မဂ္ဂါဝပ် ၁၀၀၀ ကျော်ထုတ်လုပ်မည့် ဆိုလာစက်ရုံစီမံကိန်းများကို တရုတ်ကုမ္ပဏီများသာ တင်ဒါအောင်နိုင်ခြေရှိနေ - Property News in Myanmar from iMyanmarHouse.com
1082 Views

မဂ္ဂါဝပ် ၁၀၀၀ ကျော်ထုတ်လုပ်မည့် ဆိုလာစက်ရုံစီမံကိန်းများကို တရုတ်ကုမ္ပဏီများသာ တင်ဒါအောင်နိုင်ခြေရှိနေ

[Unicode]

မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်မည့် နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံများ ပထမအဆင့်တင်ဒါ အောင်မြင်သည့် ကုမ္ပဏီရှစ်ခုအနက် ခုနစ်ခုမှာ တရုတ်ကုမ္ပဏီများဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တင်ဒါစည်းမျဉ်းအရ လျှပ်စစ်ဓာတ်အားခကို ဈေးနှုန်းအနည်းဆုံးဖြင့် ပြန်လည် ရောင်းချပေးမည့် ကုမ္ပဏီများကို အရင်ဦးစားပေး ရွေးချယ်မည်ဖြစ်ရာ နေရောင်ခြည် စွမ်းအင်သုံး တင်ဒါ ဈေးနှုန်းအဆိုပြုချက်လေလံတွင် တရုတ်ကုမ္ပဏီများသည် ထိပ်ဆုံးက ရွေးချယ်ခံထားရသည်။

နေရောင်ခြည်သုံးစက်ရုံ ၃၀ ကိုတည်ဆောက်၊ လည်ပတ်၊ ပိုင်ဆိုင် (BOO) စနစ်ဖြင့် တည်ဆောက်ရန်ဝန်ကြီးဌာနက ပြီးခဲ့သည့်မေလတွင် တင်ဒါခေါ်ယူခဲ့ ခြင်းဖြစ်သည်။

ထိုစက်ရုံ ၃၀ တွင် ၂၉ ခုကို ပထမအဆင့် တင်ဒါရွေးချယ်ရာတွင် တရုတ်ကုမ္ပဏီ ၂၈ ခုရရှိထား ပြီး ဂျာမနီကုမ္ပဏီက တစ်ခုရရှိထားသည်။

တရုတ်ကုမ္ပဏီ Sungrow Power Supply ကုမ္ပဏီကချောင်းကူး၊ကျွန်းချောင်း၊ မြင်းခြံ၊ သဲဖြူ၊ မင်းလှ၊ ဥသျှစ်ပင်၊ ရွှေတောင်၊ ငှက်ပျောတိုင်နှင့် ရွှေမြို့စသည့် စက်ရုံကိုးခုကို လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။

China Machinery Engineering Corporation က ချောက်၊ ဗုဒ္ဓကုန်း၊ ကမာနတ်၊ နေ ပြည်တော်-၂၊ ပုသိမ်၊ ကျိုက်လတ်၊ အသုတ်နှင့် မြန်အောင်တို့ ရှိ စက်ရုံရှစ်ခုကို လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

ဂျာမနီကုမ္ပဏီ LB Vogt Gmbh နှင့်ပြည်တွင်း Kyaw Su Thway ကုမ္ပဏီတို့က လက်ပံလှ စက်ရုံကို လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ပြည်တွင်းရွှေတောင် ကုမ္ပဏီကလည်း တရုတ်ကုမ္ပဏီများဖြင့်ပေါင်း၍ စက်ရုံသုံးခုလုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ကျန်စက်ရုံများသည်လည်း တရုတ်ကုမ္ပဏီများက လုပ်ကိုင်ခွင့်ရမည်ဟုဆိုသည်။ဘီးလင်းရှိ စက်ရုံကို ပထမအဆင့် တင်ဒါရွေးချယ်ထားခြင်း မရှိပေ။

ထိုစီမံကိန်းများကိုစိတ်ဝင်စား၍ ကုမ္ပဏီများက လျှောက်လွှာ ၁၅၀ကျော်တင်ပြခဲ့သည်။ တရုတ်ကုမ္ပဏီများ လျှပ်စစ်တစ်ယူနစ်ကို ကျပ် ၅၀မှ ၁၄၀ကြားဖြင့် ရောင်းချရန် တင်ပြခဲ့ခြင်းဖြစ်သည်ဟု စွမ်းအင်အသိုင်းအဝိုင်း ကဆိုသည်။

