႐ွိေနသည္။ရင္ႏွီးျမႇဳပ္ႏွံမႈတန္ဖိုးအားျဖင့္က်ပ္၂,၆၀၀ ဘီလီယံနီးပါး႐ွိသည္။

ဒုတိယရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးမွာ ထုတ္ကုန္က႑ျဖစ္ၿပီးက်ပ္၁,၅၅၀ ဘီလီယံေက်ာ္ရင္းႏွီးျမႇဳပ္ႏွံထားကာ ပို႔ေဆာင္ဆက္သြယ္ေရးက႑တြင္ရင္းႏွီးျမဳပ္ႏွံမႈကက်ပ္ ၁,၁၀၀ ဘီလီယံေက်ာ္႐ွိသည္။

လယ္ယာက႑ႏွင့္စိုက္ပ်ိဳးေရးကိုအဓိကထားေသာႏိုင္ငံတြင္လယ္ယာက႑၌ ႏိုင္ငံသားမ်ားရင္းႏွီးျမႇဳပ္ႏွံမႈကအနည္းဆုံးျဖစ္သည္။

လက္႐ွိအစိုးရလက္ထက္တြင္ က်ပ္ ၄၁ ဘီလီယံသာရင္းႏွီးျမႇဳပ္ႏွံၿပီး၂၀၂၀ ဇြန္လကုန္အထိရင္းႏွီးျမႇဳပ္ႏွံမႈစုစုေပါင္းက်ပ္ ၉၀ဘီလီယံေက်ာ္သာ႐ွိသည္။

လက္႐ွိအစိုးရသက္တမ္းေလးႏွစ္ေက်ာ္အတြင္း ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈႏွစ္ဆနီးပါးတိုးတက္လာၿပီး က်ပ္ဘီလီယံ ၉,၂၀၀ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားသည္။

ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၏စာရင္းမ်ားအရ ၂၀၁၆ မတ္လတြင္ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈစုစုေပါင္းက်ပ္ ၁၁,၆၂၄ဘီလီယံေက်ာ္႐ွိေသာ္လည္း၂၀၂၀ ဇြန္လကုန္တြင္က်ပ္၂၀,၈၇၁ ဘီလီယံေက်ာ္ျမင့္တက္ခဲ့သည္။

ႏိုင္ငံသားမ်ားျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံၿပီးစီးပြားေရးလုပ္ငန္းမ်ားတိုးခ်ဲ႕လုပ္ကိုင္လာသည္ကိုေဖာ္ျပေနသည္ဟု ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးကေျပာသည္။

ျမန္မာႏိုင္ငံတြင္၂၀၁၉-၂၀ ဘ႑ာႏွစ္ေအာက္တိုဘာ ၁ရက္မွဇူလိုင္ ၁၉ရက္အထိႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေဒၚလာ ၄ဒသမ၆ဘီလီယံဖိုးဝင္ေရာက္ထားသည္။ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈသည္ က်ပ္ဘီလီယံ၁,၁၆၀ေက်ာ္အထိဝင္ေရာက္ထားၿပီးလုပ္ငန္း ၁၀၀ေက်ာ္ရင္းႏွီးျမႇဳပ္ႏွံထားသည္။

အိမ္ရာေဆာက္လုပ္ေရးသည္ေဒၚလာ၃ဒသမ၄ဘီလီယံခန္႔ျဖင့္အစဥ္လိုက္႐ွိေနသည္။ထို႔ျပင္သီလဝါအထူးစီးပြားေရးဇုန္တြင္လုပ္ငန္းေပါင္း၅၉ခုကေဒၚလာ၁ဒသမ၃၆ဘီလီယံဖိုးဝင္ေရာက္ထားသည္။ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္စင္ကာပူႏိုင္ငံမွေဒၚလာ၁၁ဘီလီယံဝင္ေရာက္ၿပီးတ႐ုတ္ႏိုင္ငံမွ၈ဒသမ၃ဘီလီယံဖိုးဝင္ေရာက္ထားသည္။

လက္႐ွိအစိုးရလက္ထက္တြင္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္စင္ကာပူႏိုင္ငံမွေဒၚလာ၁၀ဒသမ၆ဘီလီယံႏွင့္တ႐ုတ္ႏိုင္ငံမွ၆ဒသမ၄ဘီလီယံဖိုးဝင္ေရာက္ခဲ့သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service