ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များ အလိုအလျောက်ယာယီသက်တမ်းတိုးပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1396 Views

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များ အလိုအလျောက်ယာယီသက်တမ်းတိုးပေးမည်ဟုဆို

[Unicode]

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များကို သက်တမ်းယာယီတိုးမြှင့်ပေးမည်ဟု ကုန်သွယ်ရေးဦးစီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ကြေညာသည်။

COVID-19 ကပ်ရောဂါ ကြောင့် စီးပွားရေးလုပ်ငန်းများ မထိခိုက်စေရန်နှင့် ရုံးလုပ်ငန်းများ၌ လူစုလူဝေးမဖြစ်စေရန်အတွက် စက်တင်ဘာ ဒုတိယပတ်မှ ဒီဇင်ဘာလကုန်အတွင်း သက်တမ်းကုန်ဆုံးမည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များသည် ရုံးသို့လာရောက်ရန်မလိုတော့ဘဲ ဌာန၏ မှတ်ပုံတင်စနစ်မှ ယာယီသက်တမ်းတိုးပေးထားမည်ဖြစ်သည်။

‘‘အဓိကကတော့ ဝန်ထမ်း တွေရော လာမယ့်သူတွေအတွက် ရောဂါပြန့်ပွားမှုမရှိရေး ထိန်းချုပ်တာဖြစ်တယ်။ ရုံးမှာလည်း ဝန်ထမ်းတွေ ထက်ဝက်လျှော့ချထားတယ်။ အခုသက်တမ်းတိုးရမယ့် ပသက မှတ်ပုံတင်ကလည်း ပထမတစ်ကြိမ်တုန်းကလို ယာယီကင်းလွတ်ခွင့်ပြုခဲ့တဲ့ပုံစံပဲ’’ဟုကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

သို့သော် ကင်းလွတ်ခွင့်သတ်မှတ်ကာလ ကျော်လွန်ပါက သက်ဆိုင်ရာကုမ္ပဏီများသည် မူလကုန်ဆုံးခဲ့သည့်ရက်မှ ပြန်လည်၍ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်သည်။

ဆေးနှင့် ဆေးဝါးပစ္စည်း၊ စားသုံးဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းပါက လူကိုယ်တိုင်လာရောက်ရန် မလိုတော့ဘဲ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရန် ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းစနစ်အတွက် ဧပြီကစ၍ ပထမအကြိမ်အဖြစ် ပို့ကုန်၊သွင်းကုန် လိုင်စင်ပါမစ် ပို့ကုန်ပစ္စည်း ၇၃ လိုင်း၊ သွင်းကုန်ပစ္စည်း ၉၁ လိုင်း လျှောက်ထားခွင့်ပြုခဲ့သည်။ ဧပြီဒုတိယပတ်တွင် သွင်းကုန်ပစ္စည်း ၄၅၅ လိုင်း ဆက်လက်ခွင့်ပြုခဲ့သည်။

ထို့အပြင် အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျှောက်ထားမှု ပိုမိုအဆင်ပြေစေရန် သွင်းကုန်ပစ္စည်း ၁၉၆ လိုင်းအား ထပ်မံတိုးမြှင့်ပေးခဲ့ သည်။

ဧပြီကစ၍ စက်တင်ဘာလကုန်အထိ ကင်းလွတ်ခွင့်ပြုခဲ့ သော ပို့ကုန်တင်ပို့ခြင်းမှ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းကိုလည်း ဒီဇင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ကြောင်း စက်တင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုပြင်သွင်းကုန်လိုင်စင်ကြေး ဖြေလျှော့ပေးခြင်းကို ယခုနှစ်ကုန် အထိ အချိန်ထပ်မံတိုးပေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

COVID-19 ကာလတွင် သွင်းကုန်များအတွက် လိုင်စင်တစ်စောင်လျှင် ကျပ်သုံးသောင်း လျှော့ချပေးခြင်းကို စက်တင်ဘာလကုန်အထိ သတ်မှတ်ထားရာမှ အချိန်ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်သည်။COVID-19 ကပ်ရောဂါမတိုင်မီက သွင်းကုန်လိုင်စင်တစ် စောင်ကို ကျပ်သုံးသောင်းမှကိုး သောင်းအထိ သတ်မှတ်ကောက်ခံခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပို႔ကုန္သြင္းကုန္လုပ္ငန္း႐ွင္မွတ္ပုံတင္မ်ား အလိုအေလ်ာက္ယာယီသက္တမ္းတိုးေပးမည္ဟုဆို

ပို႔ကုန္၊ သြင္းကုန္လုပ္ငန္း႐ွင္ မွတ္ပုံတင္မ်ားကို သက္တမ္းယာယီတိုးျမႇင့္ေပးမည္ဟု ကုန္သြယ္ေရးဦးစီးဌာနက စက္တင္ဘာ ၁၅ ရက္တြင္ ေၾကညာသည္။