ဆိုလာပါဝါ တင်ဒါစိစစ်ရေးအဖွဲ့ဝင်သော အကြီးတန်းအရာရှိတဦးက ဆိုလာပါဝါစီမံကိန်းများအတွက် တရုတ်ကုမ္ပဏီများကိုသာ ဦးစားပေး ရွေးချယ်ခြင်းမဟုတ်ဘဲ တင်ဒါစည်းမျဉ်းအရ ဈေးနှုန်း အနည်းဆုံးဖြစ်သော သူကိုသာ ဦးစားပေးခြင်းဖြစ်ကြောင်း၊ ထိုစီမံကိန်းများသည် ကုမ္ပဏီများကသာ အပြည့်အဝ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ထွက်ရှိလာသည့် ဓာတ်အားကို အစိုးရက ဝယ်ယူမည်ဖြစ်ခြင်းကြောင့် အကြောင်းတစုံတခု ဖြစ်ပေါ်လာခဲ့ရင် ကုမ္ပဏီများဘက်ကသာ ဆုံးရှုံးနိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

၎င်းက “စီမံကိန်းတခုချင်းကို ဈေးနှုန်းအလိုက် အဆင့်ဆင့်သတ်မှတ်ထားပြီး ကုမ္ပဏီတွေကိုရွေးထားတယ်။ အနည်းဆုံးကနေ အများဆုံးပေါ့။ အခု ပထမအဆင့် ကုမ္ပဏီတွေနဲ့ PPA (Power Purchase Agreement) ဆက်ဆွေးနွေးမယ်။ အဆင်မပြေဘူးဆိုရင် ဒုတိယအဆင့်က ကုမ္ပဏီနဲ့ ထပ်ဆွေးနွေးသွားမယ်” ဟု ဆိုသည်။

အဆိုပါ ဆိုလာပါဝါစီမံကိန်း ၁ ခုစီအတွက် တင်ဒါအောင်ကုမ္ပဏီသည် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရမည်ဖြစ်သလို တင်ဒါအောင်မြင်ပြီး ၆ လအတွင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုစီမံကိန်းများကို ဝန်ကြီးဌာနက လာမည့် ၂၀၂၀-၂၁ နွေရာသီတွင် လိုအပ်လာနိုင်မည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းဖြစ်၍ နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြပြီး ထိုအထဲတွင် အိန္ဒိယ၊ ကိုရီးယား၊ အမေရိကန် နှင့် ဥရောပကုမ္ပဏီများပါဝင်သည်။ ယင်းစက်ရုံများသည် မဂ္ဂါဝပ် ၃၀ မှ ၅၀ ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံများဖြစ်ပြီး မဂ္ဂါဝပ် ၁,၀၀၀ ကျော်ထုတ်လုပ် ရန်ဖြစ်သည်။

ထိုစီမံကိန်းများသည် မဟာဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ရန် ဖြစ်ပြီး ပြည်တွင်း၌ ဆောင်ရွက်နေသည့် အသေးစားစီမံကိန်းအဆင့်မဟုတ်ပေ။စီမံကိန်းများကို နေပြည် တော်၊ မကွေး၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တည်ဆောက်ရမည်ဖြစ်သည်

ထိုစီမံကိန်းများသည် ဓာတ်အားခွဲရုံများရှိသည့် နေရာများတွင် တည်ဆောက်မည်ဖြစ်ပြီး ထိုမှသာ ဓာတ်အားသွယ်တန်းရန် အဆင်ပြေမည်ဟုဆိုသည်။ဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ၃၃ ကေဗီ ဓာတ်အားခွဲရုံသည် မဂ္ဂါဝပ် ၃၀ စက်ရုံများဖြင့် ချိတ်ဆက်ရန်နှင့် ၆၆ ကေဗီသည် မဂ္ဂါဝပ် ၄၀ နှင့် ၅၀ စက်ရုံများဖြင့် ချိတ်ဆက်ရန်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

မဂၢါဝပ္ ၁၀၀၀ ေက်ာ္ထုတ္လုပ္မည့္ ဆိုလာစက္႐ုံစီမံကိန္းမ်ားကို တ႐ုတ္ကုမၸဏီမ်ားသာ တင္ဒါေအာင္ႏိုင္ေျခ႐ွိေန

မဂၢါဝပ္ ၁,၀၀၀ ေက်ာ္ ထုတ္လုပ္မည့္ ေနေရာင္ျခည္သုံးဓာတ္အားေပးစက္႐ုံမ်ား ပထမအဆင့္တင္ဒါ ေအာင္ျမင္သည့္ ကုမၸဏီ႐ွစ္ခုအနက္ ခုနစ္ခုမွာ တ႐ုတ္ကုမၸဏီမ်ားျဖစ္သည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၏ တင္ဒါစည္းမ်ဥ္းအရ လွ်ပ္စစ္ဓာတ္အားခကို ေဈးႏႈန္းအနည္းဆုံးျဖင့္ ျပန္လည္ ေရာင္းခ်ေပးမည့္ ကုမၸဏီမ်ားကို အရင္ဦးစားေပး ေ႐ြးခ်ယ္မည္ျဖစ္ရာ ေနေရာင္ျခည္ စြမ္းအင္သုံး တင္ဒါ ေဈးႏႈန္းအဆိုျပဳခ်က္ေလလံတြင္ တ႐ုတ္ကုမၸဏီမ်ားသည္ ထိပ္ဆုံးက ေ႐ြးခ်ယ္ခံထားရသည္။

