COVID-19 ကပ်ရောဂါကာလအတွင်း အိမ်ယာဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးဝင်ရောက်ထား - Property News in Myanmar from iMyanmarHouse.com
702 Views

COVID-19 ကပ်ရောဂါကာလအတွင်း အိမ်ယာဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးဝင်ရောက်ထား

[Unicode]

COVID-19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံတွင် အိမ်ယာကဏ္ဍဖွံ့ဖြိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးဝင်ရောက်ခဲ့သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်(ADB) စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ကပ်ရောဂါအတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်၊ အိမ်ယာဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ အများဆုံးဝင်ရောက်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာတစ်ဘီလီယံ ပိုများထားသည်ဟု ထိုထုတ်ပြန်ချက်တွင်ပါဝင်သည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်တတိယ သုံးလပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံအထိ ဝင်ရောက်ထားပြီးဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု အလားအလာကောင်းများရှိသည်ဟုဆိုသည်။

သို့သော်လည်း ကမ္ဘာ့စီးပွားရေးအခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်ရန် အခက်အခဲများရှိနိုင်သည်ဟု ADB ကဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်းများအရ ယခုဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း အိမ်ယာကဏ္ဍနှင့် စက်မှုဇုန်အိမ်ယာကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ဝင်ရောက်ထားသည်။ ခွင့်ပြုခဲ့သည့် လုပ်ငန်း ၈ ခုရှိသည်ဟုဆိုသည်။ ထိုပမာဏသည် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုးဝင်ရောက်ထားသည့် လျှပ်စစ်ကဏ္ဍပြီးလျှင် အများဆုံးဖြစ်သည်။

အိမ်ယာကဏ္ဍ၌ ထိုပမာဏသည် ၂၀၁၇-၂၈ ဘဏ္ဍာနှစ်နောက် ဒုတိယအများဆုံးပမာဏဖြစ်သည်ဟု အဆိုပါဦးစီးဌာနက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အိမ်ယာကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ဝင်ရောက်ထားသည်။

ယခုဘဏ္ဍာနှစ် ၁၁ ကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင်ရောက်ထားပြီး ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုကော်မရှင်က ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြသည်။

ယခုဘဏ္ဍာနှစ်သည် ယခုစက်တင်ဘာတွင်ကုန်ဆုံးတော့မည်ဖြစ်ပြီး လက်ရှိ စက်တင်ဘာ ၄ ရက်အထိ အထက်ပါပမာဏဝင်ရောက်ထားခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၃၀ကျော်ခွင့်ပြုပေးခဲ့သည်ဟု ကော်မရှင်ကထုတ်ပြန်သည်။

ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကို ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဝင်ရောက်မည်ဟု ကော်မရှင်က ခန့်မှန်းထားသည်။

အစိုးရ၏ ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံချက်အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိ တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ ၈ ဒသမ ၅ ဘီလီယံ ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကပ္ေရာဂါကာလအတြင္း အိမ္ယာေဆာက္လုပ္ေရးက႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဒုတိယအမ်ားဆုံးဝင္ေရာက္ထား

COVID-19 ကပ္ေရာဂါကာလအတြင္း ျမန္မာႏိုင္ငံတြင္ အိမ္ယာက႑ဖြံ႕ၿဖိဳးေရးက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ဒုတိယအမ်ားဆုံးဝင္ေရာက္ခဲ့သည္ဟု အာ႐ွဖြံ႕ျဖိဳးေရးဘဏ္(ADB) စက္တင္ဘာ ၁၅ ရက္တြင္ ထုတ္ျပန္သည္။

ကပ္ေရာဂါအတြင္း ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္၊ အိမ္ယာဖြံ႕ျဖိဳးေရးႏွင့္ ကုန္ထုတ္လုပ္မႈက႑မ်ား အမ်ားဆုံးဝင္ေရာက္ခဲ့ၿပီး ယခင္ဘ႑ာႏွစ္ ကာလတူထက္ ေဒၚလာတစ္ဘီလီယံ ပိုမ်ားထားသည္ဟု ထိုထုတ္ျပန္ခ်က္တြင္ပါဝင္သည္။

