လက်ရှိအစိုးရ သက်တမ်းလေးနှစ်ကျော်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များက အိမ်ယာကဏ္ဍတွင်အများဆုံး ရင်းနှီးမြှုပ်နှံထား - Property News in Myanmar from iMyanmarHouse.com
671 Views

လက်ရှိအစိုးရ သက်တမ်းလေးနှစ်ကျော်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များက အိမ်ယာကဏ္ဍတွင်အများဆုံး ရင်းနှီးမြှုပ်နှံထား

[Unicode]

လက်ရှိအစိုးရသက်တမ်းအတွင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများသည် အိမ်ယာကဏ္ဍကိုအများဆုံး ရင်းနှီးမြှုပ်နှံထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

လက်ရှိအစိုးရ တာဝန်ယူသည့် ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၂၀ ဇူလိုင်လအထိဖြစ်ပြီး ထိုကာလအတွင်း အိမ်ယာစီမံကိန်းများတွင် ကျပ် ဘီလီယံ ၃၀၀၀ ဖိုးခန့်ရင်းနှီးမြှုပ်နှံထားကြသည်ဟု အထက်ပါဦးစီးဌာနက၏ စာရင်းများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အိမ်ယာကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီးနောက် ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင်လည်း အစဉ်လိုက်အများရင်းနှီးမြှုပ်နှံထားသည်ဟု အဆိုပါဌာနက ဆိုသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြသည်ဟု ဌာနက ထုတ်ပြန်ထားသော စာရင်းများတွင်ဖော်ပြထားသည်။

လက်ရှိအစိုးရ သက်တမ်းအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၆၀ ခန့်ရှိပြီး စုစုပေါင်း ကျပ်ဘီလီယံ ၉၈၀၀ကျော်ရှိသည်ဟုဆိုသည်။ ထိုထဲတွင် အိမ်ယာကဏ္ဍသည် ၃၀ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်သည်။

ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် ကျပ် ဘီလီယံ ၁ ၇၀၀ကျော်ဖိုး ရင်းနှီးမြှုပ်နှံထားသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

ထိုပမာဏသည် ၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ စက်တင်ဘာ လဆန်းအထိ ဝင်ရောက်ခဲ့သည့်ပမာဏဖြစ်ပြီး ယခင်နှစ် ကာလတူထက် ကျပ် ဘီလီယံ ၃၀၀ ပိုမိုဝင်ရောက်ခဲ့သည်ဟု ဝန်ကြီးကပြောသည်။

“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေက ကျပ်ဘီလီယံ ၁၇၀၀ ကိုကျော်နေပါပြီ၊ ဒါကမနှစ်ကဘဏ္ဍာနှစ်ကာလတူထက် ကျပ်ဘီလီယံ ၃၀၀ ပိုထားတာပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ၎င်း၏ လူမှုကွန်ယက်တွင်ရေးသားထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်းများအရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၄ ခုကို ထိုကာလအတွင်းခွင့်ပြုခဲ့သည်ဟုဆိုသည်။ ထိုကာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း ကျပ်ဘီလီယံ ၁၈၅၀ကျော်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထိုပြင် အာမခံကုမ္ပဏီ ၂၄ ခုကလည်း ဒေါ်လာသန်း ၁၅၀ကျော်နှင့် ကျပ် ၆၇ ဘီလီယံမတည်ထားသေးသည်ဟု အဆိုပါဌာနကဆိုသည်။

ဝန်ကြီးက မြန်မာနိုင်ငံတွင် ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၁ ဘီလီယံဖိုးဝင်ရောက်ထားသည်ဟုလည်းဆိုသည်။ ထိုထဲတွင် အထူးစီးပွားရေးဇုန်တွင် ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုများလည်းပါသည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လက္႐ွိအစိုးရ သက္တမ္းေလးႏွစ္ေက်ာ္အတြင္း ျပည္တြင္းလုပ္ငန္း႐ွင္မ်ားက အိမ္ယာက႑တြင္အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထား

လက္႐ွိအစိုးရသက္တမ္းအတြင္း ျပည္တြင္း ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ အိမ္ယာက႑ကိုအမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားသည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫြန္႔ၾကားမႈဦးစီးဌာနက ထုတ္ျပန္ေသာ စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