ေနေရာင္ျခည္သုံးစက္႐ုံ ၃၀ ကိုတည္ေဆာက္၊ လည္ပတ္၊ ပိုင္ဆိုင္ (BOO) စနစ္ျဖင့္ တည္ေဆာက္ရန္ဝန္ႀကီးဌာနက ၿပီးခဲ့သည့္ေမလတြင္ တင္ဒါေခၚယူခဲ့ ျခင္းျဖစ္သည္။

ထိုစက္႐ုံ ၃၀ တြင္ ၂၉ ခုကို ပထမအဆင့္ တင္ဒါေ႐ြးခ်ယ္ရာတြင္ တ႐ုတ္ကုမၸဏီ ၂၈ ခုရ႐ွိထား ၿပီး ဂ်ာမနီကုမၸဏီက တစ္ခုရ႐ွိထားသည္။

တ႐ုတ္ကုမၸဏီ Sungrow Power Supply ကုမၸဏီကေခ်ာင္းကူး၊ကြၽန္းေခ်ာင္း၊ ျမင္းျခံ၊ သဲျဖဴ၊ မင္းလွ၊ ဥသွ်စ္ပင္၊ ေ႐ႊေတာင္၊ ငွက္ေပ်ာတိုင္ႏွင့္ ေ႐ႊႊျမိဳ႕စသည့္ စက္႐ုံကိုးခုကို လုပ္ကိုင္ခြင့္ရမည္ ျဖစ္သည္။

China Machinery Engineering Corporation က ေခ်ာက္၊ ဗုဒၶကုန္း၊ ကမာနတ္၊ ေန ျပည္ေတာ္-၂၊ ပုသိမ္၊ က်ိဳက္လတ္၊ အသုတ္ႏွင့္ ျမန္ေအာင္တို႔ ႐ွိ စက္႐ုံ႐ွစ္ခုကို လုပ္ကိုင္ခြင့္ရမည္ျဖစ္သည္။

ဂ်ာမနီကုမၸဏီ LB Vogt Gmbh ႏွင့္ျပည္တြင္း Kyaw Su Thway ကုမၸဏီတို႔က လက္ပံလွ စက္႐ုံကို လုပ္ကိုင္ခြင့္ရမည္ျဖစ္သည္။ ျပည္တြင္းေ႐ႊေတာင္ ကုမၸဏီကလည္း တ႐ုတ္ကုမၸဏီမ်ားျဖင့္ေပါင္း၍ စက္႐ုံသုံးခုလုပ္ကိုင္ခြင့္ရမည္ျဖစ္သည္။က်န္စက္႐ုံမ်ားသည္လည္း တ႐ုတ္ကုမၸဏီမ်ားက လုပ္ကိုင္ခြင့္ရမည္ဟုဆိုသည္။ဘီးလင္း႐ွိ စက္႐ုံကို ပထမအဆင့္ တင္ဒါေ႐ြးခ်ယ္ထားျခင္း မ႐ွိေပ။

ထိုစီမံကိန္းမ်ားကိုစိတ္ဝင္စား၍ ကုမၸဏီမ်ားက ေလွ်ာက္လႊာ ၁၅၀ေက်ာ္တင္ျပခဲ့သည္။ တ႐ုတ္ကုမၸဏီမ်ား လွ်ပ္စစ္တစ္ယူနစ္ကို က်ပ္ ၅၀မွ ၁၄၀ၾကားျဖင့္ ေရာင္းခ်ရန္ တင္ျပခဲ့ျခင္းျဖစ္သည္ဟု စြမ္းအင္အသိုင္းအဝိုင္း ကဆိုသည္။