ျမန္မာႏိုင္ငံ၏ ဘ႑ာႏွစ္တတိယ သုံးလပတ္အထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ေဒၚလာ ၄ ဒသမ ၃ ဘီလီယံအထိ ဝင္ေရာက္ထားၿပီးျဖစ္သည္ဟုဆိုသည္။ ျမန္မာႏိုင္ငံသည္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈဝင္ေရာက္မႈ အလားအလာေကာင္းမ်ား႐ွိသည္ဟုဆိုသည္။

သို႔ေသာ္လည္း ကမ႓ာ့စီးပြားေရးအေျခအေနမ်ားေၾကာင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ထပ္မံဝင္ေရာက္ရန္ အခက္အခဲမ်ား႐ွိႏိုင္သည္ဟု ADB ကဆိုသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫြန္႔ၾကားမႈဦးစီးဌာနက ထုတ္ျပန္ေသာစာရင္းမ်ားအရ ယခုဘ႑ာႏွစ္ ပထမ ၁၀ လအတြင္း အိမ္ယာက႑ႏွင့္ စက္မႈဇုန္အိမ္ယာက႑တို႔တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံခန္႔ဝင္ေရာက္ထားသည္။ ခြင့္ျပဳခဲ့သည့္ လုပ္ငန္း ၈ ခု႐ွိသည္ဟုဆိုသည္။ ထိုပမာဏသည္ ေဒၚလာ ၁ ဒသမ ၆ ဘီလီယံဖိုးဝင္ေရာက္ထားသည့္ လွ်ပ္စစ္က႑ၿပီးလွ်င္ အမ်ားဆုံးျဖစ္သည္။

အိမ္ယာက႑၌ ထိုပမာဏသည္ ၂၀၁၇-၂၈ ဘ႑ာႏွစ္ေနာက္ ဒုတိယအမ်ားဆုံးပမာဏျဖစ္သည္ဟု အဆိုပါဦးစီးဌာနက ထုတ္ျပန္ေသာစာရင္းမ်ားတြင္ေဖာ္ျပထားသည္။ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ အိမ္ယာက႑တြင္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံေက်ာ္ဝင္ေရာက္ထားသည္။

ယခုဘ႑ာႏွစ္ ၁၁ ေက်ာ္အတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေဒၚလာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင္ေရာက္ထားၿပီး ျဖစ္ေၾကာင္း ရင္းႏွီးျမႇပ္ႏွံမႈေကာ္မ႐ွင္က ထုတ္ျပန္ေသာစာရင္းမ်ားတြင္ေဖာ္ျပသည္။

ယခုဘ႑ာႏွစ္သည္ ယခုစက္တင္ဘာတြင္ကုန္ဆုံးေတာ့မည္ျဖစ္ၿပီး လက္႐ွိ စက္တင္ဘာ ၄ ရက္အထိ အထက္ပါပမာဏဝင္ေရာက္ထားျခင္းျဖစ္သည္။

လက္႐ွိအခ်ိန္ထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ ၃၃၀ေက်ာ္ခြင့္ျပဳေပးခဲ့သည္ဟု ေကာ္မ႐ွင္ကထုတ္ျပန္သည္။

ယခုဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏကို ေဒၚလာ ၅ ဒသမ ၈ ဘီလီယံဝင္ေရာက္မည္ဟု ေကာ္မ႐ွင္က ခန္႔မွန္းထားသည္။

အစိုးရ၏ ရင္ႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးစီမံခ်က္အရ ၂၀၂၀-၂၁ ဘ႑ာႏွစ္အထိ တစ္ႏွစ္လွ်င္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံ ဝင္ေရာက္ရန္ ေမွ်ာ္မွန္းထားျခင္းျဖစ္သည္။ ၂၀၂၁-၂၂ ဘ႑ာႏွစ္မွ ၂၀၂၅-၂၆ ဘ႑ာႏွစ္အထိ ၈ ဒသမ ၅ ဘီလီယံ ခန္႔မွန္းထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service