မော်တော်ယာဉ်သုံး LPG ဆိုင်များဖွင့်လှစ်ရန် လိုင်စင်ချပေးမည် - Property News in Myanmar from iMyanmarHouse.com
754 Views

မော်တော်ယာဉ်သုံး LPG ဆိုင်များဖွင့်လှစ်ရန် လိုင်စင်ချပေးမည်

[Unicode]

မော်တော်ယာဉ်သုံး ရေနံဓာတ်ငွေ့ရည် (LPG) ဆိုင်များ စတင်ဖွင့်လှစ်ပေးတော့မည်ဖြစ်၍ လိုင်စင်လျှောက်ထားကြောင်း မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

မော်တော်ယာဉ်သုံး ရေနံဓာတ်ငွေ့ရည် ဖြည့်တင်းဖြန့်ဖြူးရောင်းချရေးလိုင်စင်(Automobile LPG station) အဖြစ် ထုတ်ပေးမည်ဖြစ်ပြီး ထိုလိုင်စင်ကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ ထောက်ခံမှုဖင့် လျှောက်ထားနိုင်သည်ဟု အဆိုပါလုပ်ငန်းက ထုတ်ပြန်သည်။

လျှောက်ထားရာတွင် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများ လျှောက်ထားနိုင်ပြီး ဆိုင်ဖွင့်လှစ်မည့်နေရာအကျယ်နှင့် သို့လှောင်ကန်နှင့် အဆောက်အဦး ဒီဇိုင်းများတင်ပြရမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် LPG ကို မီးဖိုချောင်အသုံးဓာတ်ငွေ့အဖြစ် ရောင်းချခြင်းကို၂၀၁၆ တွင် စတင်ခွင့်ပြုပေးခဲ့ပြီး မော်တော်ယာဉ်များတွင် အသုံးပြုရန် ဝန်ကြီးဌာနက ၂၀၁၈ ကတည်း စီစဉ်ခဲ့ခြင်းဖြစ်သည်။ LPG သည် ဓာတ်ဆီထက် ဈေးသက်သာပြီး CNG ထက် ပမာဏ များများပိုသိုလှောင်နိုင်သည်။ CNG သည် ကားများတွင် ဓာတ်ငွေ့အဖြစ်ဘူးအတွင်း သိုလှောင်ရခြင်းဖြစ်ပြီး LPG က အရည်အဖြစ် သိုလှောင်ရခြင်းဖြစ်သည်။

ပြည်ပမှ အဓိကတင်သွင်းနေရသောစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်နိုင်ရန်အတွက် ရေနံဓါတ် ငွေ့ရည်ဖြစ်သော LPG ကိုမော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရန် လေ့လာပြင်ဆင်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ၂၀၁၈ တွင်ထုတ်ပြန်ကြေငြာခဲ့သည်။

စက်မှုကဏ္ဍ၊ ပို့ဆောင်ရေး ကဏ္ဍ၊ ကျေးလက်နှင့် မြို့ပြမီးဖို ချောင်သုံးကဏ္ဍတို့၌ ရေနံဓာတ် ငွေ့ရည်(LPG) ကို မဟာဗျူဟာ မြောက် စွမ်းအင်အဖြစ် အသုံးပြုနိုင်ရန် မျှော်မှန်းဆောင်ရွက်နေ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

LPG ကို နိုင်ငံအတွင်း ကျယ်ပြန့်စွာသုံးစွဲနိုင်ပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှုလျှော့ချနိုင်ပြီး ထင်းမီး အစားသုံးစွဲနိုင်ခြင်း ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု နှင့် သစ်တောပြုန်းတီးမှုလျှော့ချနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးဌာနက ၂၀၁၈ တွင် အိမ်ထောင်စုတစ်သိန်းခွဲကို LPG ဖြန့်ဖြူးပြီး ၂၀၂၀ တွင်အိမ်ထောင်စုတစ်သန်းအထိ ဖြန့်ဖြူးနိုင်ရန် ရည်မှန်းထားသည်။

ဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် LPG ရောင်းချခြင်းကို၂၀၁၇ ဒီဇင်ဘာကုန်တွင် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုနှင့် ရတနာကုမ္ပဏီကို စတင်ခွင့်ပြုခဲ့သည်။

ထိုကဲ့သို့ LPG ဖြင့် မော်တော်ယာဉ်များမောင်းနှင်အသုံးပြုခြင်းကို ၁၉၉၀ပြည်လွန်နှစ်များက အငှါးယာဉ်အစီးရေထောင်ဂဏန်းနှင့် က.ပ.ရ(ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန)ကားများ တွင် အသုံးပြုခဲ့ကြောင်းလည်းသိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေမာ္ေတာ္ယာဥ္သုံး LPG ဆိုင္မ်ားဖြင့္လွစ္ရန္ လိုင္စင္ခ်ေပးမည္

ေမာ္ေတာ္ယာဥ္သုံး ေရနံဓာတ္ေငြ႕ရည္ (LPG) ဆိုင္မ်ား စတင္ဖြင့္လွစ္ေပးေတာ့မည္ျဖစ္၍ လိုင္စင္ေလွ်ာက္ထားေၾကာင္း ျမန္မာ့ေရနံႏွင့္ ဓာတုေဗဒလုပ္ငန္းက စက္တင္ဘာ ၁၄ ရက္တြင္ ထုတ္ျပန္သည္။

