နေပြည်တော်ရှိ အငြိမ်းစားဝန်ထမ်းအိမ်ယာ ဒုတိယအဆင့်ဆောက်လုပ်နေပြီဟုဆို - Property News in Myanmar from iMyanmarHouse.com
2483 Views

နေပြည်တော်ရှိ အငြိမ်းစားဝန်ထမ်းအိမ်ယာ ဒုတိယအဆင့်ဆောက်လုပ်နေပြီဟုဆို

[Unicode]

နေပြည်တော်၊အငြိမ်းစားနိုင်ငံဝန်ထမ်းအိမ်ယာအတွက် ဒုတိယအဆင့်တိုက် ၆၉ လုံးကို ဆောက်လုပ်နေပြီ ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး မြို့မ ဈေးအနီးတွင် အငြိမ်းစားဝန်ထမ်းအိမ်ယာပထမအဆင့်တွင် တိုက် ၃၉ လုံးကို ဆောက်လုပ်နေပြီး ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ထိုကြောင့် ဒုတိယအဆင့်ကိုဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုပထမအဆင့် တိုက် ၃၉ လမ်းမှ တိုက်ခန်းများ၏ ပထမထပ်နှင့် မြေညီထပ်များ အကုန် ရောင်းချပြီးဖြစ်ကြောင်း နေပြည်တော်ကောင်စီထံမှာ သိရသည်။ ဝယ်ယူလိုပါက တတိယနှင့် ဒုတိယအထပ်များမှ ရောင်းချရန်သာ ကျန်ရှိတော့သည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီကသိရသည်။

ထိုအခန်းများအနက် မြေညီထပ် ၁၅၆ခန်း၊ ပထမအထပ် ၁၄၈ခန်း၊ ဒုတိယထပ် ၁၂၄ ခန်းနှင့် တတိယအထပ် ၁၁ ခန်းတို့ မဲနှိုက်ချထားပေးသွားမည်ဖြစ်သည်။ မဲနှိုက်ပြီးသားအခန်းများကို အောက်တိုဘာလတွင် အပ်နိုင်ဖို့ ကြိုးစားနေကြောင်း သိရသည်။

ထိုအိမ်ယာအတွက်လက်ရှိတွင် မြေညှိခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ရေသွယ်တန်းခြင်းနှင့် မြောင်းတူးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟုဆိုသည်။ ထိုစီမံကိန်းကို ဒီဇင်ဘာလတွင်အပြီးတည်ဆောက်သွားမည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ထိုစီမံကိန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၂၀၀ အနက်မှ မြေဧက ၇၀ ပေါ်တွင် တည်ဆောက်လျက်ရှိသည်။ ၎င်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ်တည်ဆောက်နေပြီး အခန်း ၃၀၀၀ ရရန် တည်ဆောက်နေသည်ဟုဆိုသည်။ ၆၅၀ စတုရန်းပေ ကျယ်ပြီး အိပ်ခန်း နှစ်ခန်းပါသည်။

တည်ဆောက်မှုတွင် အစိုးရဘတ်ဂျက်မပါဝင်ဘဲ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာလိုင်စင်ရကန်ထရိုက်တာများအသင်းတို့က ၎င်းတို့၏ အသင်းဝင်ကုမ္ပဏီများဖြင့် တာဝန်ယူတည်ဆောက်ကြခြင်းဖြစ်သည်။ နေပြည်တော်စည်ပင်က တာဝန်ယူရောင်းချပေးပြီး အရည်အသွေး ကြီးကြပ်ပေးသည်။

ထိုအိမ်ယာမှ အခန်းများကို ဇွန်လ တစ်လလုံး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေကို လာရောက်ဝယ်ယူနိုင်ကြောင်း လျှောက်လွှာခေါ်ယူခဲ့သည်။

ရောင်းချရာတွင် မြေညီထပ် ကျပ်သိန်း ၂၅၀နှင့် ပထမထပ် ကျပ်သိန်း ၂၄၀ တန်တို့သည် ဇွန်လထဲ၌ အကုန် ရောင်းချလိုက်ရသည်။ဒုတိယအထပ်အတွက် ကျပ် သိန်း ၂၃၀ နှင့် တတိယအထက်အတွက် ကျပ် သိန်း ၂၂၀ ဖြစ်သည်။

ထိုအိမ်ယာရှိ တိုက်များမှာ လေးခန်းတွဲ၊ လေးထပ်ပုံစံဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၆၅၀ ရှိပြီး အိပ်ခန်းနှစ်ခန်း၊ဧည့်ခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ဝရန်တာနှင့် အရေးပေါ်လှေကားတို့ကိုထည့်သွင်းတည်ဆောက်ပေးသွားမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေနျပည္ေတာ္႐ွိ အၿငိမ္းစားဝန္ထမ္းအိမ္ယာ ဒုတိယအဆင့္ေဆာက္လုပ္ေနၿပီဟုဆို

ေနျပည္ေတာ္၊အၿငိမ္းစားႏိုင္ငံဝန္ထမ္းအိမ္ယာအတြက္ ဒုတိယအဆင့္တိုက္ ၆၉ လုံးကို ေဆာက္လုပ္ေနၿပီ ျဖစ္ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခသိဒၶိရပ္ကြက္၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းေဘး ၿမိဳ႕မ ေဈးအနီးတြင္ အၿငိမ္းစားဝန္ထမ္းအိမ္ယာပထမအဆင့္တြင္ တိုက္ ၃၉ လုံးကို ေဆာက္လုပ္ေနၿပီး ၇၅ ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီျဖစ္သည္။ ထိုေၾကာင့္ ဒုတိယအဆင့္ကိုဆက္လက္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ထိုပထမအဆင့္ တိုက္ ၃၉ လမ္းမွ တိုက္ခန္းမ်ား၏ ပထမထပ္ႏွင့္ ေျမညီထပ္မ်ား အကုန္ ေရာင္းခ်ၿပီးျဖစ္ေၾကာင္း ေနျပည္ေတာ္ေကာင္စီထံမွာ သိရသည္။ ဝယ္ယူလိုပါက တတိယႏွင့္ ဒုတိယအထပ္မ်ားမွ ေရာင္းခ်ရန္သာ က်န္႐ွိေတာ့သည္ဟု ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီကသိရသည္။

ထိုအခန္းမ်ားအနက္ ေျမညီထပ္ ၁၅၆ခန္း၊ ပထမအထပ္ ၁၄၈ခန္း၊ ဒုတိယထပ္ ၁၂၄ ခန္းႏွင့္ တတိယအထပ္ ၁၁ ခန္းတို႔ မဲႏိႈက္ခ်ထားေပးသြားမည္ျဖစ္သည္။ မဲႏိႈက္ၿပီးသားအခန္းမ်ားကို ေအာက္တိုဘာလတြင္ အပ္ႏိုင္ဖို႔ ႀကိဳးစားေနေၾကာင္း သိရသည္။

ထိုအိမ္ယာအတြက္လက္႐ွိတြင္ ေျမညႇိျခင္း၊ လွ်ပ္စစ္မီးသြယ္တန္းျခင္း၊ေရသြယ္တန္းျခင္းႏွင့္ ေျမာင္းတူးျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသည္ဟုဆိုသည္။ ထိုစီမံကိန္းကို ဒီဇင္ဘာလတြင္အၿပီးတည္ေဆာက္သြားမည္ဟု ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

ထိုစီမံကိန္းကို ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ ေျမဧက ၂၀၀ အနက္မွ ေျမဧက ၇၀ ေပၚတြင္ တည္ေဆာက္လ်က္႐ွိသည္။ ၎ကို ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ႀကီးၾကပ္တည္ေဆာက္ေနၿပီး အခန္း ၃၀၀၀ ရရန္ တည္ေဆာက္ေနသည္ဟုဆိုသည္။ ၆၅၀ စတုရန္းေပ က်ယ္ၿပီး အိပ္ခန္း ႏွစ္ခန္းပါသည္။

တည္ေဆာက္မႈတြင္ အစိုးရဘတ္ဂ်က္မပါဝင္ဘဲ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္း႐ွင္မ်ားအသင္းႏွင့္ ျမန္မာလိုင္စင္ရကန္ထ႐ိုက္တာမ်ားအသင္းတို႔က ၎တို႔၏ အသင္းဝင္ကုမၸဏီမ်ားျဖင့္ တာဝန္ယူတည္ေဆာက္ၾကျခင္းျဖစ္သည္။ ေနျပည္ေတာ္စည္ပင္က တာဝန္ယူေရာင္းခ်ေပးၿပီး အရည္အေသြး ႀကီးၾကပ္ေပးသည္။

ထိုအိမ္ယာမွ အခန္းမ်ားကို ဇြန္လ တစ္လလုံး အၿငိမ္းစားႏိုင္ငံ့ဝန္ထမ္းေတြကို လာေရာက္ဝယ္ယူႏိုင္ေၾကာင္း ေလွ်ာက္လႊာေခၚယူခဲ့သည္။

ေရာင္းခ်ရာတြင္ ေျမညီထပ္ က်ပ္သိန္း ၂၅၀ႏွင့္ ပထမထပ္ က်ပ္သိန္း ၂၄၀ တန္တို႔သည္ ဇြန္လထဲ၌ အကုန္ ေရာင္းခ်လိုက္ရသည္။ဒုတိယအထပ္အတြက္ က်ပ္ သိန္း ၂၃၀ ႏွင့္ တတိယအထက္အတြက္ က်ပ္ သိန္း ၂၂၀ ျဖစ္သည္။

ထိုအိမ္ယာ႐ွိ တိုက္မ်ားမွာ ေလးခန္းတြဲ၊ ေလးထပ္ပုံစံျဖစ္ၿပီး အခန္းအက်ယ္အဝန္းမွာ စတုရန္းေပ ၆၅၀ ႐ွိၿပီး အိပ္ခန္းႏွစ္ခန္း၊ဧည့္ခန္း၊ မီးဖိုေဆာင္၊ ေရခ်ိဳးခန္း၊ အိမ္သာ၊ ဝရန္တာႏွင့္ အေရးေပၚေလွကားတို႔ကိုထည့္သြင္းတည္ေဆာက္ေပးသြားမည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service