လက္႐ွိအစိုးရ တာဝန္ယူသည့္ ၂၀၁၆ ဧၿပီ ၁ ရက္မွ ၂၀၂၀ ဇူလိုင္လအထိျဖစ္ၿပီး ထိုကာလအတြင္း အိမ္ယာစီမံကိန္းမ်ားတြင္ က်ပ္ ဘီလီယံ ၃၀၀၀ ဖိုးခန္႔ရင္းႏွီးျမႇဳပ္ႏွံထားၾကသည္ဟု အထက္ပါဦးစီးဌာနက၏ စာရင္းမ်ားတြင္ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသည္ အိမ္ယာက႑တြင္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားၿပီးေနာက္ ဝန္ေဆာင္မႈ၊ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားတြင္လည္း အစဥ္လိုက္အမ်ားရင္းႏွီးျမႇဳပ္ႏွံထားသည္ဟု အဆိုပါဌာနက ဆိုသည္။ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံထားၾကသည္ဟု ဌာနက ထုတ္ျပန္ထားေသာ စာရင္းမ်ားတြင္ေဖာ္ျပထားသည္။

လက္႐ွိအစိုးရ သက္တမ္းအတြင္း ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေပါင္း ၅၆၀ ခန္႔႐ွိၿပီး စုစုေပါင္း က်ပ္ဘီလီယံ ၉၈၀၀ေက်ာ္႐ွိသည္ဟုဆိုသည္။ ထိုထဲတြင္ အိမ္ယာက႑သည္ ၃၀ ရာခိုင္ႏႈန္းခန္႔ျဖင့္ အမ်ားဆုံးျဖစ္သည္။

ယခုဘ႑ာႏွစ္ ၁၁ လအတြင္း ႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈသည္ က်ပ္ ဘီလီယံ ၁ ၇၀၀ေက်ာ္ဖိုး ရင္းႏွီးျမႇဳပ္ႏွံထားသည္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

ထိုပမာဏသည္ ၂၀၁၉ ေအာက္တိုဘာ ၁ ရက္မွ ၂၀၂၀ စက္တင္ဘာ လဆန္းအထိ ဝင္ေရာက္ခဲ့သည့္ပမာဏျဖစ္ၿပီး ယခင္ႏွစ္ ကာလတူထက္ က်ပ္ ဘီလီယံ ၃၀၀ ပိုမိုဝင္ေရာက္ခဲ့သည္ဟု ဝန္ႀကီးကေျပာသည္။

“ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈေတြက က်ပ္ဘီလီယံ ၁၇၀၀ ကိုေက်ာ္ေနပါၿပီ၊ ဒါကမႏွစ္ကဘ႑ာႏွစ္ကာလတူထက္ က်ပ္ဘီလီယံ ၃၀၀ ပိုထားတာပါ”ဟု ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ၎၏ လူမႈကြန္ယက္တြင္ေရးသားထားသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫြန္႔ၾကားမႈဦးစီးဌာနက ထုတ္ျပန္ေသာစာရင္းမ်ားအရ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေပါင္း ၁၂၄ ခုကို ထိုကာလအတြင္းခြင့္ျပဳခဲ့သည္ဟုဆိုသည္။ ထိုကာလအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္ျခင္းအပါအဝင္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈသည္ စုစုေပါင္း က်ပ္ဘီလီယံ ၁၈၅၀ေက်ာ္႐ွိသည္ဟုလည္း ထုတ္ျပန္ထားသည္။

ထိုျပင္ အာမခံကုမၸဏီ ၂၄ ခုကလည္း ေဒၚလာသန္း ၁၅၀ေက်ာ္ႏွင့္ က်ပ္ ၆၇ ဘီလီယံမတည္ထားေသးသည္ဟု အဆိုပါဌာနကဆိုသည္။

ဝန္ႀကီးက ျမန္မာႏိုင္ငံတြင္ ယခုဘ႑ာႏွစ္ ၁၁ လအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေဒၚလာ ၅ ဒသမ ၁ ဘီလီယံဖိုးဝင္ေရာက္ထားသည္ဟုလည္းဆိုသည္။ ထိုထဲတြင္ အထူးစီးပြားေရးဇုန္တြင္ ခြင့္ျပဳထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလည္းပါသည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service