ေမာ္ေတာ္ယာဥ္သုံး ေရနံဓာတ္ေငြ႕ရည္ ျဖည့္တင္းျဖန္႔ျဖဴးေရာင္းခ်ေရးလိုင္စင္(Automobile LPG station) အျဖစ္ ထုတ္ေပးမည္ျဖစ္ၿပီး ထိုလိုင္စင္ကို တိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ား၏ ေထာက္ခံမႈဖင့္ ေလွ်ာက္ထားႏိုင္သည္ဟု အဆိုပါလုပ္ငန္းက ထုတ္ျပန္သည္။

ေလွ်ာက္ထားရာတြင္ လူပုဂၢိဳလ္ႏွင့္ ကုမၸဏီမ်ား ေလွ်ာက္ထားႏိုင္ၿပီး ဆိုင္ဖြင့္လွစ္မည့္ေနရာအက်ယ္ႏွင့္ သို႔ေလွာင္ကန္ႏွင့္ အေဆာက္အဦး ဒီဇိုင္းမ်ားတင္ျပရမည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ LPG ကို မီးဖိုေခ်ာင္အသုံးဓာတ္ေငြ႕အျဖစ္ ေရာင္းခ်ျခင္းကို၂၀၁၆ တြင္ စတင္ခြင့္ျပဳေပးခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ားတြင္ အသုံးျပဳရန္ ဝန္ႀကီးဌာနက ၂၀၁၈ ကတည္း စီစဥ္ခဲ့ျခင္းျဖစ္သည္။ LPG သည္ ဓာတ္ဆီထက္ ေဈးသက္သာၿပီး CNG ထက္ ပမာဏ မ်ားမ်ားပိုသိုေလွာင္ႏိုင္သည္။ CNG သည္ ကားမ်ားတြင္ ဓာတ္ေငြ႕အျဖစ္ဘူးအတြင္း သိုေလွာင္ရျခင္းျဖစ္ၿပီး LPG က အရည္အျဖစ္ သိုေလွာင္ရျခင္းျဖစ္သည္။

ျပည္ပမွ အဓိကတင္သြင္းေနရေသာစက္သုံးဆီေဈးကြက္ကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ေရနံဓါတ္ ေငြ႕ရည္ျဖစ္ေသာ LPG ကိုေမာ္ေတာ္ယာဥ္မ်ားတြင္ အသုံးျပဳႏိုင္ရန္ ေလ့လာျပင္ဆင္လ်က္႐ွိေၾကာင္းလွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန က ၂၀၁၈ တြင္ထုတ္ျပန္ေၾကျငာခဲ့သည္။

စက္မႈက႑၊ ပို႔ေဆာင္ေရး က႑၊ ေက်းလက္ႏွင့္ ၿမိဳ႕ျပမီးဖို ေခ်ာင္သုံးက႑တို႔၌ ေရနံဓာတ္ ေငြ႕ရည္(LPG) ကို မဟာဗ်ဴဟာ ေျမာက္ စြမ္းအင္အျဖစ္ အသုံးျပဳႏိုင္ရန္ ေမွ်ာ္မွန္းေဆာင္႐ြက္ေန ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာၾကားထားသည္။

LPG ကို ႏိုင္ငံအတြင္း က်ယ္ျပန္႔စြာသုံးစြဲႏိုင္ပါက လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈေလွ်ာ့ခ်ႏိုင္ျပီး ထင္းမီး အစားသုံးစြဲႏိုင္ျခင္း ေၾကာင့္ ပတ္ဝန္းက်င္ညစ္ညမ္းမႈ ႏွင့္ သစ္ေတာျပဳန္းတီးမႈေလွ်ာ့ခ်ႏိုင္ရန္ျဖစ္သည္ဟု ဆိုသည္။

ဝန္ႀကီးဌာနက ၂၀၁၈ တြင္ အိမ္ေထာင္စုတစ္သိန္းခြဲကို LPG ျဖန္႔ျဖဴးၿပီး ၂၀၂၀ တြင္အိမ္ေထာင္စုတစ္သန္းအထိ ျဖန္႔ျဖဴးႏိုင္ရန္ ရည္မွန္းထားသည္။

ဝန္ႀကီးဌာနက ျမန္မာႏိုင္ငံတြင္ LPG ေရာင္းခ်ျခင္းကို၂၀၁၇ ဒီဇင္ဘာကုန္တြင္ ပါရမီစြမ္းအင္ကုမၸဏီမ်ားအုပ္စုႏွင့္ ရတနာကုမၸဏီကို စတင္ခြင့္ျပဳခဲ့သည္။

ထိုကဲ့သို႔ LPG ျဖင့္ ေမာ္ေတာ္ယာဥ္မ်ားေမာင္းႏွင္အသုံးျပဳျခင္းကို ၁၉၉၀ျပည္လြန္ႏွစ္မ်ားက အငွါးယာဥ္အစီးေရေထာင္ဂဏန္းႏွင့္ က.ပ.ရ(ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာန)ကားမ်ား တြင္ အသုံးျပဳခဲ့ေၾကာင္းလည္းသိရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service