ဆိုလာပါဝါ တင္ဒါစိစစ္ေရးအဖြဲ႕ဝင္ေသာ အႀကီးတန္းအရာ႐ွိတဦးက ဆိုလာပါဝါစီမံကိန္းမ်ားအတြက္ တ႐ုတ္ကုမၸဏီမ်ားကိုသာ ဦးစားေပး ေ႐ြးခ်ယ္ျခင္းမဟုတ္ဘဲ တင္ဒါစည္းမ်ဥ္းအရ ေဈးႏႈန္း အနည္းဆုံးျဖစ္ေသာ သူကိုသာ ဦးစားေပးျခင္းျဖစ္ေၾကာင္း၊ ထိုစီမံကိန္းမ်ားသည္ ကုမၸဏီမ်ားကသာ အျပည့္အဝ ရင္းႏွီးျမႇဳပ္ႏွံရမည္ျဖစ္ၿပီး ထြက္႐ွိလာသည့္ ဓာတ္အားကို အစိုးရက ဝယ္ယူမည္ျဖစ္ျခင္းေၾကာင့္ အေၾကာင္းတစုံတခု ျဖစ္ေပၚလာခဲ့ရင္ ကုမၸဏီမ်ားဘက္ကသာ ဆုံး႐ႈံးႏိုင္မည္ျဖစ္သည္ဟု ၎ကဆိုသည္။

၎က “စီမံကိန္းတခုခ်င္းကို ေဈးႏႈန္းအလိုက္ အဆင့္ဆင့္သတ္မွတ္ထားၿပီး ကုမၸဏီေတြကိုေ႐ြးထားတယ္။ အနည္းဆုံးကေန အမ်ားဆုံးေပါ့။ အခု ပထမအဆင့္ ကုမၸဏီေတြနဲ႔ PPA (Power Purchase Agreement) ဆက္ေဆြးေႏြးမယ္။ အဆင္မေျပဘူးဆိုရင္ ဒုတိယအဆင့္က ကုမၸဏီနဲ႔ ထပ္ေဆြးေႏြးသြားမယ္” ဟု ဆိုသည္။

အဆိုပါ ဆိုလာပါဝါစီမံကိန္း ၁ ခုစီအတြက္ တင္ဒါေအာင္ကုမၸဏီသည္ အနည္းဆုံး အေမရိကန္ေဒၚလာ သန္း ၂၀ မွ သန္း ၃၀ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ရမည္ျဖစ္သလို တင္ဒါေအာင္ျမင္ၿပီး ၆ လအတြင္း လုပ္ငန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမည္ျဖစ္သည္။

ထိုစီမံကိန္းမ်ားကို ဝန္ႀကီးဌာနက လာမည့္ ၂၀၂၀-၂၁ ေႏြရာသီတြင္ လိုအပ္လာႏိုင္မည့္ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္ ရည္႐ြယ္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ပထမဦးဆုံး ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္စီမံကိန္းျဖစ္၍ ႏိုင္ငံတကာစြမ္းအင္ကုမၸဏီမ်ားက ရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္စားၾကၿပီး ထိုအထဲတြင္ အိႏၵိယ၊ ကိုရီးယား၊ အေမရိကန္ ႏွင့္ ဥေရာပကုမၸဏီမ်ားပါဝင္သည္။ ယင္းစက္႐ုံမ်ားသည္ မဂၢါဝပ္ ၃၀ မွ ၅၀ ထုတ္လုပ္မည့္ ဓာတ္အားေပးစက္႐ုံမ်ားျဖစ္ၿပီး မဂၢါဝပ္ ၁,၀၀၀ ေက်ာ္ထုတ္လုပ္ ရန္ျဖစ္သည္။

ထိုစီမံကိန္းမ်ားသည္ မဟာဓာတ္အားလိုင္းျဖင့္ ခ်ိတ္ဆက္ရန္ ျဖစ္ၿပီး ျပည္တြင္း၌ ေဆာင္႐ြက္ေနသည့္ အေသးစားစီမံကိန္းအဆင့္မဟုတ္ေပ။စီမံကိန္းမ်ားကို ေနျပည္ ေတာ္၊ မေကြး၊ မႏၲေလး၊ ပဲခူး၊ စစ္ကိုင္း၊ ရန္ကုန္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ တည္ေဆာက္ရမည္ျဖစ္သည္

ထိုစီမံကိန္းမ်ားသည္ ဓာတ္အားခြဲ႐ုံမ်ား႐ွိသည့္ ေနရာမ်ားတြင္ တည္ေဆာက္မည္ျဖစ္ၿပီး ထိုမွသာ ဓာတ္အားသြယ္တန္းရန္ အဆင္ေျပမည္ဟုဆိုသည္။ဝန္ႀကီးဌာနက ထုတ္ျပန္ရာတြင္ ၃၃ ေကဗီ ဓာတ္အားခြဲ႐ုံသည္ မဂၢါဝပ္ ၃၀ စက္႐ုံမ်ားျဖင့္ ခ်ိတ္ဆက္ရန္ႏွင့္ ၆၆ ေကဗီသည္ မဂၢါဝပ္ ၄၀ ႏွင့္ ၅၀ စက္႐ုံမ်ားျဖင့္ ခ်ိတ္ဆက္ရန္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service