လက်ရှိအစိုးရသက်တမ်းတွင် ဟိုတယ် ၄၇၀၀ကျော်ဖွင့်လှစ်ခွင့်ပေးခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
704 Views

လက်ရှိအစိုးရသက်တမ်းတွင် ဟိုတယ် ၄၇၀၀ကျော်ဖွင့်လှစ်ခွင့်ပေးခဲ့ဟုဆို

[Unicode]

လက်ရှိ အစိုးရသက်တမ်း လေးနှစ်အတွင်း ဟိုတယ်ပေါင်း ၄၇၀၀ကျော်ကိုဖွင့်လှစ်ပေးခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုဟိုတယ်အရေအတွက်သည် ၂၀၁၆ မှ ၂၀၁၉ အထိစာရင်းများအရဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။ ထိုသို့ခွင့်ပြုခဲ့ခြင်းကြောင့် ၎င်းဟိုတယ်များသည် အခန်းပေါင်း ၂၃၀၀၀၀ကျော်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုပြင်ဝန်ကြီးဌာနက တည်ခိုးခန်းပေါင်း ၁၈၀၀ကျော်ကိုလည်း လေးနှစ်အတွင်း ခွင့်ပြုပေးခဲ့သေးဟုဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ စာရင်းများအရ ဟိုတယ်အလုံးရေ ၉၁၇ လုံးနှင့် အခန်း ၃၄၅၄၆ ခန်းအထိ ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၇ မတ် ၃၁ ရက်အထိ ဟိုတယ်နှင့် တည်းခိုခန်း ပေါင်း ၁၄၇၉လုံးရှိပြီး စုစုပေါင်းအခန်း ၅၈၀၀ကျော်ရှိခဲ့သည်ဟုဆိုသည်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၅၉၀ မှာ အခန်းပေါင်း ၆၉,၃၇၈ ခန်း ရှိလာသည်။

ထိုကာလတွင် မန္တလေးတိုင်းတွင် ဟိုတယ်အများဖြစ်ပြီး ဟိုတယ်နှင့်တည်းခိုခန်းပေါင်း ၄၀၀ကျော်ရှိသည်။ ဒုတိယအများဆုံးမှ ရန်ကုန်တိုင်းဖြစ်ပြီး တတိယမှ ရှမ်းပြည်နယ်ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုထားသည်။

ဝန်ကြီးဌာနက ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတကာအဆင့်မီတည်းခိုခန်း တည်ဆောက်ရေး လုပ်ငန်းများ၌ ငွေကြေး သုံးစွဲလုပ်ကိုင် ရန်ဖိတ်ခေါ်လျက်ရှိသည်။ ထိုပြင် ပြည်ပရင်းနှီးမြှုပ်နှံသူများကိုပါ ကြယ်သုံးပွင့်အဆင့် သို့မဟုတ် ၎င်းထက် အဆင့်မြင့်သည့်ဟိုတယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပါဝင်လာစေရန် ဖိတ်ခေါ်လျက်ရှိသည်ဟု ၎င်း၏ ဝက်ဆိုဒ်စာမျက်နှာတွင် ကြေငြာထားသည်။

နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် ခရီးသွားကုမ္ပဏီ၊ တန်ဖိုးနည်း ဟိုတယ်၊ အပန်းဖြေဥယျာဉ်၊ ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်သည့် အခြေခံအဆောက်အဦ ပရောဂျက်များအား ဖက်စပ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟုလည်းဆိုထားသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အဓိကအခွင့်အလမ်းများကို ဖော်ထုတ်ရာတွင်လည်း အလားအလာရှိသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများလေ့လာဖော်ထုတ်ခြင်းတို့ဆောင်ရွက်နေသည်ဟုဆိုသည်။

၎င်းတို့တွင် သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသည့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး (ခြေလျင်တောင်တက် ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်သည့်ဟိုတယ်လုပ်ငန်းများ)နှင့်ယဉ်ကျေးမှုနှင့် အမျိုးဘာသာ အခြေခံသည့်ခရီးသွားလုပ်ငန်းများ (ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများဖွံ့ဖြိုးရေး)တို့ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service