COVID-19 ကပ္ေရာဂါ ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား မထိခိုက္ေစရန္ႏွင့္ ႐ုံးလုပ္ငန္းမ်ား၌ လူစုလူေဝးမျဖစ္ေစရန္အတြက္ စက္တင္ဘာ ဒုတိယပတ္မွ ဒီဇင္ဘာလကုန္အတြင္း သက္တမ္းကုန္ဆုံးမည့္ ပို႔ကုန္၊ သြင္းကုန္လုပ္ငန္း႐ွင္ မွတ္ပုံတင္မ်ားသည္ ႐ုံးသို႔လာေရာက္ရန္မလိုေတာ့ဘဲ ဌာန၏ မွတ္ပုံတင္စနစ္မွ ယာယီသက္တမ္းတိုးေပးထားမည္ျဖစ္သည္။

‘‘အဓိကကေတာ့ ဝန္ထမ္း ေတြေရာ လာမယ့္သူေတြအတြက္ ေရာဂါျပန္႔ပြားမႈမ႐ွိေရး ထိန္းခ်ဳပ္တာျဖစ္တယ္။ ႐ုံးမွာလည္း ဝန္ထမ္းေတြ ထက္ဝက္ေလွ်ာ့ခ်ထားတယ္။ အခုသက္တမ္းတိုးရမယ့္ ပသက မွတ္ပုံတင္ကလည္း ပထမတစ္ႀကိမ္တုန္းကလို ယာယီကင္းလြတ္ခြင့္ျပဳခဲ့တဲ့ပုံစံပဲ’’ဟုကုန္သြယ္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက ေျပာသည္။

သို႔ေသာ္ ကင္းလြတ္ခြင့္သတ္မွတ္ကာလ ေက်ာ္လြန္ပါက သက္ဆိုင္ရာကုမၸဏီမ်ားသည္ မူလကုန္ဆုံးခဲ့သည့္ရက္မွ ျပန္လည္၍ လုပ္ထုံးလုပ္နည္းအတိုင္း ျပန္လည္သက္တမ္းတိုး ေဆာင္႐ြက္ရမည္ျဖစ္သည္။

ေဆးႏွင့္ ေဆးဝါးပစၥည္း၊ စားသုံးဆီအပါအဝင္ လူသုံးကုန္ပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းပါက လူကိုယ္တိုင္လာေရာက္ရန္ မလိုေတာ့ဘဲ အြန္လိုင္းစနစ္ျဖင့္ ေလွ်ာက္ထားရန္ ကုန္သြယ္ေရး ဦးစီးဌာနက ထုတ္ျပန္ထားသည္။

ယင္းစနစ္အတြက္ ဧၿပီကစ၍ ပထမအႀကိမ္အျဖစ္ ပို႔ကုန္၊သြင္းကုန္ လိုင္စင္ပါမစ္ ပို႔ကုန္ပစၥည္း ၇၃ လိုင္း၊ သြင္းကုန္ပစၥည္း ၉၁ လိုင္း ေလွ်ာက္ထားခြင့္ျပဳခဲ့သည္။ ဧၿပီဒုတိယပတ္တြင္ သြင္းကုန္ပစၥည္း ၄၅၅ လိုင္း ဆက္လက္ခြင့္ျပဳခဲ့သည္။

ထို႔အျပင္ အြန္လိုင္းစနစ္ျဖင့္ လိုင္စင္ေလွ်ာက္ထားမႈ ပိုမိုအဆင္ေျပေစရန္ သြင္းကုန္ပစၥည္း ၁၉၆ လိုင္းအား ထပ္မံတိုးျမႇင့္ေပးခဲ့ သည္။

ဧၿပီကစ၍ စက္တင္ဘာလကုန္အထိ ကင္းလြတ္ခြင့္ျပဳခဲ့ ေသာ ပို႔ကုန္တင္ပို႔ျခင္းမွ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္း ေကာက္ခံျခင္းကိုလည္း ဒီဇင္ဘာလကုန္အထိ ထပ္မံတိုးျမႇင့္ေၾကာင္း စက္တင္ဘာ ၁၅ ရက္က ထုတ္ျပန္ခဲ့သည္။

ထိုျပင္သြင္းကုန္လိုင္စင္ေၾကး ေျဖေလွ်ာ့ေပးျခင္းကို ယခုႏွစ္ကုန္ အထိ အခ်ိန္ထပ္မံတိုးေပးေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက စက္တင္ဘာ ၁၄ ရက္တြင္ အမိန္႔ေၾကာ္ျငာစာ ထုတ္ျပန္ခဲ့သည္။

COVID-19 ကာလတြင္ သြင္းကုန္မ်ားအတြက္ လိုင္စင္တစ္ေစာင္လွ်င္ က်ပ္သုံးေသာင္း ေလွ်ာ့ခ်ေပးျခင္းကို စက္တင္ဘာလကုန္အထိ သတ္မွတ္ထားရာမွ အခ်ိန္ထပ္မံတိုးျမႇင့္ေပးျခင္းျဖစ္သည္။COVID-19 ကပ္ေရာဂါမတိုင္မီက သြင္းကုန္လိုင္စင္တစ္ ေစာင္ကို က်ပ္သုံးေသာင္းမွကိုး ေသာင္းအထိ သတ္မွတ္ေကာက္ခံခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service