ထားဝယ်အထူးစီးပွားရေးဇုန်တွင် အမေရိကန် Chevron ကုမ္ပဏီက ရေနံချက်စက်ရုံနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
8821 Views

ထားဝယ်အထူးစီးပွားရေးဇုန်တွင် အမေရိကန် Chevron ကုမ္ပဏီက ရေနံချက်စက်ရုံနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကမ်းလှမ်း

[Unicode]

အမေရိကန်စွမ်းအင်ကုမ္ပဏီကြီး Chevron၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Unocal ကုမ္ပဏီက ထားဝယ်အထူးစီးပွားရေးဇုန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ စီမံကိန်းများ ရင်းနှီးမြှပ်နှံရန် လာရောက် ကမ်းလှမ်းထားကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်ခန့်ခွဲမူကော်မတီကထုတ်ပြန်ထားသည်။

Unocal Myanmar Offshore ကုမ္ပဏီ ဥက္ကဌ Mr. Jonathan Perry ဦးဆောင်သော Chevron and Unocal/Chevron Myanmar မှ ကိုယ်စားလှယ်များကို ဇုန်ကော်မတီဥက္ကဌဒေါက်တာထွန်းနိုင်က Online Video Conferencing ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ကော်မတီကသတင်းထုတ်ပြန်သည်။

အဆိုပါအမေရိကန်ကုမ္ပဏီက ရေနံချက်စက်ရုံ၊ LNG ဆိပ်ကမ်းနှင့် လျှပ်စစ်စက်ရုံများ ဆောင်ရွက်လိုသည်ဟု စက်တင်ဘာ ၁၀ ရက်တွင် လာရောက်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကော်မတီ၊ အတွင်းရေးမှုး ဒေါက်တာ တင်ထူးနိုင်ကပြောသည်။

အမေရိကန်ကုမ္ပဏီက ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရင် ရင်းနှီးတည် ဆောက်နိုင်မှုမေးမြန်းခဲ့သည်ဟု ကော်မတီက ထုတ်ပြန်ထားသည်။

“Unocal က လုပ်ချင်တဲ့ အလားအလားကို လာဆွေးနွေးတာပါ၊ ပရောဂျက်တွေ လုပ်ချင်တယ်၊ လုပ်ဖို့ဖြစ်နိုင်၊ မဖြစ်နိုင်၊ ဘယ်လို့လုပ်လို့ရမယ်ဆိုတာဆွေးနွေးတာ၊ အဲတာတွေပြီးမှာ လိုအပ်တဲ့လေ့လာမူတွေလာမယ်။ နောက်မှ စီမံကိန်းအဆိုပြုတာတွေလာမယ်”ဟု ဒေါက်တာတင်ထူးနိုင်ကပြောသည်။

Unocal ကုမ္ပဏီသည် အမေရိကန်အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးက လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး တနင်္သာရီတိုင်းတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေးနှင့် ပိုက်လိုင်းသွယ်တန်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထားဝယ် အထူးစီးပွားရေး ဇုန်တွင် MCM ကုမ္ပဏီက ရေနံ ချက်စက်ရုံတည်ဆောက်ရန် စီမံကိန်းအကြို ဆောင်ရွက်လို ကြောင်း ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံ တင်ပြတောင်းဆိုထားသည်။

8 MMTA Refinery စီမံ ကိန်းဟု အမည်ပေးထားသော ရေနံချက်စက်ရုံလုပ်ငန်းအတွက် မြေနှင့် ရေရရှိရန် လာရောက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ထိုစီမံကိန်းကို တရုတ်ကုမ္ပဏီများဖြစ် သည့် Yunnan Indo-Pacific Group (Indo-Pacific) နှင့် Zhong'an and CNPC East China Design Institute (CEI)တို့က ပြည်တွင်းမှ Myanmar Chemical & Machinery ကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ် သည်။

ထိုစီမံကိန်းအတွက် ကော်မတီနှင့် ကုမ္ပဏီများကြား အချိန်ကြာမြင့်စွာ ဆွေးနွေးမူရလာဒ်ဖြစ်သည်ဟု ကော်မတီ အတွင်းရေးမှူးကဆိုသည်။

ထိုပြင် ဂျပန်ကုမ္ပဏီများကလည်း ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနံချက်စက်ရုံတည်ဆောက်လိုကြောင်း စီမံကိန်းအဆိုပြုလွှာငယ်တစ်ခုဖြင့် ကမ်းလှမ်းထား၍ ဆွေးနွေးနေဆဲဖြစ်သည်ဟု ဒေါက်တာတင်ထူးနိုင်ကဆိုသည်။

လက်ရှိ ကိုဗစ်ကာလဖြစ်၍ မြေပြင်ဆွေးနွေးမူများဆောင်ရွက်ရန် အခက်အခဲများကြောင့် ကြန့်ကြာနေရသည်ဟု ၎င်းကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ အေမရိကန္ Chevron ကုမၸဏီက ေရနံခ်က္စက္႐ုံႏွင့္ ဓာတ္အားေပးစက္႐ုံ တည္ေဆာက္ရန္ ကမ္းလွမ္း

အေမရိကန္စြမ္းအင္ကုမၸဏီႀကီး Chevron၏ လက္ေအာက္ခံကုမၸဏီျဖစ္သည့္ Unocal ကုမၸဏီက ထားဝယ္အထူးစီးပြားေရးဇုန္တြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဆိုင္ရာ စီမံကိန္းမ်ား ရင္းႏွီးျမႇပ္ႏွံရန္ လာေရာက္ ကမ္းလွမ္းထားေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္ခန႔္ခြဲမူေကာ္မတီကထုတ္ျပန္ထားသည္။

Unocal Myanmar Offshore ကုမၸဏီ ဥကၠဌ Mr. Jonathan Perry ဦးေဆာင္ေသာ Chevron and Unocal/Chevron Myanmar မွ ကိုယ္စားလွယ္မ်ားကို ဇုန္ေကာ္မတီဥကၠဌေဒါက္တာထြန္းႏိုင္က Online Video Conferencing ျဖင့္ လက္ခံေတြ႕ဆုံ ေဆြးေႏြးခဲ့သည္ဟု ေကာ္မတီကသတင္းထုတ္ျပန္သည္။

အဆိုပါအေမရိကန္ကုမၸဏီက ေရနံခ်က္စက္႐ုံ၊ LNG ဆိပ္ကမ္းႏွင့္ လွ်ပ္စစ္စက္႐ုံမ်ား ေဆာင္႐ြက္လိုသည္ဟု စက္တင္ဘာ ၁၀ ရက္တြင္ လာေရာက္ကမ္းလွမ္းခဲ့ျခင္းျဖစ္သည္ဟု အဆိုပါေကာ္မတီ၊ အတြင္းေရးမႈး ေဒါက္တာ တင္ထူးႏိုင္ကေျပာသည္။

အေမရိကန္ကုမၸဏီက ထားဝယ္အထူးစီးပြားေရးဇုန္ ဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္ႏွင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဆိုင္ရင္ ရင္းႏွီးတည္ ေဆာက္ႏိုင္မႈေမးျမန္းခဲ့သည္ဟု ေကာ္မတီက ထုတ္ျပန္ထားသည္။

“Unocal က လုပ္ခ်င္တဲ့ အလားအလားကို လာေဆြးေႏြးတာပါ၊ ပေရာဂ်က္ေတြ လုပ္ခ်င္တယ္၊ လုပ္ဖို႔ျဖစ္ႏိုင္၊ မျဖစ္ႏိုင္၊ ဘယ္လို႔လုပ္လို႔ရမယ္ဆိုတာေဆြးေႏြးတာ၊ အဲတာေတြၿပီးမွာ လိုအပ္တဲ့ေလ့လာမူေတြလာမယ္။ ေနာက္မွ စီမံကိန္းအဆိုျပဳတာေတြလာမယ္”ဟု ေဒါက္တာတင္ထူးႏိုင္ကေျပာသည္။

Unocal ကုမၸဏီသည္ အေမရိကန္အေျခစိုက္ စြမ္းအင္ကုမၸဏီႀကီးက လက္ေအာက္ခံကုမၸဏီတစ္ခုျဖစ္ၿပီး တနသၤာရီတိုင္းတြင္ သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးႏွင့္ ပိုက္လိုင္းသြယ္တန္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနသည့္ ကုမၸဏီတစ္ခုျဖစ္သည္။

ထားဝယ္ အထူးစီးပြားေရး ဇုန္တြင္ MCM ကုမၸဏီက ေရနံ ခ်က္စက္႐ုံတည္ေဆာက္ရန္ စီမံကိန္းအႀကိဳ ေဆာင္႐ြက္လို ေၾကာင္း ထားဝယ္အထူးစီးပြား ေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီထံ တင္ျပေတာင္းဆိုထားသည္။

8 MMTA Refinery စီမံ ကိန္းဟု အမည္ေပးထားေသာ ေရနံခ်က္စက္႐ုံလုပ္ငန္းအတြက္ ေျမႏွင့္ ေရရရွိရန္ လာေရာက္ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။ထိုစီမံကိန္းကို တ႐ုတ္ကုမၸဏီမ်ားျဖစ္ သည့္ Yunnan Indo-Pacific Group (Indo-Pacific) ႏွင့္ Zhong'an and CNPC East China Design Institute (CEI)တို႔က ျပည္တြင္းမွ Myanmar Chemical & Machinery ကုမၸဏီ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ သည္။

ထိုစီမံကိန္းအတြက္ ေကာ္မတီႏွင့္ ကုမၸဏီမ်ားၾကား အခ်ိန္ၾကာျမင့္စြာ ေဆြးေႏြးမူရလာဒ္ျဖစ္သည္ဟု ေကာ္မတီ အတြင္းေရးမႉးကဆိုသည္။

ထိုျပင္ ဂ်ပန္ကုမၸဏီမ်ားကလည္း ထားဝယ္အထူးစီးပြားေရးဇုန္တြင္ ေရနံခ်က္စက္႐ုံတည္ေဆာက္လိုေၾကာင္း စီမံကိန္းအဆိုျပဳလႊာငယ္တစ္ခုျဖင့္ ကမ္းလွမ္းထား၍ ေဆြးေႏြးေနဆဲျဖစ္သည္ဟု ေဒါက္တာတင္ထူးႏိုင္ကဆိုသည္။

လက္ရွိ ကိုဗစ္ကာလျဖစ္၍ ေျမျပင္ေဆြးေႏြးမူမ်ားေဆာင္႐ြက္ရန္ အခက္အခဲမ်ားေၾကာင့္ ၾကန႔္ၾကာေနရသည္ဟု ၎